သင့်အသားအရေကို ခြောက်သွေ့ကြမ်းတမ်းစေတဲ့ အဓိကတရားခံတွေက ဘာတွေဖြစ်မလဲ။ ရေနွေးပူပူနှင့် ရေချိုးခြင်း၊ သဘက်ဖြင့် ကြမ်းတမ်းစွာ သုတ်ခြင်း၊ ရာသီဥတု ဆိုးဝါးလွန်းခြင်း၊ အသက်အရွယ်ကြီးရင့်လာသည်နှင့် အသားအရေရဲ့သဘာဝအဆီဓာတ်များ တဖြည်းဖြည်းခမ်းခြောက်လာခြင်းတို့ပဲဖြစ်ပါတယ်။
သတင်းကောင်းတစ်ခုကတော့ ထိုကဲ့သို့ အသားအရေခြောက်သွေ့ကြမ်းတမ်းခြင်းကို သင့်အိမ်မှာပဲ သဘာဝနည်းလမ်းများနဲ့ ကုသနိုင်တယ်ဆိုတာပါပဲ။
နည်းလမ်း (၁)

ထောပတ်သီး တစ်ခြမ်းကို ထောပတ်သားများ ခပ်ထုတ်ပြီးနောက် သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ဖြင့် သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် မျက်နှာပေါ် သုတ်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်မှ မိနစ် ၂၀ ခန့်ကြာတဲ့အခါမှာတော့ မျက်နှာသစ်ပေးလိုက်လို့ရပါပြီ။
သင့်အသားအရေက ရေဓာတ်ပြည့်ဝလာသလို ခံစားရပါလိမ့်မယ်။ ထို့နောက်မှာတော့ သင့်မျက်နှာပေါ်တွင် Moisturizer လေး ထပ်ဖြည့်လိမ်းပေးလိုက်မယ်ဆိုရင်တော့ သင့်အသားအရေအတွက် စိတ်ချလို့ရပါပြီ။ ဒီနည်းလမ်းကတော့ မျက်နှာအသားအရေ ခြောက်သွေ့ကြမ်းတမ်းသူများအတွက်ပဲဖြစ်ပါတယ်။
နည်းလမ်း (၂)
အခုဆက်လက် ဝေမျှပေးမယ့်နည်းလမ်းကတော့ ခြေဖနောင့်ကွဲခြင်း၊ လက်နှင့် ခြေထောက်အသားအရေ ကြမ်းတမ်းခြင်းတို့အတွက် အသုံးပြုရမှာပဲဖြစ်ပါတယ်။ အုန်းဆီကို အခန်းအပူချိန်အတိုင်း ထားထားပြီးနောက် လက်နှင့် ခြေဖဝါးတို့တွင် သုတ်လိမ်းပေးလိုက်ပါ။ အိပ်ရာဝင်ခါနီးမှာ လိမ်းကျံပေးရမှာဖြစ်ပါတယ်။ ထို့နောက် လက်အိတ်နှင့် ခြေအိတ်တို့ ဝတ်ဆင်ကာ အိပ်ရာ ဝင်လိုက်ပါ။ ၃ ရက်၊ ၄ ရက်လောက် ပြုလုပ်ပြီးတဲ့နောက်မှာတော့ သင့်ရဲ့ခြေဖနောင့်ကွဲတာလည်း သက်သာသွားပြီး လက်ဖဝါးနှင့် ခြေဖဝါးများလည်း နူးညံ့လာမှာဖြစ်ပါတယ်။
နည်းလမ်း (၃)

သကြား စားပွဲတင်ဇွန်း ၆ ဇွန်းကို သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် သမအောင် ရောမွှေပေးလိုက်ပါ။ ရရှိလာတဲ့ Scrub ကို အသားအရေ ခြောက်သွေ့ကြမ်းတမ်းတဲ့နေရာပေါ်သို့ ညှင်သာစွာ ပွတ်တိုက်ပေးလိုက်ပါ။ (မျက်နှာပေါ် ပွတ်တိုက်ခြင်းကိုတော့ ရှောင်ကြဉ်ရပါမယ်)
၅ မိနစ်လောက်ကြာတဲ့အခါမှာတော့ ရေဆေးချလိုက်ပါ။ ဒါဆိုရင်တော့ သင့်အသားအရေက ချေးညှော်များ ကင်းစင်ပြီး ကြည်လင်ဝင်းပလာပါလိမ့်မယ်။ နောက်ဆုံးအဆင့်အနေနဲ့ကတော့ လိုးရှင်းလေး လူးကာ ရေဓာတ်ဖြည့်တင်းလိုက်ရုံပါပဲ။
Source: Everydayhealth.com
Featured Image Source: Illumiatherapeutics.com

