နေ့ချင်းပြန်ခရီးတိုလေးပဲဖြစ်ဖြစ်၊ ရက်ရှည်ခရီးပဲဖြစ်ဖြစ် သွားချင်ပေမယ့် ဘယ်ကနေစလို့ ဘာလုပ်ရမှန်းမသိတဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ခရီးသွားမယ်ဆိုရင် ဘယ်အရာကနေ စတင်ပြင်ဆင်သင့်သလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

အရင်ဦးဆုံးနေရာအရင်ရွေးပါ

travel tips for men

နေ့ချင်းပြန်ခရီးသွားမယ်ဆိုလည်း ဘယ်နေရာကို သွားမှာလဲ၊ ခရီးအသွားအပြန် ဘယ်နှနာရီလောက် အချိန်ယူမှာလဲဆိုတာကို ထည့်သွင်းစဉ်းစားရပါမယ်။ ခရီးရှည်သွားမယ်ဆိုလဲ ဘယ်နေရာကို သွားမလဲဆိုတာကို ဆုံးဖြတ်ရပါမယ်။ သင့်မှာ သွားချင်တဲ့နေရာတွေ အများကြီးရှိနေတယ်ဆိုရင်တော့ ထိုနေရာတွေကို အရင်ဆုံး တစ်၊ နှစ်၊ သုံး၊ လေး စီထားဖို့လိုပါလိမ့်မယ်။

ရာသီဥတုအခြေအနေ

travel tips for men

သင့်အနေနဲ့ ဘယ်လိုရာသီဥတု အခြေအနေမျိုးမှာ ခရီးသွားရတာကို နှစ်သက်ပါသလဲ။ နွေရာသီဆိုရင်တော့ ကမ်းခြေ (သို့) ချမ်းအေးတဲ့နေရာတွေကို သွားသင့်ပြီး ဆောင်းရာသီဆိုရင်တော့ ပူအိုက်တဲ့နေရာဒေသများကို အလည်သွားသင့်ပါတယ်။ သင့်အနေနဲ့ မိုးရာသီမှာ ခရီးသွားရတာကို ကြိုက်နှစ်သက်ရင်လည်း နေရာတွေကို သေချာရွေးချယ်သင့်ပါတယ်။ တခါတလေမှာတော့ ကိုယ်နေထိုင်ရာဒေသနဲ့ သွားလည်မယ့်ဒေသက ရာသီဥတု မတူတဲ့အခြေအနေမျိုးရှိနိုင်တာကိုလည်း ထည့်တွက်သင့်ပါတယ်။

ဘာနဲ့ ခရီးသွားမှာလဲ

travel tips for men

ရထားနဲ့သွားမှာလား။ Express ကားကြီးတွေနဲ့ သွားမှာလား၊ လေယာဉ်တွေနဲ့ သွားမှာလား။ သင်္ဘောနဲ့သွားမှာလား။ ကိုယ်ပိုင်နကားနဲ့ သွားမှား စတာတွေကို စတင်စဉ်းစားဖို့လိုပါပြီ။ တစ်ခုနဲ့တစ်ခုကတော့ မတူညီတဲ့ခံစားချက်တွေ အကျိုးကျေးဇူးတွေကို ခံစားရရှိစေပါလိမ့်မယ်။

ကိုယ်သွားမယ့်နေရာကို အသေးစိတ်လေ့လာထားပါ

travel tips for men

ကိုယ့်ပြည်တွင်းမှာပဲ ခရီးသွားမယ်ဆိုရင်တော့ ပြဿနာသိပ်မရှိပေမယ့် ပြည်ပသို့ခရီးသွားမယ့်သူများကတော့ သေချာပြင်ဆင်သင့်ပါတယ်။ အသေးစိတ် Research လုပ်ထားမှသာ ကိုယ့်ရဲ့ခရီးက ပျော်စရာလည်းကောင်းမှာဖြစ်သလို ဘေးကင်းလုံခြုံမှုကိုလည်း ခံစားရရှိနိုင်မှာဖြစ်ပါတယ်။

ဘယ်မှာ တည်းမလဲရွေးပါ

travel tips for men

သွားမယ့်နေရာတွေလည်း သေချာရွေးပြီးသွားပြီး။ လေယာဉ်လက်မှတ်၊ ကားလက်မှတ်၊ ရထားလက်မှတ်များလည်း ဝယ်ပြီးပြီဆိုရင်တော့ တည်းခိုမယ့်နေရာကို သေချာရွေးချယ်ထားပါ။ တည်းခိုမယ့်ဟိုတယ်တွေကိုလည်း Review သေချာဖတ်ထားပြီးမှ ဘိုကင်ချိတ်ပါ။ ဝန်ဆောင်မှုမကောင်းတဲ့ ဟိုတယ်ကို ရွေးချယ်မိတဲ့အခါ သင်ပဲ စိတ်ညစ်ရမှာမို့လို့ပါ။

Source: Theadventurousfeet.com

Featured Image Source: Blog.fairfx.com