ယမကာဆို ခပ်ပြင်းပြင်းလေးမှကြိုက်တဲ့ အမျိုးသားတွေအတွက်တော့ Rum က အသင့်တော်ဆုံး ဖြစ်ပါတယ်။ များသောအားဖြင့်အအေးပိုင်း ဒေသတွေမှာသောက်လေ့ရှိကြပြီး ရှေးနှစ်ပေါင်းများစွာကတည်းက Rum အရက်ကို ဆေးတစ်မျိုးအဖြစ်လည်း မှီဝဲခဲ့ကြတာဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ Rum သောက်ခြင်းက ဘာတွေကောင်းလဲ ဘယ်လိုအကျိုးကျေးဇူးတွေရစေလဲဆိုတာ မျှဝေပေးသွားချင်ပါတယ်။

(၁) စိတ်ဖိစီးမှုလျော့စေတယ်

Rum For De-Stressing

Photo : Medium

စိတ်ဖိစီးမှုများတဲ့ တစ်ရက်တာကိုဖြတ်သန်းပြီးနောက် အကောင်းဆုံးအနားယူအပန်းဖြေဖို့ဆိုရင် Rum ကသေချာပေါက်ရွေးချယ်သင့်တဲ့ ယမကာတစ်မျိုးပါ။ ၂၀၁၃ ခုနှစ်က လေ့လာမှုတစ်ခုအရ Rum အရက်ဟာ စိတ်ဖိစီးမှုကို လျော့ကျစေပြီး တစ်နည်းအားဖြင့် စိတ်ငြိမ်ဆေးအဖြစ် သောက်လေ့ရှိတယ်လို့ သုတေသီတွေကဆိုထားပါတယ်။ သို့သော် အလွန်အကျွံမသောက်ဖို့တော့ အကြံပြုချင်ပါတယ်။

(၂) ပိုးသတ်ဆေးအဖြစ် သုံးနိုင်တယ်

Effective Antiseptic

Photo : Medium

ထိခိုက်ဒဏ်ရာနဲ့မတော်တဆဒဏ်ရာများအတွက် Rum အရက်ကိုပိုးသတ်ဆေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ Rum နဲ့ ဒဏ်ရာအနာတရများကို ဆေးကြောသန့်စင်နိုင်ပြီး သောက်ပေးပါ နာကျင်မှုဝေဒနာကို သက်သာစေမှာပဲ ဖြစ်ပါတယ်။

(၃) ကိုယ်ခံစွမ်းအားကောင်းစေတယ်

Rum For Immunity

Photo : Medium

Rum မှာ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးတဲ့ ပဋိဇီဝဂုဏ်သတ္တိများ ကြွယ်ဝစွာပါဝင်တဲ့အတွက် အအေးမိခြင်း ဖျားနာခြင်းတွေကို ကာကွယ်ပေးပါတယ်။ ဗြိတိန်စစ်တပ်မှာ စစ်သားတွေကို Rum အရက်ပေးလေ့ရှိကြပါတယ်။ ဘာလို့ဆို Rum အရက်ဟာ ဗီတာမင် C ချို့တဲ့ခြင်းကို ကာကွယ်ပေးပြီး ကိုယ်ခံအားကောင်းစေတာကြောင့်ပါ။

(၄) အမျိုးသားကျန်းမာရေးကောင်းမွန်စေတယ်

Rum Improve Libido

Photo : Medium

အမျိုးသားကျန်းမာရေးဖြစ်တဲ့ ပန်းသေပန်းညိုး ပြဿနာတွေကို ကာကွယ်ဖို့ Rum အသင့်အတင့် သောက်ပေးနိုင်တယ်လို့ အတည်ပြုထားပါတယ်။ Rum အရက်ကို အသင့်အတင့် ပုံမှန်သောက်သုံးပေးမယ်ဆိုရင် အမျိုးသားလိင်အင်္ဂါမသန်စွမ်းမှုကို ၂၅ – ၃၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။

(၅) နှလုံးကိုကျန်းမာစေတယ်

Rum Good for Heart Health

Photo : Medium

သုတေသနပြုချက်များအရ Rum သောက်ခြင်းဟာ နှလုံးကျန်းမာရေးကိုကောင်းမွန်စေပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါများကိုလည်း သက်သာစေတယ်လို့ အတည်ပြုထားပါတယ်။ Rum အရက်အသင့်အတင့် ပုံမှန်သောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်အတွင်းရှိ ကိုလက်စထရောပမာဏကို ကျဆင်းစေမှာဖြစ်ပြီး နှလုံးသွေးကြောကျဉ်းရောဂါကို ကုသနိုင်မှာပဲဖြစ်ပါတယ်။

Featured Photo : The Crafty Cask