များသောအားဖြင့် အမျိုးသမီးတွေဟာ မျက်စိသိပ်လျင်တဲ့ အထဲမှာ ပါပါတယ်။ ဒါကြောင့်ပဲ တစ်ယောက်ယောက်နဲ့ စပြီး တွေ့လိုက်တာနဲ့ ဘယ်လိုပုံစံလဲ ၊ ဘာတွေ ထူးခြားသလဲဆိုတာ သူတို့က ပိုသိကြပါတယ်။ ဒီဆောင်းပါ မိန်းကလေးတွေ စပြီး သတိထားမိသွားတဲ့ အရာတစ်ချို့အကြောင်း ပြောသွားမှာပါ။
(၁) အဝတ်အစား

Photo : Verywell Mind
မိန်းကလေးတွေဟာ စတွေ့တွေ့ချင်းမှာ လူတစ်ယောက် ဘာဝတ်ထားသလဲ ၊ သူ့ဝတ်ပုံအနေအထားက အဆင်ပြေရဲ့လား ချက်ချင်း သတိထားမယ်တယ်လို့ ဆိုပါတယ်။ ဒီတော့ မိန်းကလေးတစ်ယောက်နဲ့ သွားတွေ့မယ်ဆိုရင် အနည်းဆုံး သပ်သပ်ရပ်ရပ်လေး ဝတ်စားသွားဖို့တော့ လိုပါတယ်။
(၂) စကားပြောဆိုပုံ

Photo : Telegraph
စကားပြောဆိုတဲ့ ပုံစံကို လူတိုင်း သတိထားမိတတ်ကြပါတယ်။ မိန်းကလေးတစ်ယောက်ဟာ သူနဲ့ တွေ့သူရဲ့ စကားပြောတဲ့ ပုံစံ ၊ လေယူလေသိမ်းနဲ့ အသံထွက်ပုံစံကို ချက်ချင်း သိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မိန်းကလေးတွေနဲ့ စကားပြောမယ်ဆိုရင် စကားကို အေးအေးဆေးဆေး ရှင်းရှင်းလင်းလင်းနဲ့ အတည်ငြိမ်ဆုံးဖြစ်အောင် ထားပြီး ပြောသင့်ပါတယ်။
(၃) အပြုံး

Photo : Better Topicsမိန်းကလေးတစ်ယောက်နဲ့ တွေ့ချိန်မှာ ပြုံးပြလိုက်တာက ဆွဲဆောင်မှု ရှိစေပါတယ်။ နောက်တစ်ချက်က အဲ့ဒီအပြုံးကိုလည်း သူမက မှတ်မိနိုင်တာကြောင့်ပါ။ မိန်းကလေးတွေအများစုဟာ သူတို့နဲ့တွေ့တဲ့သူတွေရဲ့ အပြုံးကို အမြဲတမ်း သတိထားမိတယ်လို့ ဆိုပါတယ်။
(၄) အပြုအမူ

Photo : Best Life
သင့်ကိုယ်ဟန်အမူအယာဟာ သင့်အကြောင်း ပြောနေပါတယ်။ မိန်းကလေးတစ်ယောက်နဲ့ တွေ့ချိန်မှာ သင့်ကိုယ်သင် ထိန်းချုပ်နိုင်ကြောင်း ပြသပါ။ မိန်းကလေးတွေဟာ သင့်ရဲ့ အပြုအမူကို ဖတ်ရှုနေတယ်ဆိုတာ သိထားသင့်ပါတယ်။
Featured Photo : Zoosk
