လူတိုင်းမှာ ရည်းစားဟောင်း အနည်းဆုံးတစ်တော့ ရှိကြပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်ဘေးနားမှာ ရည်းစားတစ်ယောက်လုံး ရှိလျက်နဲ့ ရည်းစားဟောင်းကို လွမ်းဆွတ်တမ်းတပြီး မမေ့နိုင်ဖြစ်နေခြင်းက လက်ရှိရည်းစားအပေါ် မတရားရာကျပါတယ်။

သင့်ကောင်မလေးက သူ့ရဲ့ရည်းစားဟောင်းကို မမေ့နိုင်သေးဘူးလို့ သင့်စိတ်ထဲ ထင်မှတ်နေပါသလား။ အခုဖော်ပြပေးမယ့် နည်းလမ်းများနဲ့ တိုက်ဆိုင်နေမယ်ဆိုရင်တော့ သင့်ကောင်မလေးသည် သူ့ရည်းစားဟောင်းကို မမေ့သေးပါဘူး။

သူ့ရည်းစားဟောင်းကို မြင်တိုင်း စိတ်လှုပ်ရှားနေသလား

things to know for men whether their girlfriends still miss their ex

Photo Source: Freepik.com

သူ့ရည်းစားဟောင်းနဲ့ လမ်းမှာ မတော်တဆ တွေ့ဆုံလိုက်တဲ့အချိန်တိုင်းမှာ စိတ်လှုပ်ရှားတဲ့ပုံပေါ်နေပါသလား။ သူ့အကြည့်တွေက ရည်းစားဟောင်းဆီကနေ မခွာနိုင်ဖြစ်နေပါသလား။ ဒါဆိုရင်တော့ သေချာပါတယ်။ သူ့ရည်းစားဟောင်းကို မမေ့နိုင်သေးပါဘူး။

သင်နဲ့ သူ့ရည်းစားဟောင်းကို တချိန်လုံး နှိုင်းယှဉ်နေမယ်

things to know for men whether their girlfriends still miss their ex

Photo Source: Lovedevani.com

သင်နဲ့ သူ့ရည်းစားဟောင်းကို အမြဲတမ်း နှိုင်းယှဉ်နေပြီး သင့်ကို မကောင်းတဲ့ဘက်ကပဲ အမြဲတမ်းပြောဆိုနေမယ်ဆိုရင်တော့ ဒါက ကောင်းတဲ့အချက်တော့မဟုတ်ပါဘူး။ တချိန်ချိန်မှာ သင့်ကို စွန့်ပစ်သွားပြီး သူ့ရည်းစားဟောင်းနဲ့ ပြန်ဆက်ဖို့အလားအလာရှိပါတယ်။

သူ့ရည်းစားဟောင်းနဲ့ မကြာခဏ ဆက်သွယ်နေမယ်

things to know for men whether their girlfriends still miss their ex

Photo Source: Askapril.com

ရည်းစားဟောင်းသည် ရည်းစားဟောင်းအတိုင်းပဲရှိနေမှာပါ။ ဘယ်တော့မှ သူငယ်ချင်း မဖြစ်နိုင်ပါဘူး။ တကယ်လို့ သင့်ကောင်မလေးက သူ့ရည်းစားဟောင်းနဲ့ ဆိုရှယ်မီဒီယာတွေပေါ်မျာ အမြဲမပြတ်အဆက်အသွယ်ရှိနေမယ်ဆိုရင်တော့ သူ့စိတ်က မပြတ်သေးကြောင်းဖော်ပြနေတာပဲဖြစ်ပါတယ်။

အသေးအဖွဲလေးကအစ သတိရနေမယ်

things to know for men whether their girlfriends still miss their ex

Photo Source: Lovedevani.com

သီချင်းတစ်ပုဒ် ဖွင့်လိုက်တိုင်း ဒီသီချင်းက သူနဲ့အတူတူ နားထောင်နေကြသီချင်းလေး၊ တစ်နေရာရောက်တိုင်း ဒီနေရာလေးက သူနဲ့အတူတူ သွားနေကျနေရာလေးဆိုပြီး သင့်ကောင်မလေးက မတော်တဆလွှတ်ခနဲပြောမိတာမျိုး ကြုံဖူးပါသလား။

ဒီလိုအခြေအနေမျိုး ကြုံတွေ့ရပါကလည်း သင့်ကောင်မလေးသည် သူ့ရည်းစားဟောင်းကို စိတ်မပြတ်နိုင်သေးကြောင်း ဖော်ပြနေတာပဲဖြစ်ပါတယ်။

သူ့ရည်းစားဟောင်းက ကောင်မလေးအသစ် ရသွားပြီကို ကြားတဲ့အခါ စိတ်တိုဒေါသထွက်နေမယ်

things to know for men whether their girlfriends still miss their ex

Photo Source: Lovedevani.com

သင့်ကောင်မလေးသည် သင်နဲ့ ချစ်သူရည်းစားဖြစ်နေပြီး ပျော်ရွှင်နေရမှာဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရည်းစားဟောင်းရဲ့ ကောင်မလေးအသစ်ရသွားတဲ့သတင်းကို ကြားတဲ့အခါ ဟန်မဆောင်နိုင်ဘဲ စိတ်တိုဒေါသထွက်နေမယ်ဆိုရင်တော့ သူ့ရည်းစားဟောင်းအပေါ် သဝန်တိုနေတာ (သို့) စိတ်မပြတ်နိုင်သေးတာပါ။

ဒီလိုအခြေအနေမျိုး ကြုံတွေ့ပါက သင့်အနေနဲ့ ဘယ်လိုဖြေရှင်းရမလဲ။

သင့်ကောင်မလေးကို ပွင့်ပွင့်လင်းလင်းမေးမြန်းကာ သင်တို့ရဲ့အခြေအနေကို ဆွေးနွေးပါ။ နှစ်ယောက်အတူတူ ဆက်ရှိချင်သေးတယ်ဆိုရင်တော့ သူ့ရည်းစားဟောင်းကို မေ့ပစ်ဖို့ လိုအပ်ကြောင်း၊ မမေ့နိုင်ပါက သင်တို့နှစ်ယောက် လမ်းခွဲသင့်ကြောင်း အကောင်းဆုံးနည်းလမ်းဖြင့် ဖြောင့်ဖျပြောဆိုနိုင်ပါတယ်။ နို့မဟုတ်ရင်တော့ သင်ပဲ စိတ်ညစ်ရမှာမဟုတ်လား။

Source: Lovepanky.com

Featured Image Source: Netluxury.com