အမျိုးသား ဆံပင်ကေနဲ့ ပတ်သက်လာရင် ဆံပင်အတိုစတိုင်လ်တွေက ပိုမိုစတိုင်လ်ကျပြီး ယောကျာ်းပိုဆန်တဲ့အတွက်ကြောင့် ရေပန်းပိုစားပါတယ်။ ဆံပင်အတိုစတိုင်လ်သည် ထိန်းသိမ်းရလွယ်ကူပြီး အလွယ်တကူ ပုံသွင်းနိုင်တဲ့အတွက်ကြောင့် ယောကျာ်းများက ဆံပင်တိုတိုသာ ညှပ်ထားလေ့ရှိကြပါတယ်။
ဆံပင်အတိုစတိုင်လ် အမျိုးမျိုးရှိတဲ့အတွက်ကြောင့် ဘယ်ဆံပင်စတိုင်လ်ကို ရွေးချယ်ရမှန်းမသိ စဉ်းစားရကြပ်နေတဲ့ ယောကျာ်းများအတွက် စတိုင်လ်ကျလှပစေမယ့် ဆံပင်စတိုင်လ်အချို့ကို ဖော်ပြပေးလိုက်ရပါတယ်။
သင့်အနေနဲ့ မိမိစိတ်ကြိုက် ဆံပင်စတိုင်လ်ကို ရွေးချယ်ပြီး ညှပ်နိုင်ပါတယ်။ ညှပ်ပြီးသွားတဲ့အခါမှာလည်း ခေါင်းလိမ်းဂျယ်လ်နဲ့ ဆံပင်စတိုင်လ်အမျိုးမျိုး ပုံသွင်းနိုင်ပါတယ်။
Source: Menshairstylestoday.com