ကွီးတို့ရဲ့ဖက်ရှင်စတိုင်လ်ကို မြှင့်တင်ရာမှာ အသုံးအဆောင်ပစ္စည်းတွေက သိပ်ကိုအရေးပါပါတယ်။ ဖက်ရှင်အသုံးအဆောင်ပစ္စည်းတွေဟာ လူတစ်ယောက်ရဲ့ ပင်ကိုယ်ရှိရင်းစွဲစတိုလ်ကို ပေါ်လွင်စေတဲ့အပြင် အများနဲ့မတူပဲ ထူးခြားနေစေမှာဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ လူငယ်ဆန်ဆန်နဲ့ အထာကျကျမိမိုက်နေစေဖို့ ကူညီပေးနိုင်မယ့် အမျိုးသားအသုံးအဆောင် ပစ္စည်းလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ဘေ့စ်ဘော ဦးထုပ်

Photo: Unsplash

ဘေ့စ်ဘော ဦးထုပ်တွေဟာ လူငယ်ဆန်တယ် ၊ စတိုင်လ်ကျတယ် ၊ ပေါ့ပေါ့ပါးပါးနဲ့ အမျိုးသားတို့ ဝတ်ဆင်ဖို့ အကောင်းဆုံး ဦးထုပ်ဒီဇိုင်းတစ်မျိုးဖြစ်ပါတယ်။ ဂျင်းဘောင်းဘီ ၊ တီရှပ် ၊ Sneaker အဖြူတို့နဲ့ တွဲဖက်ဝတ်ဆင်လိုက်ရင် လူငယ်ဆန်ပြီး စတိုင်ကျတဲ့ အသွင်ကိုသေချာပေါက် ပေးစွမ်းမှာသေချာပါတယ်။

(၂) လက်ပတ်ကြိုး/ဟန်းချိန်း

 

လက်ပတ်ကြိုး/ဟန်းချိန်းတွေဟာ ကွီးတို့ကိုစတိုင်လ်ကျစေမယ့် ဖက်ရှင်အသုံးအဆောင် ပစ္စည်းတွေထဲကတစ်ခုဖြစ်ပါတယ်။  အထာကျကျ ရင့်ကျက်တဲ့ကွီးတစ်ယောက်ရဲ့ စတိုလ်မျိုးလိုချင်လား ၊ လူငယ်ဆန်ဆန်နဲ့ ဖန်စီကျကျပဲဝတ်မလား အဆင်ပြေပါတယ်။ ကိုယ်သွားမယ့်နေရာပေါ်မူတည်ပြီး ဒီဇိုင်းအမျိုးမျိုးပြောင်းလဲဝတ်ဆင်ကာ ကိုယ့်ရဲ့ဖက်ရှင်စတိုင်လ်ကိုမြှင့်တင်နိုင်မှာဖြစ်ပါတယ်။

 

(၃) နာရီ

Photo : Time To India

စတိုင်လ်ကျတဲ့ အမျိုးသားတစ်ယောက်မရှိမဖြစ်တဲ့ အသုံးအဆောင်တစ်ခုက နာရီပါပဲ။ နာရီဆိုတာ ကွီးတို့ရဲ့အသွင်ပြင်နဲ့ ခန့်ညားမှုကိုပေါ်လွင်မယ့် ပစ္စည်းတစ်ခုပါ။ ရုံးသမား ကျောင်းသားမရွေး နေရာတိုင်းအတွက် လိုက်ဖက်ညီစွာဝတ်ဆင်နိုင်တာကြောင့် နာရီကောင်းတစ်လုံးတော့ ရှိထားဖိုသင့်ပါတယ်။

(၄) ပိုက်ဆံအိတ်

Photo:Unsplash

ပိုက်ဆံအိတ်ကောင်းကောင်းတစ်လုံးက ကွီးတို့အတွက် ဖက်ရှင်ကျတဲ့ပစ္စည်းတစ်ခုဖြစ်သလို နေ့စဉ်ဘဝမှာလည်း မရှိမဖြစ်လိုအပ်ပါတယ်။ဘောင်းဘီအိတ်ထဲပိုက်ဆံတွေထည့်ထားတာထက်စာရင် ပိုက်ဆံအိတ်က အထာကျကျနဲ့ စတိုင်မိုက်နေဖို့ကူညီပေးမှာပါ။