ကျွန်တော် အားလုံးဟာ ဖြတ်သန်းတဲ့ရတဲ့လူ့ဘဝသက်တမ်းတစ်လျောက်မှာ အကောင်းဆုံးနေထိုင်ချင်ကြပြီး အသက်အရွယ်အိုမင်းလာချိန်အထိဘဝကို ပျော်ပျော်ရွှင်ရွှင်နေသွားချင်ကြသူတွေပဲ မဟုတ်လား။ ဒီလိုဆိုရင်တော့ ငယ်ရွယ်စဉ်ကတည်းက လိုက်နာစောင့်ထိန်းရမယ့် ဆောင်ရန်ရှောင်ရန်အချက်လေးတွေရှိပါတယ်။

အသက်ငယ်တုန်းမှာ အခုပြောပြမယ့် အချက်လေးတွေကို လိုက်နာမယ်ဆိုရင် အသက်အရွယ်အိုမင်းလာချိန်ထိ သေချာပေါက်ပျော်ရွှင်တဲ့ ဘဝကိုပိုင်ဆိုင်နိုင်မှာပါ။

(၁) မိသားစုနဲ့ သူငယ်ချင််းတွေကို ဦးစားပေးပါ

man spending time with his family

Photo : All Pro Dad

လူမှုဆက်ဆံရေးဟာ အသက်အရွယ်အရ ပျော်ရွှင်မှုရဲ့သော့ချက်တစ်ခုဖြစ်ပါတယ်။ ငယ်ရွယ်စဉ်မှာ ချစ်ရတဲ့မိသားစုဝင်တွေ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ထားကြမယ်ဆိုရင် အသက်ကြီးချိန်မှာ စိတ်ဓာတ်ကျခြင်း အထီးကျန်ခြင်းတွေ ကင်းဝေးစေမှာပါ။ ဒါကြောင့် မိသားစုနဲ့ သူငယ်ချင််းတွေကိုအချိန်ပေးပါ။

(၂) ကျန်းမာရေး ဂရုစိုက်ပါ

Man runner stretching legs preparing for run training

Photo : Healthline

ကျန်းမာခြင်းဆိုတာ ငယ်တုန်းမှာသတိမထားမိပေမယ့် အသက်ကြီးလာချိန်မှာ စကားပြောလာပါလိမ့်မယ်။ မကျန်းမာရင် ဘယ်လောက်ပဲချမ်းသာပြည့်စုံနေပါစေ စိတ်ချမ်းသာပျော်ရွှင်မှုကို ရမှာမဟုတ်ပါဘူး။ ဒါကြောင့် ငယ်ရွယ်စဉ်မှာ ကျန်းမာရေးကိုအထူးဂရုစိုက်ပြီး Healthy Lifestyle တစ်ခုရအောင် နေထိုင်သင့်ပါတယ်။

(၃) ပျော်ရွှင်ရယ်မောစရာတွေဖန်တီးပါ

young people laughing at Party

Photo : The Spruce

အသက်ကြီးလာတာနဲ့အမျှ ပျော်စရာတွေနည်းလာတယ်လို့ ပြောကြတာကြားဖူးကြမှာပါ။ ဘဝရဲ့အလှည့်အပြောင်း‌တွေ လောကဒဏ်တွေကြောင့် ငယ်တုန်းကလောက်မပျော်နိုင်ကြပေမယ့် ငယ်တုန်းမှာ ပျော်စရာကောင်းတဲ့ အမှတ်တရတွေများများဖန်တီးကြမယ်ဆိုရင် တချိန်မှာ ပျော်စရာတွေအဖြစ် အမြဲအမှတ်တရဖြစ်စေမှာပါ။

(၄) သီးခြားကမ္ဘာလေးထဲက အပြင်ထွက်လိုက်ပါ

Man Traveler With Big Backpack

Photo : Travel + Leisure

တစ်ကိုယ်တည်း သီးသီးသန့်သန့် နေထိုင်ရတာကောင်းတယ်ဆိုပေမယ့်လို့ တချို့အချိန်တွေမှာ ကိုယ့်ရဲ့သီးခြားကမ္ဘာလေးထဲက အပြင်ကိုထွက်သင့် ပါတယ်။ ပြင်ပလောကမှာရှိတဲ့ သဘာဝအလှတရားတွေ လူသစ်တွေ ပတ်ဝန်းကျင်အသစ်တွေကို သွားရောက်ဖို့ပါတယ်။ အပြင်လောကမှာ လှပတဲ့သဘာဝတရားတွေ အတွေ့အကြုံအသစ်အဆန်းတွေ စိတ်ဝင်စားစရာအသစ်တွေ မိတ်ဆွေအသစ်တွေ အမြဲရှိပါတယ်။ ဒါကြောင့် ငယ်တုန်းမှာ ခရီးတွေထွက်ပါ ၊ အတွေ့အကြုံအသစ်တွေရှာဖွေပါ ၊ လူသစ်တွေနဲ့မိတ်ဆွေဖွဲ့ပါ။ ပျော်ရွှင်တဲ့ ဘဝသစ်တစ်ကို ရစေမှာပါ။

(၅) ကြိုတင် Plan ချထားပါ

Man Smiling Working Using Computer Laptop

Photo : GOBankingRates

အသက်ကြီးလာချိန် အလုပ်တွေတာဝန်တွေကနေ အနားယူချိန်မှာ ဘယ်လိုပုံစံမျိုး ဖြတ်သန်း သွားတယ်ဆိုတာ ကိုယ့်ကိုယ်ကို ဆန်းစစ်ပါ။ အငြိမ်းစားယူတဲ့ အချိန်ကစလို့ ကမ္ဘာပတ်ခရီးစဉ်တွေ သွားမလား ၊ ဝါသနာပါတဲ့အရာတွေကိုပဲ ဇောက်ချလုပ်ကိုင်သွားမလား စသည်ဖြင့် အနာဂတ်မှာဖြတ်သန်းချင်တဲ့ ဘဝပုံစံကို ကြိုတင်အစီအစဉ်ဆွဲထားဖို့လိုပါတယ်။ နောင်ရေးအတွက် ပိုက်ဆံစုတာ ၊ လုပ်ချင်တဲ့အရာလေးတွေ စာရင်းပြုစုထားတာ စတဲ့ဖြင့် ကြိုတင် Plan ချထားမယ်ဆိုရင်အသက်ကြီးတဲ့အချိန်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ချမ်းသာစွာနေထိုင်နိုင်မှာပါ။

Featured Photo : iStock