လူအမျိုးမျိုး အကြိုက်အမျိုးမျိုးဆိုပေမယ့် တော်တဲ့ထက်တဲ့ Alpha Man တွေကတော့ ယေဘူယျအားဖြင့် အခုပြောပြမယ့် ယမကာအမျိုးအစားတွေကို သောက်လေ့ရှိကြပါတယ်။ ဒါဟာ စီးပွားရေးလောကမှအောင်မြင်နေတဲ့ ယောင်္ကျားတွေ ၊ လုပ်ငန်းရှင်တွေကို စစ်တမ်းကောက်ယူပြီးမှ ရလာတဲ့ result ပါ။ ဒါဆို တကယ့်ယောင်္ကျားတွေ ဘယ်လိုယမကာအမျိုးအစားတွေ သောက်လေ့ရှိလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။
(၁) Whiskey

Photo : View the VIBE
ဝီစကီကတော့ တကယ့်ယောင်္ကျားတွေရွေးချယ်မှုအများဆုံး ယမကာဖြစ်ပါတယ်။ အရသာခပ်ပြင်းပြင်းကိုမှနှစ်ခြိုက်တဲ့ အမျိုးသားတွေအတွက် ဝီစကီဟာ အသင့်တော်ဆုံးဖြစ်ပြီး ယောင်္ကျားပီသကိုပြသတဲ့ Alpha Man တစ်ယောက်ရဲ့ပုံရိပ်ကို မြှင်တင်ပေးနိုင်တဲ့ အကောင်းဆုံး သောက်စရာ ယမကာတစ်မျိုးဖြစ်ပါတယ်။
(၂) Martini

Photo : Sainsbury’s Magazine
ဂျိမ်းစ်ဘွန်းဟာ မာတီနီဆိုတဲ့စကားလုံးကိုအမြဲသုံးလေ့ရှိပြီး မာတီနီက သူ့ရဲ့အနှစ်သက်ဆုံး ယမကာတစ်မျိုးလို့ ဆိုထားပါတယ်။ ဂျင်နဲ့ ဗာမု (Vermouth) ကိုရောစပ်ပြီး သံလွင်သီး သို့မဟုတ် သံပုရာခြမ်းလေးတွေနဲ့ အလှဆင်တဲ့နည်းကတော့ မာတီနီပြုလုပ်တဲ့နည်းတွေထဲက အရိုးရှင်းဆုံးနဲ့အလွယ်ကူဆုံး ဖြစ်ပါတယ်။
(၃) Rum နဲ့ Coke

Photo : Salon.com
ရမ်နဲ့ ကိုလာက အမျိုးသားအများစုကြိုက်နှစ်သက်တဲ့ ယမကာအရောစပ်တစ်မျိုး ဖြစ်ပါတယ်။ အရသာက အရမ်းမပြင်းပဲ ချိုမြမြခါးသက်သက် အရသာရှိတာကြောင့် အခုမှစသောက်မယ့် entry-level ယောင်္ကျားတွေအတွက်လည်း အထူးသင့်တော်ပါတယ်။
(၄) Jack နဲ့ Coke

Photo : Drizly
နောက်ထပ် manly cocktail တစ်မျိုးကတော့ Jack Daniel’s နဲ့ ကိုလာရောစပ်ထားတဲ့ ယမကာအရောစပ်ပါ။ ဝီစကီကြိုက်နှစ်သက်တဲ့ အမျိုးသားအများစု သောက်သင့်တဲ့ ယာမကတစ်မျိုး ဖြစ်ပါတယ်။ အရသာအနည်းငယ်ပြင်းရှသော်လည်း ကိုလာရဲ့အချိုအရသာက သောက်လို့အဝင်ကောင်းစေမှာ ဖြစ်ပါတယ်။
(၅) Gin နဲ့ Tonic

Photo : Mealthy.com
Gin နဲ့ Tonic ရောစပ်လိုက်တဲ့အခါ ထွက်ပေါ်လာတဲ့ အနံ့အရသာက အမျိုးသားတွေအတွက်တော့ လုံးဝအကြိုက်တွေ့စေမှာသေချာပါတယ်။ သံပုရာသီးတစ်စိပ်နဲ့ ပေါင်းစပ်လိုက်တဲ့အခါ မှာတော့ အရသာ ချဉ်တင်တင်လေးနဲ့ အံ့ဖွယ်ရာများပြည့်နှက်နေတဲ့ ကမ္ဘာသစ်တစ်ခုကိုရောက်သွားသလို စွဲမက်ဖွယ်အရသာကိုခံစားရရှိမှာဖြစ်ပါတယ်။
Featured Photo : Picography
