အစားအသောက်က လူကိုပြုပြင်တယ်ဆိုတဲ့ စကားရှိပါတယ်။ အစားအသောက်တွေဟာ အာဟာရလိုအင်ဖြည့်ဖို့ ဆိုတာထက် ပိုပါတယ်။ တစ်နေ့တစ်နေ့ ကိုယ်စားလိုက်တဲ့ အစားအသောက်တွေထဲက အာဟာရက ကိုယ့်အရေပြားကို နုပျိုစိုလက်အောင် ကူညီပေးနိုင်တယ်ဆိုတာ သိထားသင့်ပါတယ်။ အသားအရေစိုပြေချင်တဲ့ အမျိုးသားတွေအနေနဲ့ အခုပြောမယ့်အစားအသောက်တွေ စားပေးဖို့ မမေ့သင့်ပါဘူး။

(၁) ကီဝီနဲ့ အချဉ်ဓါတ်ပါတဲ့ အသီးများ

Kiwi and Citrus Fruits

Photo: The Manual

ဗိုက်တာမင်စီဟာ အန္တရာယ်မြင့် UV နေရောင်ခြည်ကြောင့် အသားအရေထဲက ကော်လာဂျင်နဲ့ အီလက်စတိန်းအမျှင်တွေ ပျက်စီးတာကို ခုခံကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ ဗိုက်တာမင်စီကြွယ်ဝတဲ့ ကီဝီသီး ၊ အချဉ်ဓါတ်ပါတဲ့ သံပရာ ၊ လိမ္မော် ၊ ရှောက် စတဲ့အသီးတွေနဲ့ ဘယ်ရီမျိုးနွယ်အသီးတွေ စားပေးခြင်းအားဖြင့် အသားအရေ ကျန်းမာတင်းရင်းပြီး နုပျိုစိုပြေစေပါတယ်။

(၂) အယ်လ်မွန် ၊ သစ်ကြားစေ့နဲ့ တခြားအစေ့အဆံများ

nuts

Photo: The Manual

ဒီအစေ့အဆံတွေက ဗိုက်တာမင်အီး မြင့်မားစွာ ပါဝင်ပါတယ်။ ဗိုက်တာမင်အီးဟာ ဗိုက်တာမင်စီလိုပဲ နေရောင်ကြောင့် အသားအရေထိခိုက်မှုကို တိုက်ဖျက်နိုင်ပြီး အသားအရေအတွက် အကျိုးများတဲ့ အရွယ်တင်နုပျိုနိုင်စွမ်း ပေးပါတယ်။ ဗိုက်တာမင်အီးဟာ ရေဓါတ်ဖြည့်ပေးနိုင်ပြီး အသားအရေခြောက်ခန်းမှုကို ကာကွယ်ပေးနိုင်တဲ့အပြင် အရေပြား ဖွံ့ဖြိုးမှုလည်း အားပေးပါတယ်။

(၃) ခရမ်းချဉ်သီး

Tomatoes

Photo: The Manual

ခရမ်းချဉ်သီးမှာ Lycopene ကြွယ်ဝပါတယ်။ Lycopene ဟာ နေလောင်တာ ၊ နေဒဏ်ကြောင့် အသားအရေထိခိုက်ပျက်စီးတာ ကာကွယ်ပေးပါတယ်။ ခရမ်းချဉ်သီးမှာ Selenium နဲ့ ဒြပ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိလည်း ပါရှိပါတယ်။ ရေဓါတ်မြင့်တဲ့ အသီးဖြစ်လို့ အရေပြားဆဲလ်တွေ ရေအားဖြည့်ပေးနိုင်ပြီး အသားအရေပျော့တွဲတာ ၊ ခြောက်ကပ်တာမျိုးကို ကာကွယ်နိုင်ပါတယ်။

(၄) ဆယ်လ်မွန် ၊ ဆာဒင်း နဲ့ အဆီများတဲ့ ငါးတွေ

Salmon, Sardines, and Fatty Fish

Photo: The Manual

ဒီငါးတွေက Omega-3 Fatty အက်ဆစ်မြင့်လို့ ကိုယ်တွင်း ရောင်ရမ်းမှုကို တိုက်ဖျက်နိုင်စွမ်းရှိပါတယ်။ အရေပြားနဲ့ပတ်သက်လို့ ယားယံနီရဲတာမျိုးလည်း လျှော့ချပေးနိုင်ပါတယ်။ ဆဲလ်အမှေးပါးလေးတွေအတွက် လိုအပ်တဲ့ အဆီဓါတ်ကိုလည်း ဖြည့်ဆည်းပေးနိုင်လို့ အသားအရေတင်းရင်းပြီး အရေပြားတွန့်ရှုံ့တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အိုမီဂါဖက်တီးအက်ဆစ်တွေဟာ အသားအရေအတွက် ရေဓါတ်ဖြည့်ပြီး အာဟာရဓါတ်ပေးနိုင်တဲ့အပြင် CoenzymeQ10 လို့ခေါ်တဲ့ ဆဲလ်ပျက်စီးမှုကို တိုက်နိုင်တဲ့ အင်ဇိုင်းတွေ ထုတ်ပေးနိုင်စွမ်းလည်း ရှိပါတယ်။

(၅) ကြက်ဥ

Whole Eggs

Photo: The Manual

ကြက်ဥတွေကို ပရိုတိန်းမြင့်တဲ့ အစားအသောက်တွေအဖြစ် ညွှန်းကြပါတယ်။ ကြက်ဥအနှစ်မှာ ဗိုက်တာမင်နဲ့ သတ္ထုဓါတ်တွေ ကြွယ်ဝပြီး အရေပြားကျန်းမာရေးအတွက် အရေးပါတဲ့ အာဟာရဓါတ်တွေလည်း ထုတ်ပေးနိုင်ပါတယ်။ ကြက်ဥအနှစ်မှာပါတဲ့ Biotin ဟာ အိုမင်းရင့်ရော်မှုကို တိုက်ဖျက်နိုင်စွမ်းရှိပါတယ်။ ကြက်ဥမှာ Skin Cells တွေ အသစ်ပြန်မွေးထုတ်ပေးနိုင်တဲ့ ဗိုက်တာမင်ဒီလည်း ပါရှိပါတယ်။ ကြက်ဥထဲက ပရိုတိန်းဟာ အရေပြား ကော်လာဂျင်တည်ဆောက်မှုအတွက် အရေးပါတဲ့ အမိုင်နိုအက်စစ်တွေလည်း ထုတ်ပေးနိုင်စွမ်းရှိပါတယ်။

Featured Photo: florida career college