ချစ်သူကို လက်ဆောင်တော့ပေးချင်ပါရဲ့ ဘယ်ကနေဘယ်လိုစပေးရမလဲမသိဖြစ်နေပြီးလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက ကွီးတို့အတွက်ဖြစ်ပါတယ်။ ချစ်သူကောင်မလေးကို လက်ဆောင်ပေးဖို့စဉ်းစားနေတယ်ဆိုရင် အခုပြောမယ့်အချက်လေးတွေ စဉ်းစားဖို့လိုမှာပါ။
(၁) ဘယ်လိုလက်ဆောင်မျိုးပေးမလဲ
Photo : Baby Chick
လက်ဆောင်ပစ္စည်းဆိုတာ ဈေးအရမ်းကြီးစရာ မလိုပါဘူး။ လက်ကိုင်အိတ်လေးလို ပန်းအိုးလေးလိုလည်း လက်ဆောင်ပေးလို့ ရပါတယ်။ အရမ်း မထူးခြားရင်တောင် အသုံးတည့်တဲ့ ပစ္စည်းလေး ဖြစ်ဖို့ပဲ လိုပါတယ်။
(၂) သူမဘာကြိုက်တက်လဲ
Photo : iStock
အကောင်းဆုံးလက်ဆောင်ပစ္စည်းတစ်ခု ဖြစ်ဖို့ လူတစ်ယောက်ရဲ့ အကြိုက် ဝါသနာကို သိထားတာ အကောင်းဆုံးပါပဲ။ အမှတ်တမဲ့ ပြောခဲ့ဖူးတဲ့ စကားတွေထဲကနေ သူမဘာကြိုက်တတ်သလဲဆိုတာကို မှတ်ထားဖို့ပါပဲ။ တစ်ခါတစ်လေမှာ ပန်းလေးတစ်ပွင့်ပဲ ဖြစ်ပါစေ သူမလိုချင်တဲ့ အရာ ဖြစ်နေရင် တစ်သက်လုံး အမှတ်ရသွားနိုင်ပါတယ်။
(၃) သူမနဲ့ပတ်သတ်ပြီးဘာတွေသိထားသင့်လဲ
Photo : DIY Projects
အမှတ်တရအနေနဲ့ မိန်းကလေးတစ်ယောက်ကို ဂါဝန်တစ်ထည် ဒါမှမဟုတ် ဖိနပ်တစ်ရံ ဝယ်ပေးတော့မယ်ဆိုရင် သူမရဲ့ Size ကိုတော့ သိထားဖို့ လိုပါတယ်။ လက်ဆောင်ပစ္စည်းဝယ်ခါနီးကျမှ ကိုယ်တိုင်း တောင်းတာမျိုးလည်း မဖြစ်စေနဲ့ပေါ့။
Featured Photo : Freepik