သင့်ရဲ့ဘဝကို သင် ဘယ်လို တွေးမြင်ခံစားမိပါသလဲ။ ရေထည့်ထားတဲ့ဖန်ခွက်က တစ်ဝက်ပဲ ရေရှိတယ်လို့ ထင်ပါသလား။ ဒါမှမဟုတ် ရေတစ်ဝက်အပြည့် ဖြည့်ထာားတယ်လို့ မြင်ပါသလား။ သင့်ရဲ့အမြင်က သင့်ရဲ့ဘဝကို အဆုံးအဖြတ်ပေးနိုင်ပါတယ်။
တကယ်လို့ သင့်မှာ အဆိုးမြင်ဝါဒီများသာ ပြည့်နှက်နေမယ်ဆိုရင် သင့်ရဲ့ဘဝသည်လည်း စိတ်ညစ်စရာများနှင့်သာ ပြည့်နှက်နေမှာပါ။ အခုဆက်လက်ဖော်ပြပေးမယ့်အချက်များကို ကြည့်မယ်ဆိုရင် ဘာ့ကြောင့် သင့်ရဲ့အဆိုးမြင်ဝါဒီကို ရပ်တန်းက ရပ်သင့်သလဲဆိုတာကို သိမြင်သွားပါလိမ့်မယ်။
အကောင်းမြင်စိတ်သည် ပိုမိုကျန်းမာစေပါတယ်
ရေများများသောက်ခြင်း၊ လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်း၊ အာဟာရမျှတသော အစားအစာများ စားသုံးခြင်းသည် ကျန်းမာရေးအတွက် ကောင်းမွန်စေသလိုပဲ အကောင်းမြင်စိတ်ရှိခြင်းသည်လည်း သင့်ရဲ့ကျန်းမာရေးကို တိုးမြှင့်ပေးပါတယ်။ ထိုအကောင်းမြင်စိတ်ကြောင့်ပဲ ကိုယ်ခံစွမ်းအား တက်လာပြီး စိတ်ဖိစီးမှုကိုလည်း လျော့ချပေးနိုင်ပါတယ်။
အနာဂတ်အတွက် ကောင်းမွန်ခြင်း
အကောင်းမြင်စိတ်ရှိခြင်းသည် သင့်ရဲ့ကမ္ဘာကို ပွင့်လင်းစေပါတယ်။ မကောင်းမြင်စိတ်များအပေါ်တွင် အာရုံထားမိနေပါက အတိတ်မှာပဲ ပိတ်မိနေမှာဖြစ်ပြီး အနာဂတ်အတွက်လည်း တက်လမ်းရှိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ သင်သည် အကောင်းမြင်စိတ်များကို ခံစားမိနေမယ်ဆိုရင်တော့ ကောင်းသေးာ စိတ်ခံဏားချက်များ၊ ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှု၊ အနာဂတ်အတွက် မျှော်လင့်ခြင်း အစရှိသည်တို့ကို ခံစားရပါလိမ့်မယ်။
တီထွင်ဖန်တီးနိုင်စွမ်း မြင့်မားလာခြင်း
အကောင်းမြင်စိတ်နှင့် တီထွင်ဖန်တီးနိုင်စွမ်းတို့သည် တစ်ခုနှင့်တစ်ခု ဒွန်တွဲနေတာပါ။ သင့်အနေနဲ့ အဆိုးမြင်စိတ်များနေပြီး စိတ်ဖိစီးမှုများနေပါက ဦးနှောက်က တီထွင်ကြံဆနိုင်စွမ်း လျော့ကျနေပါတယ်။ ဒါ့ကြောင့် မိမိရဲ့တီထွင်နိုင်စွမ်းကို မြင့်မားလာအောင် ကြံဆောင်ချင်တယ်ဆိုရင်တော့ အရာအားလုံးအပေါ် အကောင်းမြင်စိတ်မွေးမြူဖို့လိုပါတယ်။
ဒါဆိုရင် အကောင်းမြင်စိတ်ကို ဘယ်လိုမွေးမြူရမလဲ။
ပြုံးပါ
ပြုံးချင်စိတ်မရှိရင်တောင်မှ ဟန်ဆောင်ပြုံးပေးပါ။ များများပြုံးပေးလိုက်တဲ့အခါ အပြုံးက သင့်ဦးနှောက်က ပျော်ရွှင်စေတဲ့ဟော်မုန်းများ များများထုတ်လွှတ်ပေးအောင် ကူညီပေးနိုင်ပါတယ်။
ကူညီရိုင်းပင်းပါ
အခြားသူများကို ကူညီရိုင်းပင်းခြင်းသည် ပီတိများကို ခံစားရစေပြီး ကောင်းမွန်တဲ့ စိတ်ခံစားချက်များကိုလည်း ခံစားရစေပါတယ်။ တစ်နေ့လျှင် အကူအညီလိုသူတစ်ယောက်ကို တစ်ကြိမ်ခန့် ကူညီပေးရုံမျှနဲ့တင် သင့်ရဲ့စိတ်ခံစားချက်များ ကောင်းမွန်လာစေပါတယ်။
Source: Everydaypower.com
Featured Image Source: Positivepsychology.com