ပေါင်းဆက်ဆံရေးဆိုတာ လူတိုင်းအတွက် အရေးပါတဲ့အခန်းကဏ္ဍတစ်ခုကနေပါဝင်ပါတယ်။ နေ့စဉ်လူတွေများစွာနဲ့ ဆက်ဆံပြောဆိုတဲ့အခါ ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးရှိခြင်းက မည်သည့်ကိစ္စတိုင်းကိုမဆို ပိုမိုလွယ်ကူပြီးမြောက်စေဖို့ကူညီပေးနိုင်မှာပါ။ ဒါဆိုပေါင်းသင်းဆက်ဆံရေးကောင်းအောင် ဘာတွေလုပ်ရမလဲ။ ပေါင်းတတ်သင်းတတ်သူတွေမှာဘယ်လိုအရည်အချင်းတွေရှိလဲဆိုတာလေ့လာကြည့်ရအောင်ပါ။

(၁) ဟာသဉာဏ်ရှိတယ်

 Two Men Laughing

Photo : Pexels

ပျော်ပျော်ရွှင်ရွှင်နဲ့ ဟာသဉာဏ်ရှိခြင်းက လူအများရဲ့ စိတ်ကို ဆွဲဆောင်ခြင်းတစ်မျိုးဖြစ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းသူတိုင်း ဟာသဉာဏ်လေးတွေ ကိုယ်စီရှိတတ်ကြပြီး စကားပြောတဲ့အခါ အမြဲဟာသလေးတွေ ရောပြောတတ်ကာ ကိုယ်နဲ့စကားပြောသူတွေ ပျင်းသွားရတယ်ဆိုတာမျိုး လုံးဝမရှိပါဘူး။

(၂) အလိုက်သိတယ်

 Two men talking over coffee

Photo : Oxford University Press

အလိုက်သိခြင်းဟာ ယဉ်ကျေးခြင်းပါပဲ။ အလိုက်သတိရှိသူဟာ ဘယ်နေရာရောက်ရောက် လူတွေ သဘောကျခံရတဲ့ ပုဂ္ဂိုလ်ဖြစ်နိုင်ပါတယ်။ ပေါင်းသင်းဆက်ဆံရာမှာ အခြေအနေကို နားလည်မှု ရှိရှိနဲ့ ဆက်ဆံတတ်သူကို ဘယ်သူက သဘောမကျဘဲ ရှိပါ့မလဲ။

(၃) စကားပြောကောင်းတယ်

Two Men Talking at coffee shop

Photo : Verywell Health

စကားပြောခြင်း အတတ်ပညာဟာ တစ်သက်လုံး အသုံးဝင်တဲ့ ပညာဖြစ်ပါတယ်။ စကားကို ချိုချိုသာသာ ပြောတတ်ဖို့ ၊ ရိုးရိုးသားသား နူးနူးညံ့ညံ့ ပြောတတ်ဖို့က အလွန်အရေးကြီးပါတယ်။ စကားပြောကောင်းခြင်းဆိုတဲ့ အရည်အချင်းထဲမှာ စကားတတ်တာတင် မဟုတ်ဘဲ သမ္မာဝါစာ စကားကောင်းပြောတတ်ဖို့လည်း လိုအပ်ပါတယ်။

(၄) နားထောင်ပေးတယ်

Two male friends drinking coffee and talking in outdoor cafe. People sitting at table with blurred view in background. Coffee break

Photo : iStock

နားထောင်သူကောင်းတစ်ယောက် ဖြစ်ဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ လူတွေဟာ သူတို့ရဲ့ စကားကို ဂရုတစိုက် နားထောင်သူမျိုးကို နှစ်သက်ကြပါတယ်။ နားထောင်ခြင်းဟာ လူမှုဆက်ဆံရေးမှာ အရေးကြီးဆုံးသော့ချက်တစ်ခုလို့တောင် ပြောနိုင်ပါတယ်။

Featured Photo : Medium