တစ်လတစ်လ ကိုယ်ဝင်ငွေက အဖက်မတင်ပဲ ကုန်ကုန်သွားတက်လို့စိတ်ညစ်နေပြီလား။ တစ်ခါတစ်လေမှာ ကျွန်တော်တို့ဟာ ရှာနိုင်သလောက်သုံးမိတက်ကြသလို ပိုက်ဆံဖြုန်းတာမဟုတ်ပဲနဲ့ ဘယ်နေရာမှာ ကုန်သွားမှန်းမသိ ကုန်သွားတက်တဲ့အချိန်တွေလ်းရှိကြပါတယ်။ အခုပြောပြပေးမှာကတော့ ကိုယ်ဝင်ငွေကိုအဖက်တင်အောင် ပိုက်ဆံစုမယ်လို့စဉ်းစားနေသူတွေအနေနဲ့ ဘယ်လိုနေရာတွေမှာ ပိုက်ဆံတွေမဖြုန်းသင့်ဘူးလဲဆိုတာ အကြံပေးသွားမှာပါ။

မလိုအပ်ပဲ ပစ္စည်းတွေဝယ်တာ

discount

Photo : Inc. Magazine

တစ်ချို့လူတွေက မလိုအပ်ပဲ အသုံးအဆောင်ပစ္စည်းတွေ အများကြီး ဝယ်ထားတတ်ကြပါတယ်။ သူတို့တွေဟာ ဆိုင်တွေမှာ Discount ချပြီဆိုတာနဲ့ အသုံးပြုဖို့မလိုလည်း ဝယ်ထားတတ်ကြပါတယ်။ ဒါက ပိုက်ဆံဖြုန်းနည်း တစ်မျိုးပါပဲ။ Discount တွေဘယ်လောက်ပဲ ချချ ကိုယ့်အတွက် တကယ်လိုအပ်တဲ့ ပစ္စည်းတွေမဟုတ်ရင် မဝယ်သင့်ပဲ လိုအပ်တာကိုသာ ဝယ်ဖို့အကြံပြုချင်ပါတယ်။

အပြင်ထွက်စားတာ

 

restaurant food

Photo : Inlander

များသောအားဖြင့် စားသောက်ဆိုင်တွေမှာ စားတာဟာ အိမ်မှာ ချက်စားတာထက် ပိုက်ဆံပိုကုန်ပါတယ်။ မိမိရွေးချယ်စားသုံးတဲ့ ဆိုင်ပေါ်မှာလည်း မူတည်ပါတယ်။ မဖြစ်မနေ ကိစ္စတွေကလွဲရင်တော့ အပြင်မှာစားတာထက် အိမ်မှာ မိမိကိုယ်တိုင် တခုခုချက်ပြုတ်စားတဲ့ အကျင့်ကို လုပ်သင့်ပါတယ်။ ဒါဆိုရင် ငွေပိုတွေ ထွက်လာပါလိမ့်မယ်။

လောင်းကစားလုပ်တာ

casino

Photo : Jura & Trois-Lacs

လောင်းစားဆိုတာတကယ်ကို ငွေယိုပေါက်ကြီးတစ်ခုပါပဲ။ မသေချာမရေရာတဲ့ကစားနည်းတွေအပေါ် မိမိငွေကိုလောင်းကြေးထပ် မဆော့ကစားသင့်ပါဘူး။ ကံဆိုတာအချိန်တိုင်းမကောင်းနိုင်သလို အဆိုးဆုံးဖြစ်လာရင် မိမိမှာရှိသမျှအားလုံးပြောင်သွားနိုင်ပါတယ်။

နောက်ဆုံးပေါ်ပစ္စည်းတွေနောက်လိုက်တာ

Apple's store

Photo : The Verge

တစ်ချို့လူတွေက အသစ်ထွက်တဲ့ စမတ်ဖုန်းတွေ ကိုင်ချင်ကြပါတယ်။ ကိုယ့်လက်ရှိကိုင်နေတဲ့ ဖုန်းက အကောင်းကြီးရှိသေးတာတောင် အသစ်ထွက်တဲ့ ဖုန်းတွေကို ကိုင်ချင်မိကြတာမျိုးပါ။ ဒီလိုဆိုရင်တော့ ပိုက်ဆံက စုမိဆောင်းမိဖို့မလွယ်နိုင်ပါဘူး။ ဒါကြောင့် မလိုအပ်ရင် နောက်ဆုံးပေါ်ဆိုတဲ့ အရာတွေနောက်ကို မလိုက်တာ အကောင်းဆုံးပါ။

Featured Photo : BuzzFeed