ဘဝမှာ မွန်းကြပ်သလို ခံစားရပြီး အရာရာမှာ အများထက် ခြေတစ်လှမ်းနောက်ကျနေတယ်လို့ ခံစားရခြင်းသည် လူတိုင်း ခံစားရတဲ့ ခံစာချက်တစ်ခုပါပဲ။ ထိုကဲ့သို့သော အခြေအနေမျိုးမှာ စိတ်မလုံခြုံမှု၊ စိတ်ဓာတ်ကျမှုတွေပဲ ခံစားရပြီး ဘယ်လိုစိတ်ဓာတ်ခွန်အား ပြန်လည်ရယူရမလဲဆိုတာ မသိကြတော့ပါဘူး။
ထိုအခြေအနေမျိုး ကြုံတွေ့ရပါက အခုဖော်ပြပေးမယ့်အချက်များကို သတိရလိုက်ပါ။
ပိုပြီး သေးငယ်ပြီး လက်တွေ့ကျတဲ့ ပန်းတိုင်အဖြစ် ပြောင်းလဲလိုက်ပါ
သင့်ရဲ့ရည်မှန်းချက်က ကြီးမားလွန်းတဲ့အခါမျိုး (သို့) သင့်ရဲ့ခွန်းအားတစ်မျိုးတည်းနဲ့ မဖြည့်ဆည်းနိုင်တဲ့ အခါမျိုးရှိတတ်ပါတယ်။ ထိုအခါ သင့်ရဲ့ရည်မှန်းချက်က အစိတ်အပိုင်းသေးသေးလေးများ ခွဲခြားလိုက်ကာ ပိုမိုလက်တွေ့ဆန်သော ရည်မှန်းချက်ပန်းတိုင်များအဖြစ် ပြောင်းလဲလိုက်ပါ။ ဒါဆိုရင် ရည်မှန်းချက်များ ပြည့်မြောက်လွယ်ပြီး စိတ်ဖိစီးမှုလည်း လျော့နည်းသွားပါလိမ့်မယ်။
ကျရှုံးခြင်းသည် သင်ယူလေ့လာခြင်းရဲ့အစိတ်အပိုင်းတစ်ခုပါ
ကမ္ဘာပေါ်ရှိ လူသားတစ်ယောက်ချင်းစီတိုင်း ကျရှုံးခြင်းနဲ့ ရင်ဆိုင်ရပါတယ်။ ဒီအခြေအနေကပဲ လူသားတိုင်းကို တိုးတက်လာအောင် လေ့လာသင်ယူနိုင်အောင် ကူညီပေးခြင်းဖြစ်ပါတယ်။ ဘယ်သူမှ ကျရှုံးခြင်းနဲ့ မလွတ်မြောက်နိုင်ပါဘူး။ ကျရှုံးခြင်းက သင့်ကို ပိုကောင်းတဲ့ ဗားရှင်းဖြစ်အောင် ကူညီပေးပါတယ်။
ကြိုးစားပြီးရင်း ကြိုးစားပါ
ကျရှုံးတဲ့အချိန်မှာ အခက်ခဲဆုံးအရာကတော့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ခွန်အားတက်လာအောင် ကြိုးစားရခြင်းပါပဲ။ ဒါပေမဲ့လည်း ပြန်လည်ခွန်အားတက်အောင် မလုပ်လို့မရပါဘူး။ လက်မြှောက်အရှုံးပေးလိုက်တဲ့အခါ သင့်ရဲ့အောင်မြင်မှုဆီ မရောက်လှမ်းနိုင်တော့ပါဘူး။ ဒါ့ကြောင့် တစ်ကြိမ်လဲကျတဲ့အခါ ပြန်လည်ရုန်းထနိုင်အောင် ကြိုးစားလိုက်ပါ။ နောက်တစ်ကြိမ် ကြိုးစားတဲ့အခါ ဒီ့ထက်ပိုကောင်း ကြိုးစားရပါမယ်။
နည်းလမ်းအသစ်ဖြင့် ကြိုးစားပါ
ထိုကဲ့သို့ ရုန်းထတဲ့အချိန်မှ အရင်တုန်းက အသုံးပြုခဲ့တဲ့ နည်းလမ်းမဟုတ်ဘဲ နောက်ထပ်နည်းလမ်းအသစ်တစ်မျိုးဖြင့် ကြိုးစားကြည့်လိုက်ပါ။ ထိုနည်းလမ်းအသစ်ကလည်း အလုပ်မဖြစ်ဘူးဆိုရင် နောက် နည်းလမ်းအသစ်တစ်မျိုး ပြောင်းသုံးပါ။ ဒါဆိုရင်တော့ ကိုယ်အသုံးပြုတဲ့နည်းလမ်းက ဘယ်နားမှာ လစ်ဟာချက်ရှိနေသလဲဆိုတာ တဖြည်းဖြည်း သိနားလည်လာပါလိမ့်မယ်။
မိမိကိုယ်ကို ကြင်နာပါ
သင်ကိုယ်တိုင်သည် သင့်အတွက် အဆိုးဝါးဆုံးသော ဝေဖန်သူတစ်ယောက်ပါ။ ကိုယ့်ရဲ့ပြစ်ချက်များ၊ အားနည်းချက်များကို များများ ဝေဖန်လေ ကိုယ့်ရဲ့စိတ်က မလုံခြုံလေဖြစ်ပြီး ယုံကြည်ချက်များ တဖြည်းဖြည်း ကျဆင်းလာမှာဖြစ်ပါတယ်။
ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ် မညှာမတာဝေဖန်နေမယ့်အစား ကိုယ့်ကိုယ်ကိုယ် တီးတိုးအားပေးစကားဆိုပါ။ သင့်ကိုယ်သင် ယုံကြည်ပါ။ စိတ်ဓာတ်ခွန်အားပေးပါ။ သင်သည် သင့်အတွက် အကောင်းဆုံးအဖော်မွန်တစ်ယောက်ဖြစ်ဖို့လိုအပ်ပါတယ်။ ဒါမှသာ သင်လိုအပ်တဲ့ Confidence ကို ရရှိပိုင်ဆိုင်နိုင်ပြီး အောင်မြင်မှုကို ဆွတ်ခူးနိုင်မှာပါ။
Source: Lovepanky.com
Featured Image Source: Humanperf.com