ယောကျာ်းတစ်ယောက်ကို စမတ်ကျစေတဲ့ Accessory တွေထဲမှာ Sunglasses တွေလည်း ပါပါတယ်။ ရုပ်ရှင်ကားတွေထဲမှာ ပါတဲ့ လယ်သာဂျက်ကတ်တွေနဲ့ အလန်းစား ဆံပင်ဒီဇိုင်းတွေက အမျိုးသားတွေရဲ့ ဝတ်စားဆင်ယင်မှုခေတ်ရေစီးကို ပြောင်းလဲပေးနိုင်ပါတယ်။ ရုပ်ရှင်မင်းသားတွေဆိုတာ အမျိုးသားတွေအတွက် Style Icons တွေပဲ မဟုတ်လား။ ဒီတစ်ခေါက်မှာ အဲ့ဒီ Style Icons တွေရဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲက အကောင်းဆုံးနေကာမျက်မှန်တွေအကြောင်း ပြောပြသွားချင်ပါတယ်။
(၁) Selima Optique Money 2

Photo: fashionbeans
ရိုင်ယန် ဂေါ့စ်လင်းသရုပ်ဆောင်ထားတဲ့ Drive ရုပ်ရှင်ထဲမှာ ပါတဲ့ နေကာမျက်မှန်ပါ။ နယူးယော့ခ်အခြေစိုက် Luxury မျက်မှန်ကုမ္ပဏီ Selima Optique က ထုတ်ထားတာပါ။ ၇၀ ပြည့်လွန်နှစ်တွေက လူကြိုက်များခဲ့တဲ့ပုံစံကို Retro ပြန်လုပ်ထားတာ ဖြစ်ပြီး အညိုရောင်ကာလာ နဲ့ ရောင်ပြန်မှန် Lens တွေ သုံးထားပါတယ်။ Selima Optique Money 2 မျက်မှန်ကိုင်းမျိုးဟာ မျက်နှာဝိုင်းတဲ့သူတွေနဲ့လည်း အဆင်ပြေတဲ့ကိုင်းမျိုး ဖြစ်ပြီး အဖြူရောင် T-Shirt ၊ Jeans နဲ့ Jacket ဖက်ရှင်နဲ့ ဝတ်ပေးသင့်ပါတယ်။
(၂) Ray-Ban Clubmaster

Photo: fashionbeans
Reservoir Dogs ရုပ်ရှင်ထဲက ဂန်းစတားလေးဦးဖြစ်တဲ့ မစ္စတာဘရောင်း ၊ ဘလွန်းဒီ ၊ ပင့်ခ်နဲ့ အောရိန်းချ်တို့ ဝတ်တဲ့ မျက်မှန်ဖြစ်ပါတယ်။ ခေတ်ဟောင်းစတိုင် Browline ဖရိမ်နဲ့လာပြီး အပေါ်မှန်ကိုင်းဘောင်က ခပ်ထူထူနဲ့လာပါတယ်။ နဖူးအကျကို ပိုအချိုးမှန်စေတဲ့ ကိုင်းဒီဇိုင်းဖြစ်ပါတယ်။ Black Suit နဲ့ ဝတ်နိုင်သလို ပိုလိုရှပ်ရိုးရိုးနဲ့လည်း ဝတ်နိုင်ပါတယ်။ Smart Casual ဖက်ရှင်တွေနဲ့ ဝတ်လေ့ရှိပါတယ်။
(၃) Custom-Made Oval Sunglasses

Photo: fashionbeans
၉၀ ပြည့်လွန်နှစ်တွေတုန်းက ထင်ရှားခဲ့တဲ့ Matrix ရုပ်ရှင်မှာ ဒီမျက်မှန်ဒီဇိုင်းက နာမည်ကြီးခဲ့ပါတယ်။ Matrix စတိုင်နေကာမျက်မှန်လို့တောင် ခေါ်ကြပါတယ်။ ဖရိမ်သေးပြီး ဘဲဥပုံဆန်ဆန် မှန်ဒီဇိုင်းက ထူးခြားပါတယ်။ ကီနူးရိဗ်မျက်နှာနဲ့ လိုက်ဖက်ပေမယ့် လူတိုင်းနဲ့ အဆင်ပြေဖို့တော့ မလွယ်ပါဘူး။ ဒါပေမယ့်လည်း ဘဲဥပုံ ၊ အသည်းပုံမျက်နှာတွေ လိုက်ဖက်ပေမယ့် မျက်နှာရှည်တဲ့လူတွေနဲ့ မလိုက်ပါဘူး။ ဖက်ရှင်အနေနဲ့ Streetwear Outfit တွေနဲ့ ဝတ်ဆင်နိုင်ပါတယ်။
(၄) Ray-Ban Aviator

Photo: fashionbeans
မင်းသားကြီး တွမ်ခရုဇ်သရုပ်ဆောင်တဲ့ Top Gun ရုပ်ရှင်မှာ ဝတ်သွားတဲ့ မျက်မှန်ဖြစ်ပါတယ်။ ပိုင်းလော့ကာရိုက်တာနဲ့ အလိုက်ဆုံး Sunglasses လို့ ဆိုနိုင်ပါတယ်။ မေးရိုးကောင်းတဲ့ မျက်နှာပိုင်ရှင်တွေနဲ့ လိုက်ဖက်ပါတယ်။ ဒီမျက်မှန်နဲ့ လိုက်ဖက်တဲ့ ဖက်ရှင်က Bomber Jacket ဖက်ရှင် ဖြစ်ပြီး ရိုးရိုး Simple Tees နဲ့လည်း တတ်နိုင်တာပါပဲ။
Featured Photo: grailed
