အောင်မြင်ပြီး ချမ်းသာကြွယ်ဝမှုကို ပိုင်ဆိုင်ရရှိထားတဲ့ Elon Musk ကို စာဖတ်သူတို့အားလုံးပဲ သိပြီးသားဖြစ်ပါလိမ့်မယ်။ သူသည် SpaceX ရဲ့ CEO တစ်ယောက်လည်းဖြစ်သလို စတင်တည်ထောင်သူ၊ အဓိကအင်ဂျင်နီယာအဖြစ်လည်း လုပ်ကိုင်လျက်ရှိပါတယ်။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ Tesla ရဲ့CEO နဲ့ ဗိသုကာပိုင်းကိုလည်း တာဝန်ယူထားတဲ့သူတစ်ယောက်ပါ။ အခြားသော စီးပွားရေးများကိုလည်း ဦးဆောင်လုပ်ကိုင်လျက်ရှိတဲ့အောင်မြင်ကျော်ကြား ချမ်းသာကြွယ်ဝသူတစ်ယောက်ပါ။

သူ ဒီလိုအောင်မြင်ဖို့ရန်အတွက် ဘယ်လိုလျှို့ဝှက်ချက်တွေကို ကျင့်သုံးခဲ့သလဲဆိုတာ အောင်မြင်ချင်တဲ့ ယောကျာ်းများအတွက် ဝေမျှပေးလိုက်ပါတယ်။

Complain နဲ့ Create

tips for men who want to be successful like Elon Musk

ဒီ C နှစ်မျိုးတည်းမှာ သင်သည် ဘယ် C ကို အများဆုံးကျင့်သုံးဖြစ်ပါသလဲ။ ကွန်ပလိန်းကိုသာ အများဆုံးပြုလုပ်နေမယ်ဆိုရင်တော့ သင်သည် အဆိုးမြင်ဝါဒီသမားသာဖြစ်နေပါလိမ့်မယ်။ ကွန်ပလိန်းတက်မယ့်အစား ကြုံတွေ့နေရတဲ့ ပြဿနာအတွက် စိတ်ကူးဉာဏ်ရှိသလောက် ဖန်တီးကြံဆကြည့်မယ်ဆိုရင် အိုင်ဒီယာကောင်းကောင်းတွေ ထွက်လာမှာဖြစ်ပြီး သင့်အလုပ်အတွက် အကောင်းဆုံးဖြစ်လာပါလိမ့်မယ်။

အောင်မြင်မှုအတွက် Plan ချပါ။ သို့သော် ကျရှုံးမှုအတွက်လည်း ပြင်ဆင်ထားပါ

tips for men who want to be successful like Elon Musk

ဘယ်သူမှ အနာဂတ်ကို ကြိုမမြင်နိုင်ပါဘူး။ ကိစ္စရပ်တစ်ခုသည် ကိုယ့်အတွက် အရေးကြီးတယ်ဆိုရင် ရှုံးနိမ့်မှုနဲ့ မရင်ဆိုင်ရအောင် လုံလောက်တဲ့အားထုတ်မှုများ စိုက်ထုတ်ရပါလိမ့်မယ်။ ဒါပေမဲ့ ရရှိလာတဲ့ရလာဒ်က ကိုယ်မျှော်လင့်ထားသလို ဖြစ်မလာခဲ့ဘဲ ရှုံးနိမ့်ခဲ့တယ်ဆိုရင်လည်း ဘာဆက်လုပ်မလဲစဉ်းစားထားရပါမယ်။ Plan A နဲ့ အဆင်မပြေရင် Plan B နဲ့ ဆက်သွားနိုင်ပါတယ်။

Trend နောက်ကို မလိုက်ပါနဲ့

tips for men who want to be successful like Elon Musk

အအောင်မြင်ဆုံးသော ကုမ္ပဏီများသည် ကိုယ်ပိုင်ဖန်တီးများမှု ဖန်တီးကြတယ်လို့ Elon Musk က ပြောကြားထားပါတယ်။ သူတို့သည် Trend နောက်ကို မလိုက်ဘဲ သူတို့ဖန်တီးလိုက်တဲ့အရာက Trend ဖြစ်သွားအောင် ကြိုးစားကြပါတယ်။ ရေပန်းစားခြင်းသည် မတော်တဆရေပန်းစားလာတာမဟုတ်ပါဘူး။ အခြားသူများနဲ့ မတူညီတဲ့အရာကို ဖန်တီးရင်း လူကြိုက်များလာတာပဲဖြစ်ပါတယ်။

အခြားသူများနဲ့ ယှဉ်ပြိုင်မယ့်အစား ကိုယ့်ကိုယ်ကိုယ်နဲ့သာ ယှဉ်ပြိုင်ပါ

tips for men who want to be successful like Elon Musk

အခြားသူများနဲ့ လိုက်လံကာ ယှဉ်ပြိုင်ခြင်းသည် သင့်ကိုလည်း စိတ်ပင်ပန်းစေသလို ရရှိလာတဲ့ခါးသီးပူလောင်မှုဒဏ်ကိုလည်း သင် ခံနိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ကိုယ့်ရဲ့တိုးတက်မှုဖြစ်စဉ်ကိုပဲ အာရုံစိုက်ထားပြီး ကိုယ့်ကိုယ်ကိုယ်နဲ့သာ ယှဉ်ပြိုင်လိုက်ပါ။ ဒါဆိုရင် ကိုယ့်ရဲ့တိုးတက်မှုဖြစ်စဉ်သည် ဘယ်လိုဖြစ်မလဲဆိုတာ မျက်ဝါးထင်ထင်မြင်တွေ့နိုင်ပြီး ကိုယ့်လိုအပ်ချက်များကိုလည်း ဖြည့်တင်းနိုင်ပါတယ်။

Source: Forbes.com

Featured Image Source: Cnbc.com