ရေဓာတ်ခမ်းခြောက်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ လေ့ကျင့်ခန်း မပြုလုပ်ခြင်း၊ အမျှင်ဓာတ် ချို့တဲ့ခြင်းတို့ကြောင့် ဝမ်းချုပ်ခြင်းကို ခံစားရနိုင်ပါတယ်။ ဒါ့အပြင် အစားအလွန်အကျွံစားခြင်း၊ သွားရေစာများ အလွန်အကျွံစားသုံးခြင်းသည်လည်း ဝမ်းချုပ်စေနိုင်ပါတယ်။
ဒီလိုမကြာခဏ ဝမ်းချုပ်တတ်တဲ့ ယောကျာ်းများအတွက် အစွမ်းထက်တဲ့ သဘာဝအိမ်တွင်းဆေးစွမ်းကောင်းအချို့ကို မိတ်ဆက်ပေးချင်ပါတယ်။
ပျားရည်
ပျားရည်ထဲတွင် အစာခြေစနစ်ကောင်းမွန်အောင် ကူညီပေးတဲ့ အင်ဇိုင်းများ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ဝမ်းချုပ်တတ်တဲ့ယောကျာ်းများအတွက် အစွမ်းထက်ဆုံးအစားအစာတစ်ခုဖြစ်ပါတယ်။ ပျားရည်ကို သူ့ချည်းပဲ သောက်ဆုံးနိုင်သလို ရေနဲ့ရော၍သော်လည်းကောင်း၊ နွားနို့ပူပူနွေးနွေးလေးနှင့်သော်လည်းကောင်း ရောသောက်ပေးလိုက်ပါ။
အုန်းရည်
အုန်းရည်သောက်သုံးခြင်းသည် ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တင်းပေးနိုင်သလို ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် ကျောက်ကပ်ရဲ့စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးပြီး အစာချေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ ဒါတင်မကသေးပါဘူး။ အုန်းရည်ထဲမှာ သဘာဝအတိုင်းတွေ့ရှိရတဲ့ မဂ္ဂနီစီယမ်ဓာတ်သည် အူလမ်းကြောင်း ကျန်းမာနေအောင် ကူညီပေးနိုငပါတယ်။
ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်သည် အပူလောင်ဒဏ်ရာနှင့် ပြတ်ရှဒဏ်ရာများကို သက်သာစေရုံသာမကဘဲ အစာချေလမ်းကြောင်းကိုလည်း လျောလျောရှူရှူဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ သောက်သုံးပုံ သောက်သုံးနည်းကတော့ ရှားစောင်းလက်ပတ်ကို သူ့ချည်းပဲ သောက်သုံးနိုင်သလို အခြားသော Smoothies ဖျော်ရည်များနဲ့လည်း တွဲဖက်သောက်သုံးခြင်းပဲဖြစ်ပါတယ်။
Source: Singlecare.com
Featured Image Source: Bbc.com