ကျွန်တော်တို့ မြန်မာအမျိုးသား တော်တော်များများဟာ Suit တွေနဲ့ လက်ပွန်းတတီးသိပ်မရှိကြတာအမှန်ပါ။ အလုပ်အတွက်ဖြစ်စေ ပွဲအခမ်းအနားတွေတက်ရာမှာဖြစ်စေ လိုအပ်မှသာ Suit တွေကိုဝတ်ဆင်ကြတာပါ။ ဒီတော့ Suit တွေနဲ့ပတ်သတ်ပြီး အမှားလေးတွေအများကြီး လုပ်မိတက်ပါတယ်။ ဒါကြောင့် Suit တွေနဲ့သိပ်မရင်းနှီးတဲ့ အမျိုးသားတွေအတွက် ရှောင်ကြဉ်ရမယ့် အမှားလေးတွေကို မျှဝေပေးချင်ပါတယ်။
(၁) ဘော်ဒီနဲ့ Fit ဖြစ်မနေခြင်း
Photo : BBC
Suit တွေကို ကိုယ့် Body Shape နဲ့ ကိုက်ညီအောင် ဝတ်တတ်ဖို့ လိုပါတယ်။ အရမ်းကျပ်နေတာ ၊ အရမ်းကြီးပွနေတာမျိုးမဖြစ်စေပဲ ကိုယ်လုံးကွက်တိကျကျ Fit ဖြစ်နေမှလည်း ကြည့်ကောင်းမှာပါ။
(၂) အရောင်ရွေးချယ်မှုမှားခြင်း
Photo : Singapore Brides
Suit ကာလာရွေးချယ်မှုနဲ့ပတ်သတ်ပြီးလည်း အများဆုံးမှားလေ့မှားထရှိကြပါတယ်။ ကိုယ့်အသားအရောင်နဲ့ ကိုက်ညီမှုရှိတဲ့ ဝတ်စုံကာလာကို ရွေးချယ်ဝတ်ဆင်ဖို့လိုပြီး သွားမယ့်နေရာ ၊ ပွဲအခမ်းအနားနဲ့ ရာသီဥတုပေါ်မူတည်ပြီးလည်း အရောင်တွေပြောင်းလဲဝတ်ဆင်ဖို့လိုပါတယ်။
(၃) အသေးစိတ် ဂရုစိုက်မှုမရှိခြင်း
Photo : Themalestylist
Suit ဝတ်ရာမှာ စမတ်ကျဖို့ရာ အသေးစိတ်ဂရုစိုက်ရမယ့် အချက်တွေလည်းရှိပါသေးတယ်။ Suit နဲ့ တွဲဝတ်မယ့် ရှပ်အင်္ကျီက ပွလွန်းကျပ်လွန်းနေလား ၊ နက်ခ်တိုင်အရောင်လိုက်ဖက်မှုရှိရဲ့လား ၊ နက်ခ်တိုင်ပုံစံကျရဲ့လား ၊ ခါးပတ်ကောင်းကောင်းဝတ်ဆင်ထားလား စသည်ဖြင့် accessories တွေနဲ့ပတ်သတ်ပြီးအသေးစိတ်ဂရုစိုက်မှုရှိဖို့လိုပါတယ်။
(၄) Shoes တွေအပေါ်အာရုံထားမှုနည်းခြင်း
Photo : Posting Planet
လူတွေက သင့်ကို အရင်ဆုံး သတိထားမိတဲ့ အရာက Shoes တွေ လို့ ဆိုကြပါတယ်။ ဒါကြောင့် Suit ဝတ်ရင် Shoes နဲ့ ခြေအိတ်တွေလည်း သတိထားရပါမယ်။ Shoes နဲ့ Suit ကာလာက အရောင်ဟပ်နေဖို့ လိုပါတယ်။ အနက်/အညိုရောင် လယ်သာရှုးစ်တွေ ၊ Oxford နဲ့ Loafers မျိုးတွေလည်း စီးသင့်ပါတယ်။