ကားမောင်းသမားများအတွက် ကားမောင်းခြင်းအတွေ့အကြုံသည် ကားတစ်စီးရဲ့အသံစနစ်ပေါ် မူတည်တယ်လို့ ဆိုကြပါတယ်။ ကားရဲ့အသံစနစ်မကောင်းပါက ကားမောင်းရင်း သီချင်းနားထောင်တဲ့အခါ နားထောင်လို့ကောင်းမှာမဟုတ်ပါဘူး။
သင့်ကားရဲ့အသံစနစ်ကရော ဘယ်အခြေအနေရှိပါသလဲ။ သင့်အနေနဲ့ သင့်ကားရဲ့စပီကာများကို ပြောင်းချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ကမ္ဘာ့အကောင်းဆုံး ကားစပီကာတံဆိပ်များကို ညွှန်းပေးချင်ပါတယ်။
Focal

Focal ကတော့ ၁၉၇၉ ခုနှစ်တွင် ပြင်သစ်လူမျိုး Jacques Mahul ဆိုသူက စတင်တည်ထောင်ခဲ့တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ သီချင်းချစ်သူများအကြား ရေပန်းစားနေတဲ့တံဆိပ်တစ်ခုပါ။
Kicker

ဒီတံဆိပ်ကိုတော့ ၁၉၇၃ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး ဝန်ထမ်း ၂၀၀ နဲ့ပဲ လည်ပတ်ခဲ့တာပါ။ အခုဆိုရင်တော့ နိုင်ငံပေါင်း ၅၀ နိုင်ငံမှာ တွင်တွင်ကျယ်ကျယ် ရောင်းချနေခဲ့ရပါပြီ။
JBL

JBL ကတော့ ၁၉၄၆ ခုနှစ်တွင် ဈေးကွက်ထဲ စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး မိမိကားထဲမှာ ထိုစပီကာများကို ထည့်သွင်းထားပါက အမိုက်စားခံစားချက်ကို ခံစားရနိုင်မှာပါ။
Pioneer

ဂျပန်တံဆိပ်များကို နှစ်သက်ခုံမင်ကြသူတွေအတွက် Pioneer တံဆိပ်လည်းရှိပါသေးတယ်။ ဒီတံဆိပ်ကိုတော့ ၁၉၃၈ ခုနှစ်က Nozomu Masumoto က စတင်တည်ထောင်ခဲ့တာပါ။
JL Audio

၁၉၇၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ၁၉၈၈ ခုနှစ်မှာတော့ နာမည်ကြီးရေပန်းစားလာခဲ့ပါတယ်။
Boss Audio Systems

Sam Rabbani ဆိုသူသည် သူ့ကားရဲ့စပီကာကို ပြောင်းလဲချင်ပေမယ့် သူ့စိတ်တိုင်းကျတဲ့တံဆိပ်ကို ရှာမတွေ့တဲ့အတွက်ကြောင့် သူကိုယ်တွိင် Boss တံဆိပ်ကို စတင်ပြုလုပ်ခဲ့တာပါ။
Polk Audio

ကယ်လိုဖိုးနီးယားပြည်နယ်၊ San Diego မြို့တွင် ၁၉၇၂ ခုနှစ်တွင် စတင်တည်ထောင်ဲ့ပြီး ထိုအချိန်မှစ သူ့ရဲ့ဂုဏ်သတင်းသည် တဖြည်းဖြည်းကျော်ကြားလာတာပါ။
Alpine

သူ့ရဲ့ငှာနချုပ်ကတော့ ဂျပန်နိုင်ငံ Fukushima စီရင်စုတွင် တည်ရှိပါတယ်။ သူ့ကိုတော့ ၁၉၆၇ ခုနှစ်တွင် စတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။
Kenwood

ဒီဇိုင်းလည်းဆန်းပြီး စပီကာကွာလတီကာ ကောင်းတဲ့အတွက်ကြောင့် ကားချစ်သူများရဲ့နှုတ်ခမ်းဖျားမှာ စွဲနေတဲ့တံဆိပ်တစ်ခုဆိုလည်း မမှားပါဘူး။
Morel

ဒီတံဆိပ်ကိုတော့ ၁၉၇၅ ခုနှစ်တွင် Meir Mordechai ဆိုသူက စတင်တည်ထောင်ခဲ့တာပါ။ သူသည်လည်း သီချင်းများကို သဘာဝဆန်ဆန်နားထောင်လို့ရသော စပီကာတစ်စုံ လိုချင်နေတဲ့အတွက်ကြောင့် စူးစမ်းရှာဖွေရင်း တည်ထောင်ဖြစ်သွားတာပါ။
သင်ရော သင့်ကားရဲ့စပီကာကို ဘယ်အမျိုးအစား အသုံးပြုထားပါသလဲ။
Source: Mynewmicrophone.com
Featured Image Source: Ultra Auto Sound
