လူတစ်ယောက် တိုးတက်ဖို့ သင်စရာတွေ အများကြီး ရှိပါတယ်။ တစ်ကိုယ်ရည် တစ်ကာယဖွံ့ဖြိုးရေးအတွက် လိုအပ်တဲ့ Skills တွေ ကြည့်ရင် Soft Skills လည်း ရှိသလို Technical Skills လိုမျိုး Hard Skills တွေလည်း ရှိတာပါပဲ။ ဒီတစ်ခေါက်မှာတော့ ကိုယ်ရည်ကိုယ်သွေးရော အလုပ်ခွင်ဖွံ့ဖြိုးရေးအတွက်ပါ တိုးတက်ဖို့ သင်ထားသင့်တဲ့ Skills တွေအကြောင်း ပြောပြချင်ပါတယ်။
(၁) Communication

Photo: Unsplash
ဆက်ဆံရေး Communication Skills ဆိုတာ စကားပြောတာ ၊ စာရေးတာ ၊ နားထောင်တာ အကုန်လုံး အကျုံးဝင်ပါတယ်။ Communication Skill ကောင်းတဲ့သူဟာ ကိုယ့်ခံစားချက်နဲ့ ကိုယ်ပိုင်အမြင်တွေကို လူတွေ နားလည်လက်ခံအောင် ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ တော်တဲ့ ဆက်ဆံရေးသမားတစ်ယောက်ဟာ စကားပြော ပါးနပ်ပြီး သင့်လျော်လျောက်ပတ်အောင် ဆက်ဆံတတ်သလို ယုံကြည်မှုရှိရှိနဲ့လည်း လူရှေ့ထွက်ပြီး ဦးဆောင်ပြောဆိုနိုင်ပါတယ်။ ဒီ Skills တွေကလည်း Personal Development ပိုင်းမှာ အဓိကအကျဆုံး Skill တစ်ခုပါပဲ။
(၂) Problem-Solving

Photo: Unsplash
စကားပြောတတ် ၊ ဆက်ဆံတတ်ရုံနဲ့တင် မပြီးပါဘူး။ ပြဿနာတစ်ခုကြုံလာတဲ့အခါ ချဉ်းကပ်ကိုင်တွယ်ပုံ ကောင်းမွန်ထိရောက်ဖို့အတွက်လည်း လေ့လာအတုခိုးသင့်ပါတယ်။ Problem-Solver ကောင်းတစ်ယောက်ဟာ အခက်အခဲအတားအဆီးတွေနဲ့ တွေ့တဲ့အခါ စိတ်ကို အေးဆေးတည်ငြိမ်အောင် ထားပြီး အကောင်းဆုံးဖြစ်မယ့် Options ကို ရှာနိုင်စွမ်းရှိပါတယ်။
(၃) Leadership

Photo: Unsplash
ခေါင်းဆောင်မှုအတတ်ပညာဟာ နေရာတိုင်းမှာ အသုံးဝင်ပါတယ်။ သင့်ကိုယ်သင် ဦးဆောင်မှုကနေ သင့်လက်အောက်ငယ်သားတွေကို ဦးဆောင်တာ ၊ ကုမ္ပဏီကို ဦးဆောင်တာ အားလုံးဟာ Leadership Skills အောက်မှာ အကျုံးဝင်လို့ ဖြစ်ပါတယ်။ အချိန်အားရမယ်ဆိုရင် Leadership Skillset ပြည့်ဝအောင် သင်ထားဖို့လည်း တိုက်တွန်းချင်ပါတယ်။
(၄)Technical Skills

Photo: Unsplash
နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုအရည်အချင်းတွေမရှိရင် ဒီဘက်ခေတ်မှာ အောင်မြင်မှုရဖို့ မလွယ်ပါဘူး။ အခုခေတ်ဟာ နည်းပညာခေတ်ဆိုတဲ့အတိုင်း နည်းပညာအသစ်အသစ်တွေ ပေါ်ပေါက်လာလိုက်တာ လိုက်မမှီနိုင်အောင်ပါပဲ။ ဒီလို နည်းပညာခေတ်ကြီးမှာ နည်းပညာပိုင်းအမြင်မရှိရင် ကိုယ်ပိုင်လုပ်ငန်းပဲ လုပ်လုပ် ၊ တခြားသူတွေရဲ့ ကုမ္ပဏီမှာပဲ လုပ်လုပ် ထိပ်တန်းရောက်ဖို့ ခက်ပါတယ်။ နည်းပညာ Skills တွေက လုပ်ငန်းခွင်နယ်ပယ်ပေါ် လိုက်ပြီး လိုအပ်ချက်မတူတာတွေ ရှိပါတယ်။ အသုံးများတဲ့ Technical Skills တွေက Programming Languages ၊ Software Development ၊ Project Management ၊ Data Anlaysis နဲ့ Social Media Skills တွေပါပဲ။
Featured Photo : perkbox
