ဟောလိဝုဒ်အနုပညာရှင်တွေမှာ သူတို့ဝါသနာပါတဲ့အနုပညာလုပ်ငန်းတွေမှာအောင်မြင်ခဲ့ရုံသာမက စွန့်ဦးစီးပွားရေးလုပ်ငန်းတွေကိုပါ အောင်မြင်အောင်လုပ်ကိုင်နေသူတွေရှိပါတယ်။ အခုပြောပြပေးမှာကတော့ အနုပညာလောကမှ စီးပွားရေးလောကကိုကူးပြောင်းပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေလုပ်ဆောင်ခဲ့တဲ့ အနုပညာရှင် (၅)ဦး အကြောင်းပါ။

Jay-Z

jay-z

Photo : People.com

နောက်ဆုံးတယောက်ကတော့ Jay-Z ပါ။ ဟစ်ဟော့ဂီတလောကမှာ အအောင်မြင်ဆုံးဖြစ်ခဲ့တဲ့ Jay-Z က Roc-A-Fella အင်ပါယာရဲ့ တွဲဖက်တည်ထောင်သူလဲဖြစ်ပါတယ်။ Roc-A-Fella အင်ပါယာမှာ အဝတ်အစားကစ ရုပ်ရှင်အထိပါဝင်ပါတယ်။ ဒါ့အပြင်သူက Tidal လို့အမည်ရတဲ့ သီချင်းဝန်ဆောင်မှုလုပ်ငန်းရဲ့ပိုင်ရှင်လဲဟုတ်ပါသေးတယ်။

Nicole Richie

nicole richie

Photo : The Fix

နီကိုးလ်ရစ်ချီကို ပဲရစ်ဟီလ်တန်ရဲ့အကောင်းဆုံးသူငယ်ချင်းဆိုတာ သူမတို့ရဲ့ပရိသတ်တိုင်းသိကြပါတယ်။ သူတို့နှစ် ယောက်ရဲ့ TV show တွေ ဖျော်ဖြေတင်ဆက်မှုတွေကလဲ အရမ်းကိုအောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် သူမကဒီအောင် မြင်မှုတွေကိုစွန့်ပြီး House of Harlow ဆိုတာ လက်ဝတ်ရတနာကုမ္မဏီကိုတည်ထောင်သူဘဝကို ရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့်လို့ လက်ဝတ်ရတနာလုပ်ငန်းနဲ့လည်းအောင်မြင်မှုတွေရရှိခဲ့ပါတယ်တဲ့။

Victoria Beckham

Victoria Beckham

Photo : ABC News

တချိန်က ဗစ်တိုးရီးယားဘက်ခမ်းဟာ ဗြိတိန်အမျိုးသမီးအဆိုတော်၅ယောက်အဖွဲ့ဖြစ်တဲ့ Spice Girl အဖွဲ့ရဲ့ အဖွဲ့ဝင် ဟောင်းပါ။ ဒါပေမယ့် သူမဟာနာမည်ကျော်အဆိုတော်လောကနေ စီးပွားရေးလောကကိုကူးပြောင်းခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် လန်ဒန်မှာ ဗစ်တိုးရီးယားကသူမရဲ့ပထမဆုံးဖက်ရှင်ဆိုင်ကိုဖွင့်ခဲ့ပါတယ်။ အဲ့ဒီကစပြီး ဖက်ရှင်လောကမှာ သူ့မ နာမည်နဲ့အဝတ်အထည်တွေ ကမ္ဘာတဝန်းကိုဖြန့်ချီခဲ့ပါတယ်။

George Clooney

george clooney

Photo : GQ

နောက်တယောက်ကတော့ မင်းသားကြီးဂျော့ကလူးနီပါ။ ဂျော့ကလူးနီကို သရုပ်ဆောင်အလွန်တော်တဲ့မင်းသားကြီး တလက်အဖြစ် အားလုံးကသတ်မှတ်ပြီးသားပါ။ ဒါပေမယ့် သူကသရုပ်ဆောင်တင်တော်တာမဟုတ်ပါဘူး သူ့ကိုယ်ပိုင် တက်ကီလာအရက်ကုမ္မဏီကိုတည်ထောင်ခဲ့ပြီး မကြာသေးခင်ကဒေါ်လာအမြတ်အစွန်းများစွာနဲ့တဆင့်ပြန်လည် ရောင်းချခဲ့ပါတယ်။

Jessica Alba

jessica alba

Photo : Quote

Fantastic Four, Honey စတဲ့ရုပ်ရှင်တွေနဲ့ နာမည်ကျော်ခဲ့တဲ့ ဂျက်ဆီကာအယ်လ်ဘာကိုသင်သိကောင်းသိမှာပါ။ ဒါပေမယ့် သူမကသရုပ်ဆောင်ပညာတင်မကပါဘူူး၂၀၁၂ ခုနှစ်က သဘာဝကုန်ပစ္စည်းမျိုးစုံထုတ်လုပ်တဲ့ Honest Company တည်ထောင်ပြီး စွန့်ဦးတီထွင်စီးပွားရေးလောကထဲကိုစတင်ဝင်ရောက်ခဲ့ပါတယ်။ သဘာဝပစ္စည်းတွေ ကိုသာအခြေခံထုတ်လုပ်တဲ့ ကလေးသုံးပစ္စည်းတွေထုတ်လုပ်ပြီး ဂျက်ဆီကာအယ်လ်ဘာရဲ့ Honest Company စီးပွားရေးဟာအောင်မြင်ခဲ့ပါတယ်။

Featured Photo : GQ