သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့ပြီး အတူတူအချိန်ကုန်ဆုံးရတာလောက် ပျော်ဖို့ကောင်းတာမရှိပါဘူး။ ဒါပေမဲ့ တခါတရံမှာ ဘယ်လိုနည်းလမ်းတွေနဲ့ ပျော်ရွှင်စရာများကို ဖန်တီးရမလဲဆိုတာ မေ့သွားတတ်ကြပါတယ်။ ထိုအချိန်မျိုးမှာ အခုဖော်ပြပေးမယ့်နည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။
ဟင်းအတူတူချက်ပြုတ်ပြီး ဒင်နာပါတီ ကျင်းပပါ

အစားအစာများ ချက်ပြုတ်ခြင်းသည် ပျော်ရွှင်စရာကောင်းပါတယ်။ သူငယ်ချင်းများနဲ့ အတူတူချက်ပြုတ်မယ်ဆိုရင် ပိုပျော်ရွှင်ဖို့တောင် ကောင်းပါသေးတယ်။ ဟင်းတစ်မယ်ချက်တဲ့အခါ ကိုယ်က ဟင်း သွားမြည်းပြီး ပြင်လိုက်၊ တခြားသူတွေကလည်း တစ်ယောက်ပြီးတစ်ယောက် လာမြည်းပြီး ပြင်လိုက်နဲ့ ဘယ်လောက်ပျော်စရာကောင်းနေမလဲဆိုတာ တွေးကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။
တောင်တက်ပါ

သူငယ်ချင်းတွေနဲ့ ခရီးအတူတူထွက်ပြီး တောင်တက်ခြင်းသည် အတွေ့အကြုံအသစ်၊ ခံစားချက်အသစ်များကို ပေးစွမ်းပါတယ်။ လေကောင်းလေသန့်လည်းရပြီး ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။
နေ့ချင်းပြန်ခရီးအတူတူသွားပါ

မြို့တွင်းနဲ့ မနီးမဝေး မြို့ပြင်တစ်နေရာသို့ ကားမောင်းထွက်ရင်း ခရီးအတူတူသွားပါ။ နေ့ချင်းပြန်ခရီးသည် ဘာမှများများစားစား စီစဉ်စရာမရှိတဲ့အတွက်ကြောင့် ဘယ်သူမှ အာရုံနောက်ရမှာမဟုတ်ပါဘူး။ ကောက်ကာ ငင်ကာ ထသွားလည်းရတဲ့ ခရီးတိုတစ်မျိုးပါ။
ပရဟိတအလုပ်များ အတူတူလုပ်ပါ

အကူအညီလိုအပ်သူများကို ကူညီခြင်း၊ ပေးကမ်းလှူဒါန်းခြင်းသည် မွန်မြတ်သောအလုပ်တစ်ခုပါ။ ထိုမွန်မြတ်တဲ့အလုပ်ကို သူငယ်ချင်းတွေနဲ့ စုပေါင်းလုပ်ကြတဲ့အခါ ပီတကို ခံစားရမှာဖြစ်ပြီး သင်တို့လည်း အတူတူကုသိုလ်ရမှာပါ။
အားကစား အတူတူပြုလုပ်ပါ

Photo Source: People.com
ကိုယ့်အသင်းနဲ့ကိုယ် တင်းနစ်ကစားတာမျိုး၊ ဘောလုံးကစားတာမျိုး ပြုလုပ်ရင်း အပြိုင်အဆိုင် ငြင်းခုန်ကြတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်နဲ့ ခင်မင်မှုပိုတိုးလာပါလိမ့်မယ်။ မခေါ်နိုင် မပြောနိုင် စိတ်ဆိုးသွားရလောက်တဲ့အထိတော့ မငြင်းခုန်ကြနဲ့ပေါ့နော်။
ပွဲတော် (သို့) ပွဲဈေး (သို့) ရှိုးပွဲများ၊ EDM ပွဲများသို့ အတူတူသွားပါ

ထိုနေရာများသို့ သွားတဲ့အခါ တစ်ယောက်၊ နှစ်ယောက်လောက်နဲ့ သွားတာထက်စာရင် အုပ်စုလိုက် သွားကြတာက ပိုပျော်ဖို့ကောင်းပါတယ်။ ပွဲဈေးများ၊ ရှိုးပွဲများနဲ့ စည်စည်ကားကားပြန်ဖြစ်တဲ့အချိန်မျိုးမှာ သူငယ်ချင်းများနဲ့ အုပ်စုလိုက် လျှောက်လည်ရင်း ပျော်ရွှင်စရာအချိန်များကို ပိုင်ဆိုင်လိုက်ပါ။
Source: Lovepanky.com
Featured Image Source: Flashpack.com
