မိန်းကလေးအတော်များများက ချောမောလှပတဲ့ယောကျ်ားမျိုးကို သဘောကျနှစ်သက်တတ်ကြပါတယ်။ ရုတ်တရက် ကြည့်လိုက်တာနဲ့ရင်ထဲကို တန်းရောက်သွားနိုင်တဲ့ ယောကျ်ားမျိုးပေ့ါ။ သိပ်တော့မလွယ်လှပါဘူး။ ဘယ်လိုရုပ်ရည်ပိုင်ရှင်ယောကျ်ားမျိုးလဲဆိုတာ မသိချင်ကြဘူးလား။ ဒါဆိုရင်တော့အောက်မှာဆက်ဖတ်ကြည့်လိုက်ပါအုန်းနော်။

hot fit handsome young man with muscular body and bare torso showing six pack

Photo : Freepik

အမျိုးသားတစ်ယောက်ရဲ့ကိုယ်အလေးချိန်ဟာအနည်းဆုံး ၁၈၇ပေါင်ခန့်ရှိသင့်ပါတယ်။ ဒီထက်လည်းမပို သင့်သလို လျော့လဲမလျော့သင့်ပါဘူး။ ခန္ဓာကိုယ်ပြည့်ပြည့်ဖြိုးဖြိုးနဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့နည်းလမ်းတွေ ကအများကြီးရှိပါတယ်။နောက်တစ်ခုကတော့ အရပ်အမောင်းပါ။ အနည်းဆုံးအရပ် ၅ ပေ ၈ လက်မခန့်ကနေ ၆ပေရှိရပါမယ်။ မိန်းကလေးအများစုကအရပ်ရှည်တဲ့အမျိုးသားတွေကို စိတ်ဝင်စားတတ်ကြပါတယ်။ အရပ်မြင့်တဲ့ချစ်သူရဲ့အလိုလိုက်ဂရုစိုက်မှုကို ခံယူချင်ကြတယ်လေ။

ယောကျာ်းလေးတစ်ယောက်ရဲ့ ရင်အုပ်ကလည်း အရေးကြီးတဲ့အချက်တစ်ခုပါ။ တချို့ခန္ဓာကိုယ်ဝတဲ့ အမျိုးသားတွေဟာ ပိုမိုသတိထားသင့်သလို သာမန်ထက်ပိန်နေတဲ့ အမျိုးသားတွေဟာလည်း ဂရုမပြုပဲမနေသင့်ပါဘူး။ စတိုင်ကျတဲ့အမျိုးသားတစ်ယောက်ရဲ့ ရင်အုပ်ဟာ ၄၁ လက်မရှိရပါမယ်။ ခါးဆိုဒ်ကတော့ ၃၃လက်မခန့်ရှိသင့်ပါတယ်။ ခါးအရမ်းသေးရင်ကြည့်မကောင်းနိုင်သလို ဗိုက်ပူခါးတုတ်ကြီးဆိုလည်း ကြည့်ရဆိုးလှပါတယ်။ ဒါ့ကြောင့် ခါးအဆီတွေမတက်ဖို့ ဂရုပြုသင့်ပါတယ်။

Young fitness man training in gym

Photo : Freepik

အထက်ပါအချက်တွေပြည့်စုံပြီး စတိုင်ကျဆွဲဆောင်နိုင်တဲ့ ယောကျ်ားတစ်ယောက်ဖြစ်ဖို့က ဒီအတိုင်းတော့မဖြစ်နိုင်ပါဘူး။ ကြိုးစားအားထုတ်မှုတွေ လိုအပ်ပါတယ်။ ချောမောခန့်ညားတဲ့ ယောကျ်ားတစ်ယောက်က တစ်ပတ်ကို ကိုယ်လက်လှုပ်ရှားမှု ၇ နာရီ လုပ်ဆောင်လေ့ရှိကြပါတယ်။

Photo : Muscle & Fitness