အခုခေတ်မှာ ယောင်္ကျားလေးတွေလည်း ယောဂတန်းတွေ ဝင်ရမှာ မတွန့်ကြတော့ပါဘူး။ ယောဂကစားခြင်းဟာ အကြောအချဉ်တွေ ပြေလျော့ပြီး ၊ ကြွက်သားတွေ သန်မာစေသလို စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုပေးတဲ့ အကျိုးကျေးဇူးတွေကြောင့်လည်း အမျိုးသမီးအများစု တက်ကြတဲ့ Yoga Classes တွေမှာ ယောင်္ကျားတွေလည်း ဝင်ကစားလာတာ ဖြစ်ပါတယ်။
ယောဂကစားတော့မယ်လို့ ဆုံးဖြတ်ထားတဲ့ အမျိုးသားတွေအဖို့ ယောဂလှုပ်ရှားမှုတွေကို သက်တောင့်သက်သာနဲ့ လွယ်လင့်တကူ လုပ်ဆောင်နိုင်အောင် ကူညီပေးတဲ့ Yoga Pants တွေ ဝတ်ကြဖို့လည်း အကြံပေးချင်ပါတယ်။ ယောဂဘောင်းဘီတွေက လွတ်လပ်ပေါ့ပါးပြီး ကြိုက်သလို ကွေးနိုင် ဆန့်နိုင်တဲ့ ဘောင်းဘီတွေ ဖြစ်သလို အကြမ်းပတမ်းလည်း ခံတာကြောင့် ယောဂကစားမယ့် ယောင်္ကျားတွေမှာ အနည်းဆုံးတစ်ထည်လောက်တော့ ဝယ်ထားသင့်ပါတယ်။
တခြားဖက်ရှင်တွေလိုပဲ ယောဂဘောင်းဘီတွေမှာလည်း အမျိုးမျိုး အစားစား ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ အခုနှစ်အတွက် နာမည်ကြီးတဲ့ Yoga Pants တချို့အကြောင်း မျှဝေပေးသွားမှာပါ။
(၁) Lululemon Intent Pants

Photo: fashionbeans
Lululemon အမှတ်တံဆိပ်ကို ယောဂဖက်ရှင်တွေထဲမှာ လူသိများပါတယ်။ ဆန်းသစ်တီထွင်မှုရှိတဲ့ အားကစားသမားဝတ် ဘောင်းဘီမျိုးဖြစ်ပြီး ဆွဲသား Jogger နဲ့ ဆင်ပေမယ့် ဘောင်းဘီအောက်အနားခေါက် ခြေစီးက ပိုကြီးပါတယ်။ Boot-Cut စတိုင် ယောဂဘောင်းဘီဖြစ်လို့ ဒီဇိုင်း အချိုးလှပြီး ကိုယ်လုံးအလှကိုလည်း ပေါ်လွင်စေမယ့် Pant တစ်ခုပါပဲ။
(၂) prAna Men’s Sutra Pants

Photo: fashionbeans
prAna ဟာ Casual ၊ ခရီးသွားနဲ့ Activewear ဖက်ရှင်တွေထုတ်တဲ့ Brand ဖြစ်ပါတယ်။ prAna ရဲ့ အမျိုးသားဝတ် Sutra Pants တွေဟာ သက်တောင့်သက်သာရှိပြီး ဆွဲဆန့်နိုင်တဲ့ လျှော်နဲ့ ပိုလီအီစတာသားတွေနဲ့ ထုတ်ထားတာပါ။ လျှော်ဖွပ်ချိန်မှာ ခြောက်သွေ့မှု မြန်ဆန်သလို ချွေးနံလိုမျိုး ကိုယ်နံ့ဆိုးတွေကိုလည်း လျှော့ချပေးနိုင်စွမ်း ရှိပါတယ်။
(၃) OHMME Dharma Graphite

Photo: fashionbeans
OHMME ဟာ ယောဂကစားမယ့် အမျိုးသားတွေအတွက် အထူးထုတ်ထားတဲ့ Brand ဖြစ်ပြီး ယောဂကစားချိန်မှာ လွယ်လပ်ပေါ့ပါးမှုနဲ့ စတိုင်ကြည့်ကောင်းမှုတို့ကို အသားပေးထားတာပါ။ Dharma Graphite ဘောင်းဘီဟာ ကွေးရဆန့်ရ ၊ လှုပ်ရရှားရလွယ်ကူပြီး အသားကောင်းလို့ အကြမ်းလည်း ခံပါတယ်။ စိုထိုင်းဆကို စုပ်နိုင်တဲ့နည်းပညာပါလို့ အခြောက်မြန်သလို ချွေးလည်း စုပ်နိုင်ပါတယ်။
(၄) Nike Dri-FIT

Photo: fashionbeans
Nike Dri-FIT ဘောင်းဘီက ရုတ်တရပ်ကြည့်ရင် ပုံမှန် Sweat Pant တစ်ခုလိုပါပဲ။ ဒါပေမယ့် ဒီဘောင်းဘီဟာ နူးညံ့တဲ့ ဂျာစီချည်နဲ့ လာပြီး ခြေထောက်အောက်ကို ရှုးသွားပါတယ်။ Nike ရဲ့ Dri-FITနည်းပညာကလည်း ချွေးစုပ်နိုင်ပြီး ခြောက်သွေ့မှု မြန်သလို သက်တောင့်သက်သာလည်း ရှိပါတယ်။
Featured Photo: fashionbeans
