ကျွန်တော်တို့ အားလုံးအနည်းဆုံး မနက်တစ်ကြိမ် ညအိပ်ရာမဝင်ခင်တစ်ကြိမ်မျက်နှာ ဆေးကြောသန့်စင်လေ့ ရှိကြပါတယ်။ သို့သော်အများစုက မျက်နှာဆေးကြောရာမှာ နည်းစနစ်မမှန်ကန်တဲ့ ဆေးကြောနည်းတွေကို လုပ်မိတက်ကြပါတယ်။ နေ့စဉ်လုပ်ရိုးလုပ်စဉ် skincare routine တွေထဲက အခြေခံတစ်ခုဖြစ်တဲ့ မျက်နှာဆေးကြောခြင်းကို ကျွန်တော်အများစု ဘယ်လိုအမှားတွေလုပ်မိနေကြလဲဆိုတာ ဒီဆောင်းလေးမှာပြောပြပေးမှာပါ။

(၁) အလွန်အကျွံ မျက်နှာသစ်ခြင်း

Man cleaning face

Photo : Everypixel

တစ်နေ့တာမှာ မကြာခဏ အကြိမ်ရေများများ မျက်နှာသစ်ဖို့ အမှန်တကယ်မလိုအပ်ပါဘူး။ အလွန်အကျွံမျက်နှာသစ်ရင် မျက်နှာအရေပြားပေါ်က သဘာဝအစိုဓာတ်အဆီတွေခမ်းခြောက်စေပြီး အသားအရေခြောက်သွေ့ ညစ်နွမ်းလာပါလိမ့်မယ်။ မနက်တစ်ကြိမ် ညအိပ်တစ်ကြိမ် မျက်နှာသစ်တာက အသင့်လျှော်ဆုံးပါပဲ။

(၂) အချိန်ကြာကြာ မျက်နှာဆေးကြောခြင်း

Man washing his face with fresh water and foam in the sink at the white bathroom

Photo : iStock

မျက်နှာဆေးကြောသန့်စင်တဲ့အခါ အသင့်တော်ဆုံးကြာချိန်က ၂ မိနစ်အောက်ဖြစ်ပါတယ်။ အချိန်ကြာကြာ မျက်နှာပွတ်တိုက်ဆေးကြောလို့ အညစ်အကြေးတွေပိုမပြောင်သွားနိုင်ပါဘူး။ ဒါကြောင့် မျက်နှာသစ်တဲ့အခါ အချိန်ဆွဲပြီး ဇိမ်ပြေနပြေမျက်နှာသစ်ခြင်းကိုရှောင်ကြဉ်ပါ။

(၃) မျက်နှာသစ်ဆေးအမှားတွေ အသုံးပြုခြင်း

Black Man Washing Face

Photo : The Times

မျက်နှာဆေးကြောသန့်စင်ရာမှာ မှန်ကန်တဲ့မျက်နှာသစ်ဆေးကိုသုံးဖို့အထူးလိုအပ်ပါတယ်။ ကိုယ်တိုက်ဆပ်ပြာနဲ့မျက်နှာသစ်တာမျိုးလုံးဝမလုပ်သင့်ပါဘူး။ ကိုယ့်အသားအရေက sensitive ဖြစ်တဲ့ skin မျိုးဆိုရင် အသားအရေဆိုင်ရာတက်ကျွမ်းသူတွေနဲ့တိုင်ပင်ပြီး မှန်ကန်တဲ့မျက်နှာသန့်စင်ဆေးကိုသုံးဖို့လိုပါတယ်။

(၄) ရေနွေးအသုံးပြုခြင်း

Man Washing Face

Photo : New York Post

မျက်နှာအသားအရေဟာ အင်မတန်နူးညံ့ပြီး ထိခိုက်လွယ်ပါတယ်။ ဒါကြောင့် မျက်နှာသစ်တဲ့အခါ ပူနွေးတဲ့ရေနဲ့ သစ်ခြင်းကိုရှောင်ကြဉ်ဖို့လိုပါတယ်။ ရေပူဟာ အရေပြားမှာရှိတဲ့ ဘာဝအဆီတွေကို ဖယ်ရှားစေရုံသာမက သွေးကြောတွေကိုကျယ်စေပြီးနီမြန်းစေပါလိမ့်မယ်။ အကယ်ရေနွေးနဲ့မျက်နှာသစ်မယ်ဆိုရင်တောင် ကြက်သီးနွေးရေအပူချိန်လောက်နဲ့သာ မျက်နှာသစ်သင့်ပါတယ်။

(၅) မျက်နှာသုတ်ပုဝါသန့်ရှင်းမှုမရှိခြင်း

Man Washing Face

Photo : Adobe Stock

မျက်နှာဆေးကြောသန့်စင်ပြီးချိန်မှာ အသုံးပြုတဲ့မျက်နှာသုတ်ပုဝါက နူးညံ့ပြီးသန့်ရှင်းနေဖို့ လိုအပ်ပါတယ်။ မျက်နှာသုတ်ပုဝါကို သေချာသိမ်းဆည်းမှုမရှိရင် ဖုန်နဲ့အညစ်အကြေးတွေ ကပ်တွယ်လွယ်လို့ပါ။ အညစ်အကြေးတွေရှိတဲ့မျက်နှာသုတ်ပုဝါကို အသုံးပြုမယ်ဆိုရင် မျက်နှာသစ်ထားလဲ ဖုန်နဲ့ဘတ်တီးရီးယားတွေ သင့်မျက်နှာပေါ် ပြန်ကပ်တွယ်လာပါလိမ့်မယ်။

Featured Photo : Medical News Today