လမ်းကြမ်းမောင်း Off-Roaders ကားတွေကို ခရီးသွားကားတွေလို့ ဆိုစမှတ်ပြုကြပါတယ်။ ပုံမှန်ကားတွေထက် အရုန်းအဆွဲကောင်းတဲ့ လေးဘီးယက်တွေ ဖြစ်လို့ တော်ရုံကား မသွားနိုင်တဲ့ လမ်းမျိုးကို ခရီးထွက်ရတော့မယ်ဆိုရင် Off-Roader တွေက ဆရာကြီးတစ်ပါးပါပဲ။

ဒါကြောင့်ပဲ ခရီးသွားတော့မယ်ဆိုရင် လွတ်လပ်မှုအပြည့် ၊ အဆွဲအရုန်းကောင်းပြီး သက်တောင့်သက်သာရှိတဲ့ Off-Roader တွေကို အရင်ဆုံး ပြေးပြီး သတိရကြတာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ တောလမ်းခရီးထွက်ဖြစ်သူတွေအတွက် အကောင်းဆုံး လမ်းကြမ်းမောင်းကားတွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) Land Rover Defender

Land Rover Defender

Photo: Ape ToGentleman

အကြမ်းပတမ်း အားမနာတမ်း သုံးနိုင်တဲ့ Off-Road ကားတစ်စီးက Land Rover Defender ဖြစ်ပါတယ်။ Land Rover တွေရဲ့ အစဉ်အလာအတိုင်း လမ်းကြမ်းတွေကို လန့်စရာမလိုဘဲ သာသာယာယာ ဖြတ်ကျော်နိုင်မယ့် Rugged Vehicle ဖြစ်ပြီး အင်ဂျင်ကို V8 ဒီဇယ်အင်ဂျင်သစ် သုံးလာပါတယ်။ ကျယ်ပြန့်တဲ့ အလူမီနီယံစက်ဖုံးအောက်မှာ Plug-In Hybrid လာပါတယ်။

(၂) Jeep Wrangler

Jeep Wrangler

Photo: Ape ToGentleman

Jeep တွေကတော့ Off-Roader တွေထဲမှာ ထိပ်ဆုံးက ထားပြောရတဲ့ ကားတွေပါ။ Jeep Wrangler တွေဟာ လမ်းကြမ်းမောင်းဖို့ စိတ်ချရတဲ့ ကားတစ်စီးဖြစ်ပြီး ခရီးလမ်းပိုင်းအတွက် အဆင်ပြေစေမယ့် Features တွေလည်း ထည့်ထားပါတယ်။ အမိုးနဲ့ တံခါးဖွင့်စနစ်အပြင် လေကာမှန်တွေပါ ဖြုတ်နိုင်အောင် ထုတ်ထားတာပါ။ တံခါး၂ ပေါက် ၄ ပေါက်ဆိုပြီး ထွက်ထားပါတယ်။

(၃) Suzuki Jimny

Suzuki Jimny

Photo: Ape ToGentleman

ဂျပန်ကားကုမ္ပဏီ Suzuki ရဲ့ အကောင်သေးသေး အဆိပ်ပြင်းပြင်း လမ်းကြမ်းမောင်းကားတစ်မျိုးက Suzuki Jimny ဖြစ်ပါတယ်။ Jimny ဟာ 1.5L အင်ဂျင် ALLGRIP Pro 4WD system နဲ့လာပြီး 4 Speed Auto Gearbox ပါပါတယ်။ ရှေ့ တံခါးနှစ်ပေါက်နဲ့ နောက်ဖုံးတံခါး ဆိုပြီး 3 Door ဒီဇိုင်းနဲ့ လာပါတယ်။

(၄) Toyota Land Cruiser 300

Toyota Land Cruiser 300

Photo: Ape ToGentleman

Toyota Land Cruiser တွေကို ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ ကုလသမဂ္ဂအဖွဲ့အစည်းတွေကနေ ရုရှားသူဌေးကြီးတွေအတွက် ကျည်ကာမှန်တပ်ထားတဲ့ ကားအဖြစ်ပါ သုံးလာခဲ့တာပါ။ အခုချိန်ထိလည်း Toyota ရဲ့ Land Cruiser မော်ဒယ်တွေကို လူကြိုက်များနေဆဲ ဖြစ်ပါတယ်။ Toyota Land Cruiser 300 ဟာ လမ်းမရွေးတမ်း မောင်းလို့ ကောင်းပြီး နောက်ဆုံးပေါ် နည်းပညာသစ်တွေနဲ့ ထွက်လာတဲ့ မော်ဒယ်သစ်လည်း ဖြစ်ပါတယ်။

(၅) Ford Ranger Raptor

Ford Ranger Raptor

Photo: Ape ToGentleman

Ford Ranger Raptor ထရပ်တွေဟာ ကြံ့ခိုင်မှုအကောင်းဆုံး Off-Road ကားတွေအဖြစ် သတ်မှတ်ထားပါတယ်။ ၂.၀ လီတာ တာဘိုနှစ်လုံးတပ်ထားပြီး ၅ ယောက်လိုက်ပါ စီးနင်းနိုင်ပါတယ်။ Ford တွေရဲ့ ထုံးစံ ဈေးကတော့ လက်လန်အောင် မြောက်ပါလိမ့်မယ်။

Featured Photo: Ape ToGentleman