အောင်မြင်ဖို့အတွက် ကိုယ့်ဘက်က ကြိုပြီး ပေးဆပ်စရာတွေက အများသား။ တစ်နေ့အောင်မြင်ရမယ်လို့ ရည်မှန်းချက်ရှိရင် အခုကတည်းက ပြင်ဆင်ထားရမယ့်အချက်ကလေးတွေ ကြိုပြီး လုပ်ဆောင်ထားဖို့ လိုပါတယ်။ ဘယ်လို အချက်ကလေးတွေ ပြင်ဆင်ရမလဲဆိုတော့ –

(၁) ပြတ်သားတဲ့ သံဓိဌာန်ရှိပါစေ

Man cheering

Photo: Unsplash

အောင်မြင်ချင်ရင် အောင်မြင်မှုနဲ့ထိုက်တန်တဲ့ ပြတ်သားတဲ့စိတ်ဓါတ် ၊ ပန်းတိုင်နဲ့ နှစ်မြှုပ်မှု လိုပါတယ်။ အရင်ဆုံး ကိုယ့်ရည်မှန်းချက်က ဘာလဲ တိတိကျကျသတ်မှတ်ပါ။ ဒီရည်မှန်းချက်ရောက်ဖို့ ဘယ်လောက်အချိန်ယူရမလဲ။ ကိုယ့်ဘက်က ဘာတွေ ပြင်ဆင်ထားရမလဲ သေချာလေ့လာပါ။ တစ်ရက်ကို အနည်းဆုံး ၁၅ မိနစ် ၊ နာရီဝက်လောက်က Planning အတွက် အချိန်ပေးပါ။ အောင်မြင်ရမယ်ဆိုတဲ့ သံဓိဌာန်ကို နေ့တိုင်းမှာ နည်းနည်းချင်း အကောင်အထည်ဖော်သွားပါ။

(၂) သင်ယူပါ

two man discussing

Photo: Unsplash

နေ့တိုင်းမှာ အတွေ့အကြုံတွေ သင်ယူမှုတွေနဲ့ ပြည့်နေပါစေ။ အောင်မြင်ဖို့ သင့်အတွေ့အကြုံအပြင် တခြားသူတွေရဲ့ အတွေ့အကြုံတွေဆီကနေပါ သင်ယူပါ။ သင့်အောင်မြင်ရေးခရီးအတွက် ယာဉ်ရထားလို ဖြစ်နေတဲ့ အတတ်ပညာတွေ ရှာမှီးပါ။ နေ့တိုင်းမှာ တစ်လှမ်းဖြစ်ဖြစ် အောင်မြင်မှုဆီ တိုးသွားတဲ့ ခြေလှမ်းတွေ လှမ်းသွားပါ။

(၃) အကောင်းမြင်ပါ

balanced mindset

Photo: Unsplash

ကြိုးစားရင်း ရှုံးသွားနိုင်ပါတယ်။ ရှုံးတဲ့အခါမှာ အကောင်းမြင်စိတ်နဲ့ ပြန်ထနိုင်ဖို့က အရေးကြီးပါတယ်။ သင့်ကို ကျရှုံးစေတာ အခက်အခဲ နဲ့ စိန်ခေါ်မှုတွေ မဟုတ်ပါဘူး။ နောက်တစ်ကြိမ် မကြိုးစားခြင်းက တရားခံပါ။ သင်ကိုယ်တိုင် အကောင်းမြင်စိတ်နဲ့ ရှေးရှုပြီး အောင်မြင်ရမယ်ဆိုတဲ့ ပြတ်သားခိုင်ကျည်တဲ့ စိတ်နဲ့ ရုန်းထမယ်ဆိုရင် တစ်ချိန်မဟုတ် တစ်ချိန် အောင်မြင်မှာ အမှန်ပါပဲ။

အောင်မြင်မှုခရီးဆီ ဦးတည်ထွက်ခွာလာတဲ့အခါ ပြဿနာတွေအပေါ် ရှုထောင့်ပြောင်းကြည့်တတ်ဖို့ လိုပါတယ်။ အခြေအနေတစ်ရပ်ကို ပိုကောင်းတဲ့ အပြုသဘောဘက်ကနေ ပြန်တွေးဖို့ ကြိုးစားပါ။ အလွယ်တကူလက်လျှော့တာ ၊ စိတ်ပျက်လွယ်တာက သင့်အောင်မြင်မှုကို ဖျက်ဆီးမယ့် ရန်သူတွေပါပဲ။

Featured Photo: medium