ကမ္ဘာ့ရောဂါ ကပ်ဘေးကြောင့် လပေါင်းများစွာ သီးခြားစီ ခွဲနေထိုင်ခဲ့ရပြီးနောက် လုပ်ငန်းခွင် ပြန်ဝင်တဲ့အချိန်မှာ အားလုံးဟာ လုပ်စရာတွေ တပုံတပင်နဲ့ အနားမရလောက်အောင် အလုပ်ရှုပ်နေကြမှာပါ။ အလုပ်ပိုရှုပ်လာလေ လေ့ကျင့်ခန်းလုပ်တာမျိုးလို အရေးကြီးတဲ့အလေ့အကျင့်လေးတွေက နောက်ရောက်သွားလေ ဖြစ်တတ်တာကြောင့် အလုပ်ရှုပ်တာတစ်ခုအတွက်နဲ့ အလေ့အကျင့်ကောင်းလေးတွေကို အပျက်စီးမခံသင့်ပါဘူး။
လုပ်ငန်းခွင်မှာ စိတ်သွားတိုင်းကိုယ်ပါ တက်ကြွလန်းဆန်းနေစေဖို့အတွက် ကိုယ်ကာယကြံ့ခိုင်မှုကလည်း အရေးပါပြီး သင့်မှာ အချိန်၊ ကိရိယာ လုံလုံလောက်လောက် မရှိဘူးဆိုရင်တောင် လုပ်ဆောင်လို့ရနိုင်တဲ့ အကောင်းဆုံး လေ့ကျင့်ခန်း ၅ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ဒိုက်ထိုးခြင်း

Photo: times now
ဒိုက်ထိုးတာဟာ လူအများစု လုပ်ဆောင်လေ့ရှိတဲ့ လေ့ကျင့်ခန်းဖြစ်ပြီး ကိုယ်ခန္ဓာတစ်ခုလုံးမှာရှိတဲ့ ကြွက်သားတွေကို ကြံ့ခိုင်စေပြီး အချိန်၊ နေရာမရွေး ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းလည်းဖြစ်ပါတယ်။
၂။ လှဲလျက် ဘားဆွဲခြင်း

Photo: YouTube
ဘားဆွဲတယ်ဆိုတော့ ဘားတန်းလိုမှာပဲလို့ သင် ထင်နေရင်တော့ မလိုပါဘူး။ လှဲလျက် ဘားဆွဲတာဟာ အားကစားရုံက အားကစားသမားတွေဆီကနေ သင်မြင်ဖူးတဲ့ ပြင်းထန်တဲ့ ကိုယ်ခန္ဓာအပေါ်ပိုင်း လှုပ်ရှားမှု အများစုကို တုပနိုင်ပါတယ်။ “ကြမ်းပြင်ပေါ်မှာ ဝမ်းလျားမှောက်လှဲပြီး သဘက်ကောင်းကောင်းကို လက်နှစ်ဖက်နဲ့ ခပ်တင်းတင်းဆုပ်ကိုင်ပြီး ရှေ့တည့်တည့်ကို ဆန့်ထုတ်လိုက်ပါ။ ခင်ဗျား စူပါမန်း လေထဲပျံနေသလိုမျိုး ဖြစ်ချင်တယ်မလား။ နောက်ပြီးတော့ သဘက်ကို ၂ ဖက်စလုံးကနေ တင်းနိုင်သလောက် တင်းအောင် ဆွဲပါ။ ကျော ၂ဖက်က ကြွက်သားတွေထိအောင် ပခုံး ၂ ဖက်ကို တညီတည်း ညှစ်ပါ။ ပြီးရင် သဘက်ကို သင့်ခေါင်းဆီကို နှိမ့်လိုက်ပါ။ တံတောင်ကို ၉၀ ဒီဂရီထောင့်မှန်ကျအောင် နှိမ့်ပြီး တင်းအားကို ထိန်းသိမ်းထားပါ။ ပြီးရင် အစပုံစံကို ပြန်သွားပါ”လို့ ဘဲလ်က အကြံပေးထားပါတယ်။
၃။ အလေးမခြင်း

Photo: mensjournal
အလေးမဖို့အတွက် ဘားတန်းနဲ့ အလေးပြားတွေ မဖြစ်မနေ မလိုအပ်ပါဘူး။ လိုအပ်တာကတော့ နံရံနဲ့ လက်တစ်ဖက်စီမှာ ကိုင်တွယ်ဖို့ ညီမျှတဲ့အလေးချိန်ရှိတဲ့ အရာဝတ္ထုတစ်ခုစီလိုပါတယ်။ ဥပမာ ရေအပြည့်ဖြည့်ထားတဲ့ ရေဗူး ဒါမှမဟုတ် လေးလံတဲ့ စာအုပ်မျိုးပေါ့။ “နံရံက သင့်ရဲ့အထိန်းဖြစ်နိုင်ပါတယ်။ အဲဒီကို သင့်ရဲ့တင်ပါးနဲ့ တွန်းရမယ့် အကန်တစ်ခုအဖြစ် အသုံးပြုပါ။ သင့်ရဲ့အလေးတုံးကို ကြမ်းပြင်ဆီကို နှိမ့်လိုက်တာနဲ့ နံရံနဲ့ သင့်ခြေထောက်တွေကို တတ်နိုင်သမျှ နီးကပ်နေအောင် ထားပါ။ ကိုယ့်ညှို့သကျည်းအကာကို ဆေးဆိုးနေသလို မြင်ယောင်ကြည့်ပါ။ တင်ပါးကို တံကောက်ကြော တင်းလာတာ ခံစားရတဲ့အထိ နောက်ကို ကောက်နိုင်သလောက်ကောက်ပါ။ ပြီးရင် တင်ပါးဆီကနေ လာတဲ့ ရွေ့လျားမှုကို အာရုံစိုက်နေပါ။ တင်ပါးကို ရှေ့ကို တွန်းပြီး မတ်တပ်ရပ်တဲ့အနေအထားကို ပြန်သွားပါ”လို့ ဘဲလ်က အကြံပေးထားပါတယ်။
၄။ Squats ထိုင်ခြင်း

Photo: focusfitness
Squats ထိုင်တာကို လွယ်အောင် ဒါမှမဟုတ် ခက်အောင် သင်ကိုယ်တိုင် လုပ်နိုင်ပါတယ်။ ခြေထောက် ၂ ဖက် ကျယ်ကျယ်ချဲထားနိုင်လေ ထိုင်တဲ့အချိန်မှာ ပိုတည်ငြိမ်အောင် အထောက်အပံ့ရလေပါပဲ။ ခြေနှစ်ဖက် ချဲထားတာ ကျဉ်းလေ အထိုင်ရခက်လေပါ။ Squats ထိုင်တာကို ပိုမိုပြီး အကျိုးသက်ရောက်မှုရှိစေချင်ရင်တော့ အလေးတစ်ခု ကိုင်ပြီး ထိုင်တာ၊ ခြေထောက် အနေအထားပြောင်းတာတို့ကိုပါ လုပ်နိုင်ပါတယ်။
၅။ Deadbugs လုပ်ခြင်း

Photo: openfit
Deadbugs လုပ်တာကို သင် မကြားဖူးတာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် လုပ်နည်းအနည်းငယ်ကို မြင်တွေ့ရပြီးရင်တော့ သင်လုပ်ဖူးတဲ့ တစ်ခုခုနဲ့တူသလို ခံစားရမှာ သေချာပါတယ်။ ဒီလေ့ကျင့်ခန်းက ခါးနာတတ်တဲ့လူတွေအတွက် စိတ်ချရတဲ့ လေ့ကျင့်ခန်းဖြစ်ပြီး ဝမ်းဗိုက်ကြွက်သားတွေကို သန်မာစေပါတယ်။ ပက်လက်လှန်ပြီး လက် ၂ ဖက်ကို မျက်နှာကျက်ဆီ ဆန့်ထုတ်လိုက်ပါ။ ၉၀ ဒီဂရီစီ ဒူးကွေးထားတဲ့ ခြေထောက် ၂ ချောင်းကို မတင်ပါ။ ဘယ်ခြေကို ကြမ်းပြင်ထိအောင် နှိမ့်ပြီး ညာဘက်လက်ကို ကြမ်းပြင်နဲ့ထိတဲ့အထိ နှိမ့်ပါ။ ညာခြေကို ကြမ်းပြင်ထိအောင် နှိမ့်ပြီး ဘယ်ဘက်လက်ကို ကြမ်းပြင်နဲ့ထိတဲ့အထိ နှိမ့်ပါ။ အဲဒီအတိုင်း တစ်လှည့်စီ လုပ်နိုင်တဲ့အကြိမ်အရေအထိ လုပ်ဆောင်ပေးနိုင်ပါတယ်။
Featured Photo: CNET
