အာဆင်နယ်ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်ဟာ တနင်္ဂနွေနေ့က အမ်းမရိတ်စ်မှာ တော့တင်ဟမ်ဟော့စပါးအသင်းကို ၃-၁ နဲ့ အနိုင်ရရှိခဲ့ပေမယ့်လည်း ပေးဂိုးမရှိအောင် မစွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ကိုယ့်ကိုကိုယ် စိတ်ပျက်ခဲ့တယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ အထင်ကြီးဖွယ်စွမ်းဆောင်ရည်ကို ပြသခဲ့တာဖြစ်ပြီး ပထမပိုင်းမှာပဲ စမစ်သ် ရိုး၊ အူဘာမီယန်းနဲ့ ဆာကာတို့ရဲ့ သွင်းဂိုးတွေကြောင့် ၃-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဆွန်ဟောင်မင်က စပါးအသင်း ပြန်လာနိုင်ဖို့အတွက် သေးငယ်တဲ့မျှော်လင့်ချက်အဖြစ် ပွဲပြီးဆုံးခါနီးမှာ ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပေမယ့် ရလဒ်ကို ဒီထက်ပိုပြီး ကွဲပြားခြားနားအောင် ပြုလုပ်နိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

aaron-ramsdale-arsenal-1

Photo; Planet Football

ရမ်းစ်ဒေးလ်ဟာ ပရီးမီးယားလိဂ်မှာ ၃ ကြိမ်ဆက် ပေးဂိုးမရှိစံချိန်ကို မထိန်းသိမ်းနိုင်ခဲ့တဲ့အတွက် စိတ်ပျက်ခဲ့ရပြီး ဆွန်ဟောင်မင်ရဲ့ သွင်းဂိုး ပုတ်ထုတ်ကာကွယ်ခဲ့ပေမယ့်လည်း ကံဆိုးစွာနဲ့ ဂိုးပိုက်ထဲကို ဝင်သွားခဲ့တာဖြစ်ပါတယ်။ ရမ်းစ်ဒေးလ်က တောင်ကိုရီးယားကြယ်ပွင့်တိုက်စစ်မှူးရဲ့ ကန်သွင်းချက်ကို ကာကွယ်နိုင်ခဲ့သင့်တယ်ဆိုတာကို သိရှိနေတာကြောင့် ချေပဂိုး ခွင့်ပြုခဲ့ရတာနဲ့ပတ်သက်ပြီး ကိုယ့်ကိုကိုယ် စိတ်ပျက်နေခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ပေးဂိုးမရှိစံချိန်ကို ထိန်းသိမ်းချင်ပါတယ်။ ချေပဂိုးအတွက် ကျွန်တော့်ကိုယ်ကို နည်းနည်း စိတ်အနှောင့်အယှက်ဖြစ်ခဲ့မိပါတယ်။ ကျွန်တော်သာ ကျွန်တော့်ခန္ဓာကိုယ်အလေးချိန်ကို ထိန်းနိုင်ခဲ့ရင် အဲဒီကန်သွင်းချက်ကို ကာကွယ်နိုင်ပြီး တိုင်ဘေးကပ်ထွက်သွားလောက်တယ်လို့ ထင်ပါတယ်”

“ဒါပေမယ့် ဒီနေရာမှာ ဒီနေ့က တော်တော်လေး ပြင်းထန်ခဲ့တယ်။ တိုက်စစ်မှူးတွေကလည်း အရမ်းကောင်းမွန်ခဲ့တယ်။ ခံစစ်ကစားသမားတွေလည်း အရမ်းတော်ခဲ့ပါတယ်။ ဒီပွဲက ဒီနေ့ရဲ့ ငရဲခန်းတစ်ခုဖြစ်ခဲ့ပြီး ကျွန်တော်တို့ သူတို့နဲ့ကစားတဲ့အချိန်တိုင်း ဒီလိုပဲ ဖြစ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Flipboard