ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ တစ်စုံတစ်ခုကို သတိပေးချင်တဲ့အခါ Signs တွေပြတက်ပါတယ်။ ဥပမာအားဖြင့် အိပ်ချင်စိတ်ဖြစ်လာပြီဆိုရင် ငိုက်မြည်းသမ်းဝေလာတာမျိုးပေါ့။ ဒီလို Sign မျိုးက ကျွန်တော်တို့နဲ့ရင်းနှီးပြီးသားဖြစ်တဲ့အတွက် အထူးတလည်အဖြေရှာနေဖို့မလိုပေမယ့် တစ်ခါတစ်လေမှာ ပဟေဌိဆန်တဲ့ လက္ခဏာမျိုးတွေပြပြီးလည်း ခန္ဓာကိုယ်ရဲ့လိုအပ်ချက်ကို သတိပေးလာတက်ပါတယ်။

ဒီတစ်ခေါက်ပြောပြပေးမှာက ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ လိုနေကြောင်း သတိပေးလာတဲ့ လက္ခဏာတွေအကြောင်းပါ။

(၁) အိပ်ပျော်ရခက်လာတဲ့အခါ

Worried young man reading bad news on smart phone

Photo : Fight the New Drug

တစ်နေ့တာအတွင်း လုံလောက်တဲ့လှုပ်ရှားမှုမရှိဘူးဆိုရင် ညဘက်အိပ်ပျော်ရခက်တဲ့ ပြဿနာမျိုးနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာကိုယ်ကိုပင်ပန်းစေပြီး ညဘက်အိပ်ပျော်ဖို့ ပိုလွယ်ကူစေနိုင်ပါတယ်။ သင့်အနေနဲ့ညဘက်တွေမှာကောင်းကောင်းအိပ်မပျော်တာမျိုးဖြစ်နေတယ်ဆိုရင် လေ့ကျင့်ခန်းလုပ်ဖို့ အကြံပြုပါစေ။

(၂) Mood Swing ဖြစ်နေတဲ့အခါ

Male depression

Photo : The Vital Beat

Mood Swing လို့ခေါ်တဲ့ စိတ်အပြောင်းအလဲမြန်တဲ့ ပြဿနာဟာလည်း ကိုယ်လက်လှုပ်ရှားမှုအားနည်းခြင်းကြောင့်ဖြစ်လာတဲ့ လက္ခဏာတစ်ခုပါပဲ။ ခန္ဓာကိုယ်ဟာ လုံလောက်တဲ့လှုပ်ရှားမှုမရှိရင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိခိုက်လာပြီး စိတ်ခံစားမှုအတက်အကျလွယ်တာ စိတ်ဖိစီးမှုများတာတွေ ဖြစ်နိုင်ပါတယ်။

(၃) မကြာခဏမောပန်းနွမ်းနယ်မှု ခံစားရတဲ့အခါ

Tired Young Man Feel Eyestrain

Photo : Medical News Today

ကိုယ်လက်လှုပ်ရှားမှုကောင်းကောင်းမရှိရင် မကြာခဏသလို ပင်ပန်းနွမ်းနယ်သလို အားမရှိသလိုတွေ ခံစားနေရမှာဖြစ်ပါတယ်။ စိတ်ရောကိုယ်ပါ တက်ကြွမှုမရှိပဲ နည်းနည်းလှုပ်ရှားလိုက်တာနဲ့ကို မောပန်းပြီး လေးလံထိုင်းမှိုင်းနေမှာပါ။ ဒီလိုခံစားနေရပြီဆိုရင် အသေးစားလေ့ကျင့်ခန်းတွေ ကိုယ်လက်လှုပ်ရှားမှုတွေကို မဖြစ်မနေပြန်လုပ်သင့်ပါပြီ။

(၄) အာရုံစိုက်နိုင်စွမ်း ကျဆင်းလာတဲ့အခါ

man Emotional Exhaustion

Photo : Healthline

သင်ဟာ နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေကို ပုံမှန်မလုပ်ဘူးဆိုရင် တစ်နေ့တာရဲ့လုပ်ငန်းဆောင်တာတွေကို ကောင်းစွာအာရုံစိုက်နိုင်မှာမဟုတ်ပါဘူး။ ဟားဗက်ဆေးဘက်ဆိုင်သုတေသီတွေရဲ့ လေ့လာမှုအရ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းမလုပ်သူတွေဟာ ဦးနှောက်စွမ်းဆောင်ရည်ကိုလျော့ကျစေပြီး အာရုံစိုက်နိုင်စွမ်းကျဆင်းလာတယ်လို့ဆိုပါတယ်။ ဒါကြောင့် ဘယ်အရာကိုမှကောင်းကောင်းအာရုံစိုက်မရ ဖြစ်နေတယ်ဆိုရင် လေ့ကျင့်ခန်းတစ်ခုခုစလုပ်ဖို့လိုနေတာပဲဖြစ်ပါတယ်။

(၅) နာကျင်ကိုက်ခဲလာတဲ့အခါ

man Hip Pain

Photo : Summit Orthopedics

အကြောင်းအရင်းမရှိပဲ ခန္ဓာကိုယ်မှာနာကျင်ကိုက်ခဲမှုတွေ ခံစားနေရတယ်ဆိုရင် ကိုယ်လက်လှုပ်ရှား ရှိမရှိကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ သေချာတာက လှုပ်ရှားမှုအားနည်းတဲ့အခါ အထူးသဖြင့်နောက်ကျော ၊ ခါး ၊ ပခုံးနှင့် ဒူးဆစ်တွေမှာ နာကျင်ကိုက်ခဲတဲ့ဝေဒနာမျိုးခံစားလာရတက်ပါတယ်။ ဒီလိုဆိုရင်တော့ သင်ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတစ်ခုခုလုပ်ဖို့ လိုနေပြီဆိုတာသေချာပါပြီ။

Featured Photo : Medical News Today