Casual ဖက်ရှင် ဝတ်ရတာ သဘောကျရင် အိတ်ကပ်ပါ Pocket T-Shirt တွေလည်း အကြိုက်တွေ့ကြပါလိမ့်မယ်။ အိတ်ကပ်ပါတဲ့ Pocket Tee တွေဟာ ရိုးရိုး Regular T-shirts တွေထက် စာရင် နည်းနည်း ပိုပြီး သားနား Upscale ကျပါတယ်။ ဒါကြောင့် Casual စတိုင်ထဲက သမရိုးကျ Tee တွေထက် ပိုအထာကျတဲ့ Pocket T-Shirt တွေအကြောင်း မျှဝေလိုက်ပါတယ်။
(၁) Acne Studios Chest Pocket T-Shirt
Photo: Next Luxury
ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့ Classic Color တွေနဲ့ အထွက်များတဲ့ Brand ပါ။ Acne Studios Chest Pocket T-Shirt တွေက Boxy Fit ဆန်ပြီး လည်ဝိုက်ဒီဇိုင်းနဲ့လာပါတယ်။ ချည်သားကလည်း သက်တောင့်သက်သာရှိပြီး လေဝင်လေထွက်ကောင်းတဲ့ ချည်သားနဲ့ ထုတ်ထားတာ ဖြစ်လို့ ရာသီဥတုပူတဲ့ကာလတွေမှာလည်း အဆင်ပြေပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ ဆွဲဆောင်မှုရှိစေဖို့ Denim Jeans ၊ Sneaker ဖက်ရှင်နဲ့ ဝတ်နိုင်ပါတယ်။
(၂) Folk Patch Pocket Slubbed Cotton T-Shirt
Photo: Next Luxury
Folk Patch Pocket Slubbed Cotton T-Shirt တွေက သူ့ချည်းပဲ ဝတ်ဝတ် UndreShirt အနေနဲ့ပဲ ဝတ်ဝတ် ကြည့်လို့ကောင်းတဲ့ တီရှပ်ဖြစ်ပါတယ်။ ချည်သားနဲ့ အလာများပြီး Relaxed Fit ဒီဇိုင်းဖြစ်လို့ ဝတ်ရတာ အရမ်းကြပ်မနေသလို သိပ်လည်း ပွနေမှာ မဟုတ်ပါဘူး။ လည်ဝိုက် Crew Neckline နဲ့လာပြီး ချည်သားအေးလို့ လူကြိုက်မျာပါတယ်။ Jeans ဘောင်းဘီနဲ့ ဖြစ်ဖြစ် Chino Pant နဲ့ ဖြစ်ဖြစ် လိုက်ဖက်ပါတယ်။
(၃) Bonobos Forever Tee
Photo: Next Luxury
Casual Fit ဖက်ရှင်အနေနဲ့ ရွေးချယ်စရာ Pocket Tee တစ်ခုက Bonobos Forever Tee ဖြစ်ပါတယ်။ အရောင် ၁၁ မျိုးအထိ ထွက်ထားပြီး ဈေးချိုတယ်လို့ နာမည်ကြီးပါတယ်။ Casual ဆန်ဆန် ဝတ်နိုင်သလို ရုံးသွားရုံးတက်ဖက်ရှင်အနေနဲ့ Chino ၊ Loafer တို့နဲ့လည်း တွဲဝတ်နိုင်ပါတယ်။
(၄) Todd Snyder Indigo Homespun Slub Pocket T-Shirt
Photo: Next Luxury
ပေါ်တူဂီထုတ် အရည်အသွေးမြင့် T-Shirt ဖြစ်ပြီး Comfy ဖြစ်လို့ လူကြိုက်များပါတယ်။ ဆိုဒ်မှန်ပြီး Body Fit ဖြစ်လို့ ဝတ်ရတာ စိတ်တိုင်းကျတယ်ဆိုပြီး ဖောက်သည်တွေဆီက ထောက်ခံကြပါတယ်။ ပေါ့ပေါ့ပါးပါး ဟိုဟိုဒီဒီ သွားရာမှာ ဝတ်နိုင်သလို ကောင်မလေးနဲ့ ချိန်းထားတဲ့ Date တွေမှာလည်း Dating Outfit အဖြစ် ဝတ်လို့ ရပါတယ်။
Featured Photo: valetmag