ကိုယ့်ကိုယ်ကိုယ်ချစ်တက်ဖို့ ဘာကြောင့်အရေးကြီးတယ်ထင်ပါသလဲ။ ကိုယ့်ရဲ့ခန္ဓာကိုယ်ပုံစံအတိုင်း လက်မခံပေးဘဲ စိုးရိမ်နေတာက စိတ်ဖိစီးမှုနဲ့တခြား စိတ်ပိုင်းဆိုင်ရာပြသနာတွေကိုဖြစ်စေနိုင်ပါတယ်။ အခုပြောပြပေးမှာ သင်အပါအဝင် လူတိုင်းဟာကိုယ့်ရဲ့ခန္ဓာကိုယ်ပုံပန်းသဏ္ဍန်အတိုင်းလက်ခံပြီး ပျော်ပျော်ရွှင်ရွှင်နေသင့်တယ်ဆိုတဲ့အချက် ၄ ချက်ကို ပြောပြပေးမှာပါ။
(၁) ကောင်းကောင်းဝတ်စားပါ

Photo : The Independent
သင်ဟာအခုထိသင်နဲ့မတော်တော့တဲ့ ဂျင်းဘောင်းဘီတထည်ထဲကိုပဲ ဆက်ဝတ်ဖြစ်နေတယ်ဆိုရင် ဒီအကျင့်ကို စွန့်လွှတ်ရမယ့်အချိန်ရောက်ပါပြီ။ အဝတ်ဟောင်းတွေကိုပဲ ဝတ်နေတာက သင်ဟာအရင်နဲ့မတူတော့ဘဲ ပြောင်းလဲနေပြီဆိုတာကို သင့်ကိုယ်သင်လက်မခံချင်အောင်လုပ်နေသလိုပါပဲ။ ဒီနေ့ပဲ သင့်နဲ့မတော်တော့တဲ့ အဝတ်တွေကို သူများကိုပေးလိုက်ပြီး သင်နဲ့လိုက်ဖက်တဲ့အသုံးအဆောင်တချို့ကိုဝယ်လိုက်ပါ။
(၂) ဆိုရှယ်မီဒီယာခဏရပ်လိုက်ပါ

Photo : Freepik
သင်ယုံချင်မှယုံမယ်ဆိုပေမယ့် ဆိုရှယ်မီဒီယာတွေကသင့်ကိုယ်သင်အပြည့်အဝလက်ခံပေးနိုင်ဖို့ကို ခက်ခဲစေပါတယ်။ ဖုန်းမျက်နှာပြင်ပေါ်က လှပပြည့်စုံတဲ့ ပုံရိပ်တွေ အလှအပစံနှုန်းတွေနဲ့ သင့်ကိုယ်သင်မတိုင်းတာသင့်ပါဘူး။ မြင်ရတဲ့အရာတွေကိုပဲ အားကျနေခြင်းက သင့်ကိုယ်သင့်မကောင်းတဲ့ဘက်ကို စဉ်းစားမိစေပါတယ်။ ဒါ့ကြောင့် လက်ရှိမှာသင်ပိုင်ဆိုင်ထားတဲ့အရာတွေနဲ့ သင့်ဘဝ၊ သင့်အချိန်တွေကို အကောင်းဆုံးဖန်တီးပါ။
(၃) အိမ်မွေးတိရစ္ဆာန်လေးတွေမွေးပါ ဒါမှမဟုတ် Date လုပ်ပါ

Photo : Medical News Today
တကယ်လို့ သင့်မှာချစ်သူရည်စားမရှိသေးဘူးဆိုရင် သဘောကျတဲ့သူတချို့နဲ့ Date လုပ်ကြည့်ပါ။ စိတ်ကူးထဲမှာပဲတွေးတောနေတာထက် လက်တွေ့ဘဝမှာတခြားသူတွေနဲ့အပြန်အလှန်ဆက်သွယ်ကြည့်တာက သင့်ကိုယ်သင်သတိထားမိလာစေပါတယ်။ ဒါမှမဟုတ် ခွေးလေး၊ကြောင်လေးတွေမွေးတာကလည်း စိတ်ဖိစီးမှုကိုပြေလျော့စေပြီး ချစ်ခြင်းမေတ္တာကိုခံစားရစေပါတယ်။
(၄) ကျန်းမာရေးနဲ့ စိတ်ခံစားချက်ကောင်းဖို့ကို အာရုံစိုက်ပါ
![]()
Photo : Healthline
သင့်ရဲ့အာရုံစိုက်မှုကို သင့်ရဲ့ပြင်ပခန္ဓာကိုယ်ပုံပန်းသွင်ပြင်ကနေ သင့်ရဲ့ကျန်းမာရေးနဲ့စားသောက်ပုံတွေဆီကို ပြောင်းလိုက်ပါ။ သင့်အတွက် ကျန်းမာရေးနဲ့မညီညွှတ်တဲ့အစားအသောက်တွေစားတာ ကိုလျော့ပါ။ စိတ်အေး လက်အေးနဲ့လေ့ကျင့်ခန်းလုပ်ဖို့ စတင်ပါ။ ကောင်းမွန်တဲ့စိတ်ခံစားချက်ရှိဖို့နဲ့ ကျန်းမာရေးကောင်းဖို့က တခြား အရာတွေထက်အများကြီး အရေးကြီးပါတယ်။
Featured Photo : Jenny Craig
