သက်ရှည်ကျန်းမာဖို့ စားသမျှ အစားအသောက်တွေကို ဂရုစိုက်ဖို့ ပြောကြပါတယ်။ တချို့တွေက အစာအိမ်အလုပ်လုပ်မှု သက်သာအောင် ညစာမစားဘဲ ရှောင်ဖို့အထိ ပြောကြပါတယ်။ ဒါကလည်း တစ်ဦးချင်းကျန်းမာရေးပေါ် လိုက်ပြီး ညစာလုံးလုံးရှောင်တာ ရှိသလို လျှော့စားဖို့လည်း ပြောကြတာပါ။ တကယ်တော့ ကျန်းမာရေးနဲ့အညီ ညစာစားတတ်ရင်လည်း အကျိုးများတာပါပဲ။
ဒါကြောင့် ကျန်းမာရေးနဲ့လည်းညီညွတ်သလို အလွယ်တကူ စီမံချက်ပြုတ်နိုင်မယ့် ညစာလေးတွေအကြောင်း မျှဝေပေးလိုက်ပါတယ်။
(၁) ကန်စွန်းဥအစာသွပ်

Photo: delish
ကန်စွန်းဥမှာ ဘီတာကာရိုတင်း ၊ ဗိုက်တာမင်စီ ၊ ပိုတက်ဆီယမ် နဲ့ အမျှင်ဓါတ်တွေ ကြွယ်ဝတဲ့ အစားအသောက် ဖြစ်ပါတယ်။ ကန်စွန်းဥအစာသွပ်ဖို့ ကန်စွန်းဥတစ်လုံး ပေါင်းပြီး အသီးအရွက် ၊ ပဲ ၊ ကြက်သား ၊ ချိစ်တွေနဲ့ အစာသွပ်ရမှာပါ။
(၂) အသီးအရွက်ကြက်ဥပေါင်း

Photo: HealthLine
ကြက်ဥဟာ အလွယ်တကူချက်ပြုတ်စားသောက်နိုင်တဲ့ ဟင်းလျာတစ်မျိုး ဖြစ်ပြီး ကျန်းမာတဲ့အဆီနဲ့ ပရိုတိန်းတွေ ပြည့်ဝပါတယ်။ အသီးအရွက်ကြက်ဥပေါင်းအတွက် ကြက်ဥနဲ့အတူ ကညွတ် ၊ ဟင်းနုနွယ် ၊ ကန်စွန်းဥ ၊ ကြက်သွန်နီ ၊ ပန်းပွင့်စိမ်း ၊ မှို ၊ ခရမ်းချဉ်သီး စတဲ့ အသီးအရွက်စုံ နဲ့ ချိစ် ၊ အစပ် ၊ ဆေးဖက်ဝင်အရွက်အသီးတို့ လိုပါတယ်။ ကြက်သား ၊ အာလူးနဲ့ ဆယ်လ်မွန်ငါးတွေလည်း ထည့်ပြီး ပေါင်းနိုင်ပါတယ်။
(၃) Dinner Salad

Photo: epicurious
ညစာအတွက် ပေါ့ပေါ့ပါးပါး စားချင်ရင် Dinner Salad လုပ်စားလို့ ရပါတယ်။ Dinner Salad အတွက် အစိမ်းရောင် ဟင်းနုနွယ်ရွက် ၊ အသီးအရွက်စုံ ၊ တရုတ်မုန်လာရွက် ၊ မုန်ညင်း ၊ ငရုတ်ပွ ၊ သခွား ၊ မုန်လာဥနီ ၊ ပန်းပွင့်စိမ်း ၊ ကြက်သွန်နီတို့နဲ့ ကြက်သားကင် ၊ ပုဇွန် ၊ ဆယ်လ်မွန် ၊ ကြက်ဥပြုတ် ၊ ပဲ ၊ ကန်စွန်းဥ စတာတွေ နဲ့ ရောပြီး အသုတ်စုံလုပ်စားလို့ ရပါတယ်။ ကျန်းမာအောင် သံလွန်ဆီလေး ဗင်နီကာလေးတွေနဲ့ ဆမ်းစားသင့်ပါတယ်။
Featured Photo: Pexels
