အချိန်ဆွဲတတ်တဲ့အကျင့်သည် လူတိုင်းမှာ ရှိပါတယ်။ ဒါဆိုရင် ထိုအကျင့်ကို ဘာ့ကြောင့် ဂရုစိုက်ဖို့ လိုနေမှာလဲ။

သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ဂရုစိုက်မယ်ဆိုရင်တော့ ထိုအကျင့်ကို သေချာဂရုစိုက်ဖို့လိုပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အချိန်ဆွဲခြင်းကြောင့် စိတ်ကျရောဂါ၊ အိမ်မပျော်တဲ့ရောဂါနှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါများကို ခံစားရစေလို့ပါပဲ။

အချိန်ဆွဲတတ်တဲ့အကျင့်ကြောင့် မိမိကိုယ်ကိုယ် ယုံကြည်မှုကျဆင်းပြီး မိမိသည် အခြားသူများကို အမြဲတမ်း မှီခိုနေရတယ်ဆိုတဲ့ စိတ်ခံစားချက်ကို ခံစားရစေပါတယ်။

မကောင်းမှန်းသိနေပေမယ့် ဘာ့ကြောင့် လူတွေက ထိုအကျင့်ကို ဖျောက်ဖျက်မရဖြစ်နေကြတာလဲ။

ပြောင်းလဲရမှာကို ကြောက်လို့

success and procrastinate

ရလာဒ်ကောင်းတွေ ရရှိချင်ပေမယ့် သင့်ရဲ့မသိစိတ်က အပြောင်းအလဲကို ကြောက်ရွံ့ပြီး အချိန်ဆွဲတတ်ပါတယ်။ ကိုယ့်ရဲ့အကျင့်စရိုက်ပြောင်းလဲသွားမှာ ကိုယ် မသိတဲ့ ကိုယ် ဖြစ်သွားမှာကို ကြောက်ရွံ့တာကြောင့် အချိန်ဆွဲဖြစ်သွားပါတယ်။

ထိုကြောက်ရွံ့စိတ်ကို ဘယ်လိုဖျောက်ဖျက်ရမလဲ။ နေ့ရက်တိုင်းမှာ သေးငယ်သောအရာကနေ စတင်ပြောင်းလဲကြည့်ပါ။ ဘယ်လောက်ပဲ သေးငယ်နေပါစေ အချိန်ကြာလာတဲ့အခါ သင့်ဘဝအတွက် ကြီးမားတဲ့ပြောင်းလဲမှုကြီးဖြစ်သွားပါလိမ့်မယ်။

ဘာလုပ်ရမယ်မှန်းမသိလို့

man doesn't know what to do

ကိစ္စတစ်ခုကို ဘယ်လိုလုပ်ရမယ်မှန်းမသိတဲ့အချိန်မှာလည်း ကျွန်တော်တို့သည် အချိန်ဆွဲတတ်ကြပါတယ်။ ထိုဘာလုပ်ရမယ်မှန်း မသိတဲ့စိတ်က သင့်ကို မွန်းကြပ်စေပြီး မိမိကိုယ်ကိုယ် စိတ်ပျက်စေပါတယ်။

ဒါဆိုရင် ထိုအရာကို ဘယ်လိုကျော်လွှားရမလဲ။

ကိုယ် မသိသေးတဲ့အရာတွေအတွက် လေ့လာသင်ယူပါ။ အစပိုင်းမှာ ဘာမှမသိသေးတာ မလုပ်တတ်သေးတာက ဖြစ်လေ့ဖြစ်ထရှိတဲ့အရာတစ်ခုပါ။ ဒါ့ကြောင့် အရည်အချင်းအသစ်ကို တတ်မြောက်ဖို့ လေ့လာသင်ယူပါ။ တဖြည်းဖြည်းနဲ့ အချိန်ဆွဲတတ်တဲ့အကျင့် ပျောက်သွားအောင် လေ့ကျင့်ပါ။

အာရုံစိုက်နိုင်စွမ်းမရှိလို့

man can't focus

ကိုယ့်မှာ လုပ်စရာအလုပ်တွေ များနေတဲ့အချိန်မှာ ဘယ်အရာကို အာရုံစိုက်ရမယ်မှန်းမသိ ဖြစ်တတ်ပါတယ်။ တခါတလေကျရင်လည်း လုပ်စရာအလုပ်တွေကြောင့် ခြေကုန်လက်ပမ်းကျပြီး အချိန်ဆွဲတတ်ပါတယ်။

ဒါဆိုရင် အာရုံစိုက်နိုင်စွမ်းမရှိခြင်း၊ ခြေကုန်လက်ပမ်းကျခြင်းကို ဘယ်လိုဖြေဖျောက်ရမလဲ။

ခဏတာလောက် ထိုင်နေပါ (သို့) လှဲလျောင်းလိုက်ပါ။ ထို့နောက် မိနစ် ၃၀ မှ မိနစ် ၆၀ အထိ ကိုယ် ကြားတဲ့အရာကိုပဲ အာရုံစိုက်ပါ။ ထို့နောက် နောက်ထပ် မိနစ် ၃၀ မှ မိနစ် ၆၀ အထိ ကိုယ် မြင်တဲ့အရာတွေကိုပဲ အာရုံစိုက်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့အာရုံစူးစိုက်နိုင်စွမ်း တဖြည်းဖြည်း မြင့်တက်လာပါလိမ့်မယ်။

နောက်ဆုံးအချိန်မှ အနီးကပ်ထလုပ်ရတာကို ကြိုက်လို့

busy man

အနီးကပ်မှ ထလုပ်တဲ့အခါ အလုပ်မြန်မြန်ပြီးမှ ကိုယ့်ရဲ့စွမ်းဆောင်ရည်ည်း ပိုတက်တယ်လို့ သင် ထင်မြင်တတ်ပါတယ်။ တကယ်တော့ ထိုကဲ့သို့ ပြုလုပ်ခြင်းက သင့်ကို စိတ်ဖိစီးမှုပိုများစေပါတယ်။

ထိုအကျင့်ကို ဖျောက်ဖျက်ချင်တယ်ဆိုရင်တော့ အချိန်ဇယား သေချာရေးဆွဲထားဖို့ပါပဲ။ ကိုယ် ရေးဆွဲထားတဲ့အချိန်ဇယားအတိုင်း သေချာလိုက်လုပ်ဖို့လည်း လိုပါလိမ့်မယ်။

အရာရာတိုင်းမှာ ပြီးပြည့်စုံချင်လို့

man with a big smile

အချို့လူတွေက ကိုယ်လုပ်လိုက်တဲ့အရာက မကောင်းမွန်တဲ့အခါ ဝေဖန်ခံရမှာကို ကြောက်ရွံ့ကြပါတယ်။ ဒီလိုနဲ့ပဲ တဖြည်းဖြည်း အချိန်ဆွဲရင်း ကိုယ်က အရာအားလုံးကို ပြီးပြည့်စုံအောင် ပြုလုပ်နိုင်မယ့်အချိန်ကျမှ ကောက်ကာ ငင်ကာ ထလုပ်တတ်ကြပါတယ်။

အရာရာတိုင်းမှာ ပြီးပြည့်စုံတဲ့လူဆိုတာ မရှိပါဘူး။ လူတိုင်းမှာ အားနည်းချက်ကိုယ်စီရှိကြပါတယ်။ ထိုအချက်ကို လက်ကိုင်ထားပါ။ အခြားသူတွေရဲ့ဝေဖန်တိုက်ခိုက်မှုတွေကို ကြောက်ရွံ့နေစရာမလိုပါဘူး။ ကိုယ် လုပ်စရာရှိတာပဲ ကိုယ် အာရုံစိုက်ပါ။ ကိုယ့်အချိန်နဲ့ကိုယ် ဖြည်းဖြည်းမှန်မှန်ပြုလုပ်လိုက်မယ်ဆိုရင် အချိန်ဆွဲတတ်တဲ့အကျင့်လည်း ပျောက်ပျက်သွားပါလိမ့်မယ်။

Source: Everydaypower.com

Featured Image Source: Arvigbusiness.com