Sneakers တွေဆိုတာ ရာသီမရွေး ဝတ်နိုင်တဲ့ Footwear တွေပါပဲ။ ဒါပေမယ့်လည်း ရာသီဥတုနဲ့ ပိုပြီးစည်းချက်ကျမယ့် စတိုင်မျိုး ရွေးတာကတော့ အကောင်းဆုံးလို့ ဆိုနိုင်ပါတယ်။ ဆောင်းဝင်လို့ ရာသီဥတုလည်း အေးစိမ့်စိမ့် ဖြစ်လာချိန်မှာ Sneaker ကို ကာလာသိပ်မတောက်တဲ့ မီးခိုးမှိုင်း ၊ အညိုဖျော့ ၊ အဖြူ စတဲ့ Nutral ကာလာတွေ ရွေးချယ်သင့်ပါတယ်။ Sneakers စတိုင်အနေနဲ့ ဆောင်းရာသီနဲ့ အလိုက်ဖက်ဆုံးပုံစံတွေကိုလည်း မျှဝေပေးချင်ပါတယ်။
(၁) Retro Sneaker

Photo: complex
Retro Sports တို့ Trainers တို့က တစ်ခေတ်ပြန်ပြီး လူကြိုက်များ Trendy ဖြစ်လာနေပါတယ်။ ကင်းဗတ်စ် Sports Shoe တွေဆိုတာ သင့်အရင်မျိုးဆက်တွေ တမြတ်တနိုးစီးခဲ့တဲ့ ဖက်ရှင်ပါပဲ။ Converse Chuck Taylor All Star ကင်းဗတ်စ်လိုမျိုးSuperga 2750 Cotu Classic တို့လို စတိုင်မျိုးက Fresh ဖြစ်ပြီး Comfort ဖြစ်သလို ကင်းဘတ်စ်သားဖြစ်လို့ ပေါ့ပါးတာကြောင့် ဆောင်းမနက်ခင်း လမ်းလျှောက်ဖို့အတွက် အဖော်ကောင်းဖြစ်လာပါလိမ့်မယ်။
(၂) High-Tops

Photo: corradofirera
High-Tops တွေက ဆောင်းရာသီမှာတင် မဟုတ်ပါဘူး။ ပေါ့ပေါ့ပါးပါး စတိုင်မိမိနဲ့ နေတတ်သူတိုင်း ဦးစားပေးစဉ်းစားကြတဲ့ Sneaker Style ထဲမှာ High-Top Style တွေက ဦးစားပေးအဆင့်မှာ ရှိပါတယ်။ High-Top ထဲကဆို Nike Air Force/Air Jordan ၊ Reebok Ex-O-Fit စတာတွေက နာမည်ကြီးပါတယ်။ တခြား Brands တွေလည်း အများကြီးပါပဲ။ Hight Tops တွေက Denim Jeans တွေလည်း တွဲဝတ်နိုင်သလို Joggers တို့ Simple Tee ဖက်ရှင်တို့လည်း အဆင်ပြေပါတယ်။
(၃) Minimalist Tennis Sneaker

Photo: Boot Bomb
မနက်ခင်းဘက် အပြေးလေ့ကျင့်ခန်းတို့ လမ်းလျှောက်လေ့ကျင့်ခန်းတို့ လုပ်တတ်တယ်ဆိုရင် ဒီဇိုင်းသား ရိုးရှင်းပြီး သေသပ်တဲ့ Tennis Shoe မျိုး ရွေးချယ်သင့်ပါတယ်။ Running Shoe စစ်စစ်မဟုတ်ပေမယ့် Tennis Sneaker တွေက အားကစားသမားတွေအကြား ခြေကျင်းဝတ်နဲ့ ဖဝါးဖနောင့် လှုပ်ရှားမှုကို ချောမွေ့သက်တောင့်သက်သာရှိစေလို့ ရေရှည်စီးပြီး အားကစားလုပ်လို့ကောင်းတဲ့ အမျိုးအစားဖြစ်ပါတယ်။
Featured Photo: Complex
