ငွေစုတက်တဲ့ အကျင့်ဟာ ကောင်းမွန်တယ်ဆိုတာ လူတိုင်းသိပေမယ့် တကယ်လက်တွေ့ငွေစုနိုင်ဖို့ကတော့ ထင်သလောက်မလွယ်ကူပါဘူး။ သို့သော်လည်း ပိုက်ဆံစုတာက ကျွန်တော်ဘဝရှေ့ရေးအတွက် ကောင်းမွန်တဲ့အနာဂတ်တစ်ခုတည်ဆောက်ရမှာ အထောက်အကူအများကြီးဖြစ်စေတာကြောင့် မဖြစ်မနေငွေစုဆောင်းဖို့ တိုက်တွန်းချင်ပါတယ်။ ဒီတစ်ခေါက်တော့ ငွေစုချင်တဲ့အမျိုးသားတို့အတွက် အထောက်အကူဖြစ်စေမယ့် အကြံပြုချက်တွေကို မျှဝေပေးချင်ပါတယ်။
(၁) အကြွေးကင်းအောင်နေပါ
Photo : iStock
အကြွေးက သင့်ရဲ့ဝင်ငွေကို ဆုံးရှုံးစေပြီး လစဉ်လတိုင်းအကြွေးသံသရာလည်ကာ ချေးလိုက်ဆပ်လိုက်နဲ့ ငွေစုဖို့ဘက်တောင် လှည့်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ငွေကြေးနဲ့ပတ်သတ်ပြီး အကြွေးမတင်မိအောင်နေပါ။ အကြွေးကင်းတဲ့ဘဝက ပျော်ရွှင်ဖို့ကောင်းပြီး ငွေကြေးစုဆောင်းနိုင်ဖို့အတွက်လည်း ပိုမိုလွယ်ကူစေနိုင်ပါတယ်။
(၂) စာရင်းလုပ်ထားပါ
Photo : iStock
ကိုယ့်ရဲ့ တစ်လတာဝင်ငွေကနေ ဘယ်လောက်ကိုစုငွေစာရင်းထဲထည့်မယ် အသုံးစရိတ်အတွက် ဘယ်လောက်သုံးမယ် စသည်ဖြင့်စာရင်းလေးသေချာလုပ်ထားဖို့လိုပါမယ်။ အသုံးစရိတ်ကိုလည်း မှတ်သားထားပါ။ တစ်လတစ်လဘယ်အရာတွေအတွက် ငွေပိုသုံးနေမိလဲဆိုတာ ကိုယ်ရဲ့အသုံးစရိတ်စာရင်းကနေပြနေမှာဖြစ်တဲ့အတွက် မလိုအပ်ပဲ ငွေကုန်နေတာတွေ ရပ်တန့်နိုင်ပြီး ငွေပိုစုနိုင်မှာဖြစ်ပါတယ်။
(၃) ရည်မှန်းချက်ထားပါ
Photo : iStock
ပိုက်ဆံစုဆောင်းနိုင်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုက ငွေကြေးရည်မှန်းချက်တစ်ခုချမှတ်ခြင်းဖြစ်ပါတယ်။ တစ်နှစ်အတွင်း ငွေဘယ်လောက်စုဆောင်းမယ် ၊ ကားဝယ်မယ် ၊ အိမ်ဝယ်မယ် ၊ အိမ်ထောင်ပြုမယ် စသည်ဖြင့် ကောင်းမွန်တဲ့ ရည်မှန်းချက်တစ်ခုအတွက် သင့်ရဲ့ ပိုက်ဆံစုခြင်းကို စတင်ပါ။ ကိုယ့်ရဲ့ ရည်မှန်းချက်အတိုင်း ခိုင်ခိုင်မာမာစိတ်ပိုင်းဖြတ်ပြီး ငွေစုမယ်ဆိုရင် အမှန်တကယ်ငွေစုဖြစ်ဖို့ ရာခိုင်နှုန်းပိုများပါတယ်။
(၄) အသုံးစရိတ်စိစစ်ပါ
Photo : iStock
ငွေကြေးဆိုင်ရာအခက်အခဲတွေမှာ အဖြစ်အများဆုံးက ဝင်ငွေထွက်ငွေမမျှတခြင်းကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်တစ်လမှာ ကိုယ်အတွက် ဝင်ငွေဘယ်လောက်ရှိတယ် ထွက်ငွေဘလောက်ရှိတယ်ဆိုတာကို စာရင်းပြုစုပါ။ ထွက်ငွေက ကိုယ်ရဲ့ လစဉ်ဝင်ငွေထက်ပိုများနေရင် ငွေစုဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဝင်ငွေထွက်ငွေကိုတွက်ချက်ပြီး အသုံးစရိတ်ကို နည်းစနစ်ကျကျ စီမံခန့်ခွဲနိုင်မယ်ဆိုရင် ငွေစုဖို့အလားအလာပိုရှိလာနိုင်ပါတယ်။
Featured Photo : The Money Club