Steve Jobs ဟာ အသက် ၅၆ မှာကင်ဆာရောဂါနဲ့ ဆုံးပါးသွားခဲ့ပြီးဖြစ်ပါတယ်။ သူ မကွယ်လွန်ခင် ပိုင်ဆိုင်မှုက ၇ ဘီယံလောက်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒီလိုအောင်မြင်မှုတွေ ရဖို့သူဟာ အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရပါတယ်။ ဒီနေ့တော့ Steve Jobs ပြောခဲ့တဲ့ မှတ်သားဖွယ်ရာစကားတွေကို ဖော်ပြပေးသွားမှာပါ။
Photo : Periodico Daily
အရည်အချင်းဟာ အရည်အသွေးထက် အများကြီးပိုအရေးကြီးပါတယ်။
ကျနော့်ဘဝမှာ အကြိုက်ဆုံးအရာက ပိုက်ဆံနဲ့ဝယ်လို့မရပါဘူး။ အဲ့ဒါကတော့ ကျနော့အတွက်အရေးကြီးဆုံးဖြစ်တဲ့ အချိန်ပါပဲ။
တခါတလေ လောကဓံ ဆိုတဲ့လက်သီးက သင့်ကိုထိုးနှက်နေပါလိမ့်မယ်။ ဒါပေမဲ့ အရှုံးမပေးပါနဲ့။ ယုံကြည်မှု မပျောက်ဆုံးစေပါနဲ့။
အချိန်ကအရမ်းအရေးကြီးပါတယ်။ ဒါကြောင့် သင့်ဘဝကို တခြားတယောက်အတွက် အချိန်ဖြုန်းမနေပါနဲ့။
Photo : Flickr
ကမ္ဘာကြီးကို ပြောင်လဲနိုင်တယ်လို့ထင်နေကြတဲ့ ရူးရူးမိုက်မိုက်လူတွေကပဲ ကမ္ဘာကြီးကို ပြောင်လဲဖို့ လုပ်မဲ့သူတွေပါ။
ဒီနေ့သာ ငါသေမဲ့နေဆိုရင် ဒီနေ့လုပ်မဲ့အလုပ်ကို လုပ်ဖြစ်မလားလို့ နေ့တိုင်းကျနော့ကိုယ်ကျနော်မေးဖြစ်တယ်။ အဖြေကတော့ အမြဲတမ်း “NO” ပါပဲ။
မင်းလုပ်နေတဲ့အလုပ်ကို မကြိုက်နှစ်သက်ဘူးဆိုရင် မင်းကျရှုံးမှာပဲ။
သူတို့ကိုယ်သူတို့ ဘာတွေပြောနေလဲဆိုတာသိတဲ့သူတွေအတွက် PowerPoint ဆိုတဲ့အရာကြီးမလိုအပ်ပါဘူး။
ကြီးမားတဲ့ အောင်မြင်မှုကိုရဖို့အတွက် သင်လုပ်နေတဲ့အလုပ်အပေါ်ချစ်ဖို့ လိုအပ်ပါတယ်။
အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကိုကြည့်လိုက်ပါ။ တယောက်ထဲလုပ်နေကြတာမဟုတ်ပါဘူး။ အဖွဲ့အစည်းနဲ့ လုပ်နေကြတာပါ။
Photo : Inc. Magazine
သင်တို့ရဲ့ကလေးတွေကို ဘယ်လိုချမ်းသာအောင်လုပ်ရမယ်ဆိုတာ မသင်ပေးပါနဲ့။ ဘယ်လိုပျော်ရွှင်အောင်နေရမလဲဆိုတာပဲ သင်ပေးပါ။ သူတို့အရွယ်ရောက်လာတဲ့အချိန်မှာ အရေးကြီးတဲ့အရာတွေကို သိလာပါလိမ့်မယ်။
အစားအစာတွေကို ဆေးလိုသဘောထားပြီးစားပါ။ ဒါမှမဟုတ်ရင် ဆေးတွေကို အစာစားသလိုစားရပါလိမ့်မယ်။
သင့်ကို ချစ်တဲ့သူက သင့်ကိုဘယ်တော့မှထားမသွားဘူး။ သင့်ကိုထားသွားဖို့ အကြောင်းပြချက် ၁၀၀ လောက်ရှိနေရင်တောင် သင်နဲ့အတူတူနေရဖို့ အကြောင်းပြချက် ၁ ခုလောက်ကို သူရှာပါလိမ့်မယ်။
မြန်မြန်သွားချင်ရင် တစ်ယောက်ထဲသွားပါ။ ဝေးဝေးသွားချင်ရင်တော့ အဖော်အပေါင်းနဲ့သွားပါ။
Featured Photo : Gadget Tendency