ဆံပင်မှာပဲ ခေါင်းလိမ်းဆီအမျိုးမျိုးထွက်ပြီး မျက်နှာအတွက် Face Oil မလိုဘူးလို့ ထင်ရင် မှားသွားပါလိမ့်မယ်။ Skincare လုပ်သူတွေအနေနဲ့ မျက်နှာအတွက် သီးသန့်အဆီ သုံးရပါတယ်။ ဘယ်လိုအဆီအမျိုးအစားတွေကို မျက်နှာအတွက် သုံးကြသလဲ ကြည့်ရအောင်ပါ။
(၁) Cleansing Oil

Photo: mensxp
မျက်နှာသန့်ဆီ Cleaning Oil ဟာ မျက်နှာတစ်ဝိုက်မှာ ရှိတဲ့ အညစ်အကြေး ၊ အဆီနဲ့ ချွေးတွေကို ဖယ်ရှားရှင်းလင်းဖို့ သုံးပါတယ်။ Cleansing Oils တွေက မျက်နှာအစိုထိန်းနိုင်သလို အရေပြားအတွင်း ရေဓါတ်ဖြည့်တင်းထားနိုင်ပါတယ်။ မျက်နှာသစ်ပြီး အသားခြောက်/အက်တယ် Cleansing Oil သုံးပေးဖို့ လိုပါတယ်။
(၂) Pre-Shave Oil

Photo: mensxp
မုတ်ဆိတ်နဲ့ Facial Hair တွေ ရိတ်တော့မယ်ဆိုရင် အသားအရေခြောက်ကပ်ပြီး ထိခိုက်ဒဏ်ရာမရအောင် အရင်ဆုံး Pre-Shave Oil လေး လူးပေးရပါတယ်။ Pre-Shave Oil လိမ်းတာဟာ မုတ်ဆိတ်ဓါးသွားတွေ မုတ်ဆိတ်အစနဲ့ ညပ်တာ သက်သာပြီး အသားအရေလည်း ပိုပြီး နူးညံ့ပျော့ပြောင်းအောင် ကူညီပေးနိုင်ပါတယ်။
(၃) Beard Oil

Photo: mensxp
Facial Hair ရှိသူတိုင်း မုတ်ဆိတ်လိမ်းဆီ Beard Oil မရှိမဖြစ် ဆောင်ထားသင့်ပါတယ်။ Beard Oil တွေက မုတ်ဆိတ်သန်မာစေပြီး မုတ်ဆိတ်ဗောက်ထတာ ၊ အသားအရေခြောက်ကပ် ယားယံတာ သက်သာစေပါတယ်။
(၄) Night Oil

Photo: mensxp
Night Creams တွေလိုပါပဲ။ ညဘက်မျက်နှာလိမ်းတဲ့ Night Oil တွေက ဆဲလ်သစ်တွေ မွေးထုတ်နိုင်ပြီး အသားအရေတင်းရင်းကာ အရွယ်တင်နုပျိုစေနိုင်ပါတယ်။ Night Oil တွေက အရေပြားအပေါ်ဆုံးအလွှာထဲ ထိုးဖောက်ပြီး ဖုန်မှုန့်နဲ့ အညစ်အကြေးတွေ မွေးညင်းပေါက်တွေထဲ မဝင်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အသားအရေကို စိုပြေဝင်းလက်အောင် အာဟာရပြုရာမှာလည်း Night Oil တွေက အခရာကျပါတယ်။
Featured Photo: stryx
