ဆောင်းဝင်ပြီဆိုရင် ဆောင်းဖက်ရှင်နဲ့ ဖြတ်သန်းရတော့မှာပါ။ များသောအားဖြင့် ဆောင်းရာသီလို ချမ်းအေးတဲ့ကာလအတွက် Sports Coat တွေ ၊ လက်ရှည် Long-Sleeve Wovens တွေ ၊ ဆွယ်တာ နဲ့ Boot တွေက အခရာကျတဲ့ ဖက်ရှင်ပစ္စည်းတွေပါပဲ။ အခုတစ်ခေါက်မှာတော့ ဆောင်းရာသီမှာ နေရာအလိုက် ဝတ်သင့်တဲ့ Outfit အိုင်ဒီယာလေးတွေအကြောင်း အကြံပေးသွားမှာပါ။

man-shopping

Photo; lastlongerrightnow

အရင်ဆုံး အလုပ်မှာ ဝတ်ဖို့ ‌ဆောင်းတွင်းဝတ်ဖက်ရှင်ဒီဇိုင်းအကြောင်း ပြောချင်ပါတယ်။ အလုပ်မှာ ဝတ်မယ်ဆိုရင် သပ်သပ်ရပ်ရပ်ရှိဖို့နဲ့ လူကြားသူကြားထဲမှာ စမတ်ကျနေဖို့က အဓိကပါပဲ။ ဒီတော့ Smart Classic ဒီဇိုင်းမျိုးကို အခြေခံပြီး စဉ်းစားဖို့ လိုပါတယ်။ Classic ဖြစ်မယ့် Dress Shirt နဲ့ Pant ကို အပေါ်မှာ Sports Coat ဒါမှမဟုတ် Blazer ကုတ်အပါးနဲ့ ထပ်ဝတ်နိုင်ပါတယ်။

Sports Coat ကို Layering ဝတ်မယ်ဆိုရင် Pattern ဒီဇိုင်းမျိုးက ဆောင်းတွင်းနဲ့ ပိုလိုက်ဖက်ပါတယ်။ Plaid ကွတ်တွေက အမြင်ဆန်းပြီး သပ်ရပ်တယ်လို့ ခံစားရစေလို့ ဖြစ်ပါတယ်။ အညိုရောင် Oxford Shoe ကို လယ်သာခါးပတ်အညိုနဲ့ တွဲဝတ်ပြီး နာရီကောင်းကောင်းတစ်လုံး ပတ်ထားရင် ဖက်ရှင်အတွက် အဆင်ပြေပါတယ်။ ဆောင်းတွင်းမှာ ဝတ်မှာ ဖြစ်လို့ ကာလာတွေကို သိပ်မတောက်ဖို့လည်း သတိထားသင့်ပါတယ်။

အလုပ်ပိတ်ရက်ရောက်လို့ အပြင်ထွက် ထသွားလာသွား ဝတ်မယ်ဆိုရင် Pant အစား Denim Jean ဖက်ရှင် ဝတ်နိုင်ပါတယ်။ Slim Fit Cutting နဲ့ Jeans Pant ကောင်းကောင်းကို အရောင်ရင့်ရင့် ရွေးချယ်ပါ။ Weekend မှာ သက်တောင့်သက်သာရှိဖို့အတွက် Coat အစား ဆွယ်တာဖက်ရှင်ဝတ်သင့်ပါတယ်။ Sweater ကာလာကို နည်းနည်းတောက်ပြီး အောက်က အရောင်နဲ့ Contrast ဖြစ်နေပါစေ။ ဖိနပ်ကိုတော့ Chukka Boots စီးရင် အဆင်ပြေပါတယ်။

Man Choosing Clothes

Photo: insidehook

တကယ်လို့ ဘော်ဒါတွေနဲ့ ချိန်းထားလို့ Night Out ထွက်တော့မယ်ဆိုရင်တော့ သီးသန့်ဖက်ရှင် ရွေးရမှာပါ။ အရမ်းမအေးတဲ့အရပ်တွေဆို Floral Shirt လက်ရှည်နဲ့ Pant တွဲဝတ်နိုင်ပါတယ်။ နည်းနည်း သိသိသာသာ အေးနေရင်တော့ Jeans Jacket တစ်ထည်ကောက်ဝတ်ပြီး အောက်မှာ Chelsea Boots လေး စီးသွားသင့်ပါတယ်။

Featured Photo: cheatsheet