မျက်နှာအသားအရေနဲ့ပတ်သတ်ပြီး အမျိုးသမီးတွေသာမက အမျိုးသားတွေလည်း ဂရုစိုက်ဖို့လိုပါတယ်။ မိန်းကလေးဖြစ်စေ ယောင်္ကျားလေးဖြစ်စေ မျက်နှာပေါ်မှာ ဝက်ခြံတွေ တင်းတိပ်အမဲစက်တွေနဲ့ဆိုရင် ကြည့်ကောင်းမှာမဟုတ်သလို ရှိရင်းစွဲအသက်ထက် ပိုပြီးရင့်ရော်တဲ့ပုံပေါက်နေပါလိမ့်မယ်။

ယောင်္ကျားလေးတစ်ယောက်ဟာ ရုပ်ချောဖို့ထက် မျက်နှာကြည်ကြည်လင်လင်နဲ့ ကြည့်လိုက်တာနဲ့ရှင်းသန့်နေတာမျိုးက ပိုကောင်းပါတယ်။ ဒီတော့ အမျိုးသားတွေအနေနဲ့ ကြည်လင်ဝင်းပတဲ့ မျက်နှာပိုင်ရှင်ဖြစ်ဖို့ လိုက်နာရမယ့်အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) နေလောင်ဒဏ်ကာ ခရမ်င်လိမ်းပါ

Man Applying Sunscreen

Photo : The Indian Express

ခရမ်းလွန်ရောင်ခြည်ဟာ နုနယ်တဲ့အသားအရေကို ဆိုးဆိုးရွားရွာပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့်အသားအရေကို ပြင်းထန်တဲ့ နေရောင်ခြည်ဒဏ်က ကာကွယ်နိုင်ဖို့ အပြင်ထွက်ခါနီးတိုင်း SPF အနည်းဆုံး 30 ပါဝင်တဲ့ sunscreen လိမ်းပေးဖို့လိုပါတယ်။

(၂) Exfoliate လုပ်ပါ

Man Exfoliating

Photo : Glyder

Exfoliate လုပ်တယ်ဆိုတာ မျက်နှာအရေပြားပေါ်က ဆဲလ်သေတွေကိုဖယ်ရှားခြင်းလုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ အရေပြားအပေါ်ယံက ဆဲလ်သေတွေကိုဖယ်ရှားသန့်စင်ပေးတဲ့အတွက် ကြည်လင်ဝင်းပတဲ့မျက်နှာအသားအရေကို ရစေမှာဖြစ်ပါတယ်။ အဆီပြန်ပြီးဝက်ခြံထွက်လွယ်တဲ့အသားအရေပိုင်ရှင်တွေက တစ်ပတ်ကိုနှစ်ကြိမ်ခန့် Exfoliate လုပ်နိုင်ပြီး အသားခြောက်သူတွေ sensitive skin သမားတွေကတော့ တစ်လကို တစ်ကြိမ် သို့ နှစ်ကြိမ်ခန့် Exfoliate လုပ်ပေးသင့်ပါတယ်။

(၃) အစိုဓာတ်ထိန်းပါ

Man take BB creams

Photo : Lifestyle Asia

ကျန်းမာပြီး နုပျိုလန်းဆန်းတဲ့အသားအရေကို ရဖို့ဆိုရင် အသားအရေအစိုဓာတ်ထိန်းခြင်းကို မေ့ထားလို့ မရပါဘူး။ မျက်နှာသန့်စင်ဆေးကြောပြီးချိန် ၊ ရေချိုးပြီးချိန်တိုင်းမှာ အသားအရေကို အစိုဓာတ်ပြည့်ဝနေစေမယ့် moisturizing cream တစ်ခုခုလိမ်းပေးဖို့လိုပါတယ်။ တစ်နေ့တာမှာလည်း ရေဓာတ်ပြည့်ဝနေစေဖို့ ရေများများသောက်တာ ရေဓာတ်ဖြည့်အသီးနှံတွေစားတာမျိုးလုပ်ပေးပါ။

(၄) အိပ်ရာမဝင်ခင် မျက်နှာသစ်ပါ

Man Cleaning Face

Photo : iStock

မျက်နှာအရေပြားပေါ်မှာ တစ်နေ့တာလုံးဖုန်နဲ့အညစ်ကြေးတွေများစွာ ကပ်ညှိတွယ်နေနနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာမဝင်ခင်အချိန်မှာ မျက်နှာကိုသေချာဆေးကြောသန့်စင်ပြီး night cream လိမ်းတာမျိုးလုပ်ပေးရပါမယ်။ ဒါမှနောက်တစ်နေ့မနက်မှာ ကြည်လင်လန်းဆန်းပြီး နုပျိုတဲ့မျက်နှာအသားအရေလေးနဲ့ နိုးထလာနိုင်မှာပါ။

(၅) အိပ်ချိန်ဂရုစိုက်ပါ

 Man Sleeping on bed

Photo : JHU Hub

အသားအရေဟာ အိပ်စက်ချိန်အတွင်းမှာ ပျက်စီးသွားတဲ့အရေပြားဆဲလ်သစ်တွေ တဖန်ပြန်လည်မွေးဖွေးခြင်းကို လုပ်ပါတယ်။ ဒါကြောင့် အိပ်စက်ခြင်းနှင့်အသားအရေနုပျိုလန်းဆန်းခြင်းဟာ တိုက်ရိုက်ဆက်နွယ်နေတာပါ။ လူတစ်ယောက်ဟာ အိပ်ချိန်ပြည့်ဝဖို့ တစ်ရက်ကို ၈ နာရီအနည်းဆုံးကောင်းစွာအိပ်စက်အနားယူပေးရမှာဖြစ်ပါတယ်။

Featured Photo : FashionBeans