ပွဲတက် Formal Shoes ဆိုတာ လူလတ်တန်းအရွယ် ယောင်္ကျားလေးတစ်ယောက်အနေနဲ့ တစ်ချိန်မဟုတ် တစ်ချိန်လိုလာနိုင်ပါတယ်။ ဥပမာ- မင်္ဂလာဆောင်ပွဲတက်တာ ၊ အလုပ်အင်တာဗျူးသွားဖြေတာ ၊ အရေးကြီး Meeting တက်ရာမှာလိုမျိုး ဖြစ်ပါတယ်။ မရှိမဖြစ် လိုတာမျိုး မဟုတ်ပေမယ့် တကယ်လို့ Formal Shoes တွေ ဝယ်တော့မယ်ဆိုရင် အခုပြောမယ့် အမျိုးအစားတွေကနေ ရွေးချယ်ဝယ်ယူသင့်ပါတယ်။
(၁) Oxfords

Photo: Esquire
Oxfords shoes တွေကို ယောင်္ကျားစီး Dress Shoes တွေအဖြစ် အစဉ်အဆက်ကတည်းက အသိအမှတ်ပြုထားခဲ့ကြတာပါ။ အရေးပါတဲ့ Formal ပွဲမျိုး တက်ရမယ်ဆိုရင် Oxford Shoes မျိုး စီးဖို့ အရင်ဆုံးစဉ်းစားသင့်ပါတယ်။ Oxford Shoes ဖိနပ်ကောင်းကောင်းတစ်ရံဟာ Dress Shoes တွေရဲ့ ထုံးစံအတိုင်း ဈေးတော့ မြောက်ပါတယ်။ ဒါပေမယ့်လည်း ဝယ်ထားလို့ မမှားတဲ့ ဖိနပ်ဖြစ်လို့ ဦးစားပေးရွေးစရာအဖြစ် ဖော်ပြလိုက်ပါတယ်။
(၂) Derbies

Photo: Esquire
Derbies တွေက Oxfords တွေလောက် Formal မကျတဲ့ Dress Shoes တွေ ဖြစ်ပါတယ်။ ဝတ်စုံပြည့်ဝတ်ရမှာမှ မဟုတ်ရင် Derbies စီးတာ ပိုကောင်းပါတယ်။ Derbies တွေက Jeans တို့ ချည်ဘောင်းဘီတို့နဲ့လည်း ဝတ်လို့ အဆင်ပြေတဲ့ ဖိနပ်တွေ ဖြစ်ပါတယ်။ Derbies တွေကို အလုပ်အင်တာဗျူးကနေ Date Night တွေအထိ စီးနိုင်ပါတယ်။
(၃) Brogues

Photo: Esquire
Brogues တွေက ပရော်ဖက်ရှင်နယ်တွေအစီးများတဲ့ ဖိနပ်ထဲမှာ ပါပါတယ်။ ခြေဦးထိပ်နဲ့ ဘေးဘက်တွေမှာ Pattern ကွက်လေးတွေ ဖော်ထားတဲ့ လယ်သာ Shoes ဖြစ်ပြီး တချို့တွေလည်း Brogues ဖက်ရှင်မျိုးကို သိပ်မကြိုက်တာလည်း ရှိပါတယ်။ Longwings ဆိုပြီး ရှေ့ဖိနပ်ဦးကနေ ဖိနပ်နောက်အထိ ပန်းကွက်အလှဖော်ထားတဲ့ဒီဇိုင်းနဲ့ ခြေဖဝါးတစ်ဝက်လောက် ရောက်တဲ့ Shortwings ဆိုပြီး နှစ်မျိုး ထွက်ပါတယ်။ ကြိုက်ရာ ရွေးချယ်နိုင်ပါတယ်။
(၄) Loafers

Photo: Esquire
Loafers တွေကို အရင်က Casual ဆန်တယ်လို့ ပြောကြပေမယ့် အခုနောက်ပိုင်း Smart Casual တွေ လူကြိုက်များတဲ့ခေတ်မှာ Loafers တွေလည်း ပွဲတက် Dress Shoe ဖြစ်လာပါတယ်။ Loafers တွေရဲ့ အားသာချက်က အသာလေး ခြေလျှိုစီးလို့ ရတာကြောင့် ပေါ့ပါးပြီး ဝန်ကျဉ်းပါတယ်။ ဒီဇိုင်း ရိုးရှင်းပြီး Sleek ဖြစ်တယ်ဆိုတဲ့ ခံစားချက်ပေးပါတယ်။ အခုနောက်ပိုင်းတော့ လူတော်တော်များများဟာ ပွဲတက်ဖိနပ်အဖြစ် Loafers တွေကို ပိုရွေးချယ်လာကြပါတယ်။
Featured Photo: Metro Shoes
