မိန်းကလေးတိုင်းတော့မဟုတ်ပေမယ့် မိန်းကလေးအများစုသည် မြှောက်ပင့်ချီးမွမ်းစကားကို နှစ်သက်ကြပါတယ်။ သင့်ချစ်သူကောင်မလေးသည်လည်း ထိုထဲမှာပါချင် ပါနိုင်ပါတယ်။
အခုဖော်ပြပေးမယ့် ချီးမွမ်းစကားများသည် သင့်ကောင်မလေးမျက်နှာပေါ်မှာ ရှက်သွေးဖြာလာအောင် ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ သင့်ရဲ့ချီးမွမ်းစကားသည် သင့်ရင်ထဲကလာတဲ့ စစ်မှန်တဲ့စကားဖြစ်ဖို့လိုအပ်ပြီး တစ်ဖက်သားကိုလည်း လေးစားသမှုရှိဖို့လိုအပ်ပါတယ်။
မင်းက ကိုယ့်ကို ပျော်ရွှင်ရယ်မောစေတယ်

ဒီစကားလေးသည် ရိုးရှင်းတဲ့စကားလေးပါပဲ။ ဒါပေမဲ့ သူ(မ)အတွက် ပျော်ရွှင်သွားစေပါလိမ့်မယ်။ အလွန်အကျူးချီးမွမ်းပြောဆိုတဲ့စကားမျိုးမဟုတ်ဘဲ ရိုးရိုးရှင်းရှင်းနဲ့ သူ(မ)အပေါ်မှာ ဘယ်လောက်ချစ်သလဲဆိုတာကို ဖော်ပြနိုင်ပါတယ်။
မင်းရဲ့စတိုင်လ်ကို ကိုယ် နှစ်သက်တယ်

သူ(မ)ကို ဒီလို ဝတ်ပါ။ ဒီလိုမဝတ်နဲ့လို့ ပြောမယ့်အစား သူ(မ)ရဲ့ဝတ်စားပုံဖက်ရှင်ကို အခုလိုလေး ချီးမွမ်းလိုက်တဲ့အခါ တစ်ဖက်သားကိုလည်း လေးစားရာရောက်သလို သူ(မ)ရဲ့ဖြစ်တည်မှုကိုလည်း တန်ဖိုးထားရာရောက်ပါတယ်။ ဒါဆိုရင် သေချာပါတယ်။ သင့်ကောင်မလေးသည် သင်နဲ့ တွေ့ဖို့ချိန်းထားတဲ့အခါ သူ(မ)ရဲ့ဖက်ရှင်ကိုလည်း အမြဲတမ်းပြင်ဆင်နေမှာပါ။
မင်းရဲ့ဆံပင်လေးက လှတယ်

ကိုယ့်ကောင်မလေးက ပုံစံတစ်မျိုးပြောင်းနေတဲ့အခါ သင့်အနေနဲ့ ချီးမွမ်းပေးဖို့လိုပါတယ်။ များသောအားဖြင့် ယောကျာ်းလေးများသည် ကိုယ့်ကောင်မလေးက ဆံပင်ညှပ်ထားတာမျိုး၊ မျက်တောင် ဆက်ထားတာမျိုး စသည်တို့ကို သတိမထားမိကြပါဘူး။
သင့်အနေနဲ့ သူ(မ)ရဲ့ပြောင်းလဲပုံကို ချီးမွမ်းလိုက်တာနဲ့ သင်သည် သူ(မ)ကို အသေးအဖွဲလေးကအစ ဂရုစိုက်ပါလားဆိုတာကို ခံစားရစေပါတယ်။
မင်းမှာ ချိုသာတဲ့အပြုံးလေး ပိုင်ဆိုင်ထားတယ်

လူတိုင်းက သူတို့ရဲ့အပြုံးက ဘယ်လောက်လှသလဲဆိုတာ မသိကြပါဘူး။ သူ(မ)သည် တစ်စုံတစ်ခုကြောင့် စိတ်ဆိုးစိတ်ကောက်နေချိန်၊ ဝမ်းနည်းစိတ်ညစ်နေချိန်မှာ ဟာသလေးတွေပြောပြီး သူ(မ)ကို ပြန်လည်ပျော်ရွှင်လာအောင် ပြုလုပ်လိုက်ပါ။ သူ(မ) ပြုံးရယ်လာတဲ့အခိုက်အတန့်မှာ “မင်းက စိတ်ဆိုး စိတ်ညစ်နေတဲ့အချိန်ထက် ပြုံးရယ်လိုက်ရင် ပိုပြီးချစ်ဖို့ကောင်းသွားတယ်” လို့ ပြောနိုင်ပါတယ်။
အထက်ဖော်ပြပါ ချီးကျူးစကားများနဲ့ ချီးမွမ်းနိုင်ပေမယ့် အခုဆက်လက်ဖော်ပြပေးမယ့် ချီးမွမ်းစကားများကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။
မင်းက မိန်းကလေးပေမယ့် အရပ်ရှည်တယ်နော်။ မင်းရဲ့မိတ်ကပ်တွေက မင်းရဲ့အလှအပကို ဖုံးကွယ်ထားတယ်၊ မိတ်ကပ်မပါတဲ့ သဘာဝအလှက ပိုလှတယ်။ မင်းက တခြားမိန်းကလေးတွေနဲ့ မတူဘူး ဆိုတဲ့ စကားကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ဒီလိုပြောလိုက်ခြင်းအားဖြင့် သင်သည် တခြားမိန်းကလေးတွေကို မလေးစားရာရောက်ပါတယ်။
ဒီလိုဆောင်ရန် ရှောင်ရန်လေးတွေကို သိထားတဲ့အခါ သင့်ကောင်မလေးကို ချီးကျူးပြောဆိုတဲ့အခါ လွယ်ကူသွားတာပေါ့။
Source: Lovepanky.com
Featured Image Source: iStock
