တက်တူးချစ်သူများအနေနဲ့ တက်တူးမထိုးခင်မှာ သိထားသင့်တဲ့အချက်လေးတွေရှိပါတယ်။
တက်တူးထိုးဖို့ ဆုံးဖြတ်တဲ့အခါ တက်တူးဒီဇိုင်းကို မိမိစိတ်တိုင်ကျ သေချာရွေးချယ်ပါ။ ထို့နောက် မိမိကျန်းမာရေးအတွက် သေချာစဉ်းစားဖို့လိုတာကြောင့် သန့်ရှင်းမှုကို အလေးပေးတဲ့ တက်တူးဆိုင်၊ ကျွမ်းကျင်သော တက်တူးဆရာထံတွင်သာ တက်တူးရေးထိုးသင့်ပါတယ်။
တက်တူးရေးထိုးပြီး ၂ ပတ်ကြာသည်အထိ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ခြင်း၊ ရေကူးခြင်းတို့ကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ သင့်အနေနဲ့ ဒီလိုအသေးစိတ်အချက်များကို ဂရုစိုက်နိုင်မှသာ တက်တူးထိုးဖို့ အကြံပေးချင်ပါတယ်။
ရွေးချယ်စရာတက်တူးဒီဇိုင်းတွေကလည်း အများအပြားရှိတဲ့အနက် ဒီတစ်ခေါက်မှာတော့ သိန်းငှက်ပုံတက်တူးဒီဇိုင်းများကို ဝေမျှပေးချင်ပါတယ်။
သိန်းငှက်ပုံတက်တူးများသည် ရဲရင့်မှုရှိခြင်း၊ ရဲစွမ်းသတ္တိအပြည့်ရှိခြင်း၊ အခြားသူအပေါ် လွှမ်းမိုးနိုင်ခြင်း၊ အာရုံစူးစိုက်နိုင်မှုရှိခြင်း၊ ယောကျာ်းပီသခြင်း၊ ခွန်အားကြီးမားခြင်းတို့ကို ကိုယ်စားပြုပါတယ်။ သင့်အနေနဲ့ ခွန်အားကြီးမားမှုကို ဖော်ဆောင်တဲ့ သိန်းငှက်ပုံတက်တူးများကို ရေးထိုးချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဒီဇိုင်းများကို လေ့လာနိုင်ပါတယ်။
Source: Nextluxury.com
Featured Image Source: Nextluxury.com