ပန်းတိုင်များ ချမှတ်ခြင်းနှင့် ပန်းတိုင်များ ဆွတ်ခူးနိုင်ခြင်းသည် အများအမြင်မှာတော့ လွယ်သယောင်ယောင်ရှိပါတယ်။ ဒါပေမဲ့ ထိုခရီးလမ်းသည် ဘယ်လောက်ထိ ကြမ်းတမ်းခက်ခဲသလဲဆိုတာ ကာယကံရှင်သာ အသိဆုံးဖြစ်ပါတယ်။

ခရီးကြမ်းထဲ လျှောက်လမ်းတဲ့အခါ စိန်ခေါ်မှုများ၊ အခက်အခဲများကို ကျော်ဖြတ်နိုင်မှသာ အောင်မြင်မှုအသီးအပွင့်ကို ခံစားရမှာဖြစ်ပါတယ်။ တကယ့်ယောကျာ်းများကတော့ စိန်ခေါ်မှုများ၊ အတားအဆီးများကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ကြပါတယ်။

ဒီဆောင်းပါးလေးထဲမှာတော့ အောင်မြင်တဲ့ယောကျာ်းများ ဝေမျှထားတဲ့ ပန်းတိုင်တစ်ခုချမှတ်ရာမှာ ကြုံတွေ့ရလေ့ရှိတဲ့ စိန်ခေါ်မှုများကို ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။

ပန်းတိုင်တွေ များလွန်းခြင်း

tips for men to achieve their goals

Photo Source: Abusinesswithtrading.com

ဒီအချက်ကတော့ လူတော်တော်များများ ပြုလုပ်မိတဲ့အမှားတစ်ခုပါ။ သူတို့တွေသည် ကိုယ်ချမှတ်လိုက်တဲ့ ပန်းတိုင်အကုန်လုံးကို ပြည့်ဝအောင် ပြုလုပ်နိုင်တယ်လို့ အထင်မှားကြတာပါ။ တကယ့်တကယ် ပန်းတိုင်တွေ များလွန်းတဲ့အခါ ဘယ်အရာကိုအာရုံစူးစိုက်ရမယ်မှန်းမသိတော့ဘဲ အဆုံးသတ်မှာတော့ ကျရှုံးသွားရခြင်းပဲဖြစ်ပါတယ်။

အချိန်ကို ကောင်းစွာ မစီမံနိုင်ခြင်း

tips for men to achieve their goals

အချိန်ကို ကောင်းစွာ မစီမံမခန့်ခွဲနိုင်တဲ့အခါ သင်ပဲ စိတ်ဖိစီးမှုများပါလိမ့်မယ်။ အချိန်ဆွဲတတ်သူတစ်ယောက်ဆိုရင်တော့ ပိုဆိုးပါတယ်။ ဒါ့ကြောင့် ကိုယ် လုပ်စရာရှိတဲ့အလုပ်များကို ဘယ်အချိန်မှာ စလုပ်မလဲ၊ ဘယ်အချိန်မှာ အပြီးသတ်မလဲဆိုတာကို သေချာစီမံခန့်ခွာထားပါ။ အချိန်ကို ကောင်းစွာစီမံနိုင်ရင်တော့ သင်သည် ဆရာတစ်ဆူပါပဲ။

မိမိရဲ့တိုးတက်မှုဖြစ်စဉ်ကို မှတ်တမ်းမတင်ထားခြင်း

tips for men to achieve their goals

သင့်ရဲ့တိုးတက်မှုဖြစ်စဉ်ကို တစ်လလျှင် ဘယ်နှကြိမ်လောက် တိုင်းတာဖြစ်ပါသလဲ။

လူအများစုသည် ပန်တိုင်းကို ချမှတ်ထားပေမယ့် သူတို့ရဲ့တိုးတက်မှုဖြစ်စဉ်ကိုတော့ မှတ်တမ်းတင်ဖို့ မေ့နေတတ်ကြပါတယ်။ အကျိုးဆက်အနေနဲ့ ကိုယ့်ရဲ့တိုးတက်မှုကို မသိတဲ့အခါ စိတ်အားထက်သန်မှု တက်ကြွမှုမရှိတော့ဘဲ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်အားလျော့လာကာ လက်လျော့ချင်စိတ်များပေါ်လာတတ်ပါတယ်။

ပန်းတိုင်များ ဝေဝါးနေခြင်း

tips for men to achieve their goals

ဒီအချက်သည် ပန်းတိုင်များ များပြားလွန်းခြင်းနဲ့ ဆင်တူပါတယ်။ ပန်းတိုင်များ ဝေဝါးနေတာကျတော့ ကိုယ် ဘာလုပ်ချင်လို့လုပ်ချင်မှန်းမသိတာမျိုးပါ။ ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကဘာလဲဆိုတာတောင် မသိတဲ့လူစားမျိုးပါ။ ဒီလိုမျိုး ပန်းတိုင်က မရေရာ မသေချာဖြစ်နေတယ်ဆိုရင်တော့ သင် ရလာမယ့် ရလာဒ်ကလည်း မရေရာမသေချာတာမျိုးပဲရလာပါလိမ့်မယ်။

ချက်ချင်းလက်ငင်း အသီးအပွင့်များ စားသုံးချင်စိတ်ဖြစ်ပေါ်ခြင်း

tips for men to achieve their goals

ဒီနေ့တစ်ရက်တည်းပဲ ကြိုးစားရသေးတယ် နောက်တစ်နေ့ ချက်ချင်းဆိုသလို ဘွားခနဲအောင်မြင်လာတာမျိုး မျှော်လင့်လို့မရပါဘူး။ အောင်မြင်မှုအသီးအပွင့်သည် စိတ်ရှည်ဖို့လိုအပ်ပြီး အချိန်အတိုင်းအတာတစ်ခုအထိ လိုအပ်ပါတယ်။

လူတစ်ယောက်နဲ့ တစ်ယောက် အောင်မြင်မယ့်အချိန်ကလည်း မတူကြပါဘူး။ ကျောထောက်နောက်ခံအားကောင်းပြီး ထောက်ပံ့မှုကောင်းကောင်းရရှိသူကတော့ လျင်လျင်မြန်မြန်အောင်မြင်နိုင်ပြီး မည်သည့်အထောက်အပံ့မျှမရဘဲ ကိုယ့်အားကိုယ်ကိုးရသူများကတော့ ခုနကလူတွေထက် ပိုမိုအားစိုက်ထုတ်ရမှာဖြစ်ပါတယ်။

Source: Stunningmotivation.com

Featured Image Source: Inc.com