Limits ကျော်သောက်မိပြီဆိုရင် နောက်တစ်နေ့အိပ်ရာက နိုးလာတော့ ခေါင်းတွေက တစစ်စစ်နဲ့ကိုက်ခဲလေးလံ၊ မျက်လုံးတွေကလည်း မျက်တွင်းထဲ ချောင်ကြနေပြီး လူကလည်း အန်ပဲ အန်ချင်နေတော့တယ်ဆိုရင် အရက်နာစပြီ ဖြစ်ပါတယ်။ Hangover ဟာ ရေချိန်လွန်သူတိုင်း ဖြစ်တတ်သလို သူ့ကို သက်သာအောင် လုပ်လို့ရတဲ့ နည်းတွေလည်း ရှိပါတယ်။

man hangover

Photo : The Fashionisto

Electrolytes သောက်ဖို့ပြောရတဲ့အကြောင်းကတော့ အရက်သောက်တာဟာ ရေဓါတ်ခမ်းစေတာကြောင့် လူကို ပိုနုံးစေပါတယ်။ အရက်သောက်ပြီး ဆီးသွားတိုင်း ခန္ဓာကိုယ်မှာ ရေဓါတ်ကို ပြန်ဖြည့်ဖို့လိုပြီ ဖြစ်ပါတယ်။ ရေဓါတ်အားပြည့်မယ်ဆိုရင် မူးတာ သက်သာသွားပါလိမ့်မယ်။ဓါတ်ဆားမကြိုက်ရင် ရေများများ သောက်နိုင်ပါတယ်။ ရေသိပ်မသောက်ဖြစ်ရင်တော့ အရည်ရွှမ်းတဲ့ ဖရဲသီး ၊ သခွားသီး ၊ လိမ္မော်သီးတွေ စားပေးနိုင်ပါတယ်။

မသောက်ခင်ကတည်းက စားသင့်ပေမယ့် သောက်ပြီး အစာမစားဖြစ်ရင် ဗိုက်ဆာတာဟာ Hangover ကို ပိုပြီး ဆိုးစေပါတယ်။ သွေးထဲမှာ သကြားဓါတ်နည်းနေချိန်ဖြစ်လို့ခေါင်းလည်း ပိုမူးပါတယ်။ ဂျုံ ၊ အာလူးတို့လို ကာဗွန်ဟိုက်ဒရိတ်များတဲ့ အစာတွေလည်း စားပေးနိုင်ပါတယ်။ ဗိုက်ထဲ အစာရောက်နေရင် အန်ချင်တာလည်း သက်သာပါတယ်။ ဂျင်းဟာ အစာအိမ်ကို ငြိမ်စေပြီး ခေါင်းမူးသက်သာစေလို့သုံးဆောင်သင့်သလို စွပ်ပြုတ်တစ်ခွက်လောက် သောက်တာကလည်း အစာကြေလွယ်စေပါတယ်။

man headache

Photo : Thrillist

Hangover ဖြစ်လို့အခုပြောတဲ့ အစားအစာတွေ စားပြီးပြီဆိုရင် အိပ်ရေးဝဝ အိပ်ပေးပါ။ တစ်နာရီလောက် မှေးလိုက်ရင် ပိုပြီး နေလို့ကောင်းသွားပါလိမ့်မယ်။ နိုးလာရင် ကော်ဖီတစ်ခွက်လောက် သောက်ပေးလိုက်ပါ။ အရက်နာကျရင် ဗိုက်တာမင် B1/B6 နဲ့ဗိုက်တာမင်စီတွေလည်း စားသင့်ပါတယ်။

Featured Photo :Third Coast Health