ယမကာသမားတွေ ပြောနေကျစကားရှိပါတယ်။ ကိုယ်ကြိုက်တာ ကိုယ်သောက် (Drink Whatever You’d Like) တဲ့။ ယောင်္ကျားတစ်ယောက်ကို ဘာသောက်ပါလို့ တိုက်တွန်းတာမျိုး မလုပ်ဖို့ ပြောကြတဲ့ ဝိုင်းထဲကစည်းကမ်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကိုယ်ကြိုက်တာ ကိုယ်သောက်ပါ။
တစ်ချိန်တည်းမှာလည်း လူသောက်များတဲ့ Manly Drinks တွေအကြောင်း ပြောချင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘားတွေမှာ ယောင်္ကျားတွေ အကြိုက်သောက်ကြတဲ့ ယမကာအမျိုးအစားတွေအကြောင်းလည်း ပြောပြပေးချင်ပါတယ်။
(၁) Irish Car Bomb

Photo: irishcentral
အိုင်ယာလန်မှာ လူမျိုးရေးပြဿနာတွေအကြီးအကျယ်ဖြစ်ချိန်က ကားဗုံးဖောက်ခွဲမှုတွေ ပေါ်ပေါက်ခဲ့တာကို အကြောင်းပြုပြီး ဒီနာမည်ကို ပေးထားတာပါ။ ဒါကြောင့်ပဲ တချို့ ဘားဖျော်စပ်သမားတွေက Irish Car Bomb မှာရင် မလုပ်ပေးတတ်ကြဘူးလို့ ဆိုပါတယ်။ Stout , Irish Cream နဲ့ အိုင်းရစ်ဝီစကီတွေ ပါဝင်ပြီး အရသာခပ်ပြင်းပြင်းကို ခံစားရမှာပါ။
(၂) Whiskey Smash

Photo: themanual
ဒီကော့တေးလ်က အချဉ်ကဲပြီး ပူစီနံအနံ့လေး သင်းနေပါတယ်။ Whiskey Smash မှာ ပူစီနံ ၊ သံပရာ ၊ ဘော်ဘွန်းဝီစကီနဲ့ ကော့တေးလ်စပ်ရာမှာ သုံးတဲ့ Syrup တို့ကို ရေခဲလေးတွေ ခွဲပြီး ထည့်ဖျော်စပ်ထားတာပါ။ အရမ်းမပြင်းသလို အဝင်လည်း မဆိုးတာကြောင့် လူကြိုက်များတဲ့ ယမကာတစ်မျိုးပါပဲ။
(၃) Whiskey On The Rocks

Photo: Men’s Health
ဝီစကီသန့်သန့်ကို အပြင်းသောက်တာမှ ကြိုက်ရင် ရေခဲထည့်ထားတဲ့ခွက်ထဲ ဝီစကီလောင်းထည့်ပြီး သောက်နိုင်ပါတယ်။ ဘော်ဘွန်းဝီစကီကို အသုံးများပါတယ်။ Whiskey ကို On The Rocks သောက်မယ် ပြောရင် ဘားမှာ သင့်ကို Ice Ball ထဲ ဝီစကီဖြည့်ထားတဲ့ ခွက်တစ်ခွက်ယူလာပေးပါလိမ့်မယ်။
(၄) Traditional Absinthe

Photo: thespruceeats
Absinthe လို့ ခေါ်တဲ့ အယ်လ်ကိုဟော ၊ ဆေးဖက်ဝင်အသီးအရွက် ၊ အပွင့်အခေါက်တွေနဲ့ ပေါင်းခံချက်လုပ်ထားတဲ့ ယမကာမျိုးကို Thujone ပါလို့ အန္တရာယ်ကြီးအောင် စိတ်လှုံ့ဆော်နိုင်တဲ့ မူးယစ်ဆေးတစ်မျိုးအဖြစ် အမေရိကန်နဲ့ ဥရောပနိုင်ငံအများအပြားမှာ အပိတ်ခံခဲ့ရဖူးပါတယ်။ ၂၀၁၇ ရောက်မှ FDA က Thujone ကင်းလွတ်ရင် ပြန်ရောင်းခွင့်ပြုလိုက်တာပါ။
Traditional Absinthe ယမကာမှာ Absinthe ၊ သကြားခဲနဲ့ ရေခဲရေတို့ပဲ လိုပါတယ်။ အခုပြောခဲ့တဲ့ ယမကာတွေကတော့ ဘားတွေမှာ Bartenders တွေကို အမှာများတဲ့ ယမကာအမျိုးအစားတချို့ပါပဲ။
Featured Photo: irishcentral
