လွတ်လပ်ပေါ့ပါးသောဖက်ရှင်စတိုင်လ်မျိုးကိုမှ ကြိုက်နှစ်သက်တဲ့ ယောကျာ်းများအတွက် ဘောင်းဘီတိုဖက်ရှင်သည် အရွေးချယ်သင့်ဆုံးဖက်ရှင်တစ်ခုဖြစ်ပါတယ်။

ဘောင်းဘီတိုဖက်ရှင်သည် နွေရာသီအတွက် သင့်တော်ရုံသာမကဘဲ မိုးရာသီနှင့်လည်း လိုက်ဖက်တဲ့ ဖက်ရှင်တစ်မျိုးပါ။ ရာသီမရွေးဝတ်ဆင်နိုင်တဲ့ ထိုဘောင်းဘီတိုကို ဘယ်လိုဖက်ရှင်မျိုးနဲ့ တီထွင်ဝတ်ဆင်နိုင်မလဲ။

ဖက်ရှင် (၄) မျိုး၊ စတိုင်လ် (၄) မျိုးဖြင့် ရှိုးထုတ်နိုင်ပါတယ်။

ပေါ့ပေါ့ပါးပါးဖက်ရှင်

shorts fashion style

လူငယ်စတိုင်လ် ဖန်တီးချင်တယ်ဆိုရင်တော့ ဂျင်းဘောင်းဘီတို တစ်ထည်ကို တီရှည်တစ်ထည် (သို့) Sweatshirt တစ်ထည်နဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ဖိနပ်ကိုတော့ ကြိုးသိုင်းဖိနပ် (သို့) ခြေညှပ်ဖိနပ် (သို့) ကွင်းထိုးဖိနပ်မျိုးနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ဦးထုပ်ကလည်း မပါမဖြစ်ဖက်ရှင်တစ်ခုပါ။ လျှာထိုးဦးထုပ်နဲ့လည်း ဝတ်ဆင်နိုင်သလို လျှာဝိုင်းဦးထုပ်များကိုလည်း ဝတ်ဆင်နိုင်ပါတယ်။

ဂေါ့ဖ်ရိုက်ထွက်တဲ့ ဖက်ရှင်မှသည် ဒင်နာပွဲတက်ဖက်ရှင်များအထိ

shorts fashion style

ဂေါ့ဖ်ရိုက်ထွက်မယ်ဆိုရင်တော့ သင့်ရဲ့ရှပ်အင်္ကျီကို အရောင်မျိုးစုံဖြင့် ရိုက်နှိပ်ထားတဲ့ Printed တီရှပ်များ ရွေးချယ်နိုင်ပြီး ဒင်နာပွဲတက်ဖက်ရှင်များကိုတော့ အစင်းကျား ဆွယ်တာရှပ်အင်္ကျီမျိုး ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။

ဂေါ့ဖ်ရိုက်တဲ့အခါ နေကာမျက်မှန်သည် မပါမဖြစ်ပါပဲ။ ဖိနပ်ကိုတော့ Sneakers ဖိနပ်များ ရွေးချယ်နိုင်ပြီး ဒင်နာပွဲအတွက်တော့ ရှူးဖိနပ်မျိုးကို ရွေးချယ်နိုင်ပါတယ်။

ရုံးသွားရုံးတက်ဖက်ရှင်

shorts fashion style

ရုံးသွားရုံးတက်ဖက်ရှင်မှာတော့ ဘောင်းဘီတိုဖက်ရှင်သည် သင့်ရဲ့ရုံးစည်းကမ်းအရ ကွဲပြားသွားနိုင်ပါတယ်။ အချို့ရုံးများကလည်း တစ်ပတ်လျှင် တစ်ရက်ခန့် မိမိကြိုက်နှစ်သက်ရာဖက်ရှင်မျိုးကို ဝတ်ဆင်ခွင့်ပေးထားပါတယ်။ ဒါဆိုရင်တော့ အခုပုံမှာ ပြထားတဲ့ ဖက်ရှင်မျိုးကို ရွေးချယ်နိုင်ပါတယ်။

အားကစားဖက်ရှင်

shorts fashion style

အားကစားပြုလုပ်တဲ့အခါ ပေါ့ပါးလွတ်လပ်မှုသည် အဓိကအကျဆုံးပါပဲ။ ဒါ့အပြင် အားကစားပြုလုပ်ချင်စိတ် Motivation လည်း ရှိဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် အရောင် ထိုင်းထိုင်းမှိုင်းမှိုင်းဖက်ရှင်မျိုး ရွေးချယ်တာထက်စာရင် အရောင်တောက်တောက်ဖက်ရှင်များကို ဦးစားပေးရွေးချယ်သင့်ပါတယ်။

Source: Trunkclub.com

Featured Image Source: Dmarge.com