ခန့်ကြားကျော့ရှင်းတဲ့ အမျိုးသားတစ်ယောက်ဖြစ်ဖို့ တစ်ကိုယ်ရေသန့်ရှင်းမှုရဲ့ အခန်းကဏ္ဍကလည်း မပါမဖြစ်အရေးပါပါတယ်။တစ်ကိုယ်ရေသန့်ရှင်းရေးဆိုတာ ရေပုံမှန်ချိုးရုံလောက်နဲ့တော့လုံလောက်တဲ့အရာတစ်ခုမဟုတ်ပါဘူး။ဒါကြောင့်ဒီနေ့မှာတော့ အမျိုးသားတိုင်းမမေ့ထားသင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ အကြံပြုချက်တွေကို မျှဝေပေးချင်ပါတယ်။

(၁) ခံတွင်းရနံ့ကို ဂရုစိုက်ပါ

 smiling shirtless man with tooth brush isolated on grey

Photo : Freepik

နေ့စဉ်နဲ့အမျှ လူတွေနဲ့ ထိတွေ့ဆက်ဆံစကားပြောရတဲ့အခါ ခံတွင်းရနံ့က အင်မတန်မှ အရေးပါလှပါတယ်။ဘလောက်ဈေးကြီးတဲ့ဝတ်စုံတွေ အသုံးဆောင်ပစ္စည်းတွေသုံးထားပါစေ ခံတွင်းရနံ့ ခပ်ဆိုးဆိုးထွက်နေရင်တော့ လူတွေက သင့်နောက်ကွယ်မှာ နှာခေါင်းရံှု့နေကြမှာသေချာပါတယ်။ ဒါကြောင့် တစ်နေ့ကို မနက်တစ်ကြိမ် ညတစ်ကြိမ် သွားပုံမှန်တိုက်ပေးသင့်ပြီး ၆ လတစ်ကြိမ်လောက်တော့ သွားကျန်းမာရေးစစ်ဆေးမှုခံယူသင့်ပါတယ်။

(၂) အမွှေးအမျှင်တွေကိုဖယ်ရှားပါ

man with shaving foam on face holding disposable razor in bathroom

Photo : Freepik

မျက်နှာပေါ်က အမွှေးအမျှင် ငုပ်စိလေးတွေဟာ သင့်ရဲ့ ရုပ်သွင်ပြင်ကိုထိခိုက်စေပါတယ်။ ဒါကြောင့် မုတ်ဆိတ်မွေး နှုတ်ခမ်းမွေးရိတ်တဲ့အခါ အမွှေးအမျှင်ငုပ်တိုလေးတွေကို သေချာရှင်းလင်းဖို့လိုပါတယ်။နောက်ထပ်တစ်ခုရှိတာက နှာခေါင်းမွေးပါ။ နှာခေါင်းမွေးအရှည်ကြီး ထွက်နေတာက အင်မတန်မှ ရုပ်ဆိုးစေပါတယ်။ဒါကြောင့် နှာခေါင်းမွှေးတွေရှည်နေတဲ့အခါ မမေ့မလျော့ဘဲ ညှပ်ပစ်ဖို့ အကြံပြုချင်ပါတယ်။

(၃) တစ်ကိုယ်ရည်သုံးပစ္စည်းတွေကို စနစ်တကျအသုံးပြုပါ

man shaving with straight razor isolated on grey

Photo : Freepik

တစ်ကိုယ်ရည်သုံးပစ္စည်းတွေဖြစ်တဲ့ မုတ်ဆိတ်ရိတ်ဓား ချွေးနံ့ပျောက်ဆေး မျက်နှာသစ်ဆေး ဘီး စတဲ့အရာတွေကို တစ်ယောက်တည်းသီးသန့် သေချာစနစ်တကျအသုံးပြုသင့်ပါတယ်။သူငယ်ချင်းတွေ မိသားစုတွေနဲ့ ဝေမျှအသုံးပြုခြင်းကိုအတက်နိုင်ဆုံးရှောင်သင့်ပါတယ်။မုတ်ဆိတ်ရိတ်ဓားလို ပစ္စည်းမျိုးတွေဆိုရင်လည်း တစ်ခါသုံးဖြစ်ပါကအသုံးပြုပြီးတာနဲ့ ပစ်လိုက်ပါ။တခြားသော အတွင်းခံဘောင်းဘီ ခြေအိတ်စတဲ့ ပစ္စည်းတွေကိုလည်း လောလောဆယ်အသုံးမပြုသေးတဲ့အခါမှာ သေချာလျော်ဖွတ်ပြီး သိမ်းဆည်းထားပါ။

(၄) ဆံပင်စတိုင်ကိုအလေးထားပါ

barber in latex gloves holding hair comb while styling hair of man

Photo : Freepik

လူတစ်ယောက်ကိုအများကြီးပြောင်းလဲသွားစေတာက ဆံပင်ပဲဖြစ်ပါတယ်။ဆံပင်ကသေသေသပ်သပ်မရှိ ညှင်းသိုးသိုးဖြစ်နေမယ်ဆိုရင် ရုပ်ထွက်မှာမဟုတ်သလို ကြည့်ကောင်းမှာလည်း မဟုတ်ပါဘူး။ဒါကြောင့် ကိုယ့်ရဲ့ မျက်နှာပုံစံနဲ့ လိုက်ဖက်မယ့် ဆံပင်စတိုင်ကိုသေချာမှတ်ထားပြီး ဆံပင်အရှည်မခံဘဲ ၁ လတစ်ကြိမ်လောက်တော့ အမြဲပုံသွင်းနေဖို့ လိုအပ်ပါတယ်။

Featured Photo : Freepik