အခုခေတ်ကိုက ရင်တထိတ်ထိတ်ခေတ်လို့ ပြောရမယ် ထင်ပါတယ်။ တစ်ခုခုဆို ထိတ်ခနဲလန့်ခနဲ ဖြစ်ရတာလည်း ခဏခဏပါပဲ။ ဒါကိုပဲ Panic Attack လို့ ဆိုနိုင်ပါတယ်။ Panic Attack ဖြစ်လာရင် ရုတ်တရပ် သွေးဆုတ်ထိတ်လန့်ပြီး ကြောက်နေမယ် ၊ စိတ်ရှုပ်ထွေးပြီး လန့်နေမယ်။ ပြောရင် စိတ်လှုပ်ရှားပြီး ကြောက်လန့်နေတာကိုပဲ Panic ဝင်နေတယ်လို့ ပြောကြတာပါ။

Panic ဝင်လာရင် ရင်ဘတ်တွေ နာလာမယ်။ နှလုံးခုန်မြန်လာပြီး ‌ချွေးထွက်တာ ၊ တစ်ကိုယ်လုံး တုန်ယင်နေတာ ၊ အသက်ရှုရခက်တာ ၊ ပျို့ချင်အန်ချင်/အစာမကြေချင်သလို ဖြစ်လာတာ ၊ အငြိမ်နေမရတာ ၊ စိတ်လွတ်ပြီး ကယောင်ကတန်းတွေ ပြောဆိုလုပ်ကိုင်နေမိတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုမျိုးဖြစ်လာရင် စိတ်ကို အရင်ဆုံးအေးချမ်းအောင် ထားဖို့ လိုပါတယ်။ ဒါကြောင့် သောကနဲ့ ကြောက်စိတ်တွေ နည်းပြီး စိတ်အေးချမ်းဖို့ နည်းလမ်းလေးတွေ ပေးလိုက်ရပါတယ်။

(၁) Panic Attack ဝင်နေတာကို သိအောင်လုပ်ပါ

Spirituality

Photo: Unsplash

အရင်ဆုံးအချက်က ကိုယ်ဘာကို ကြောက်နေတာလဲ ၊ ဘာကြောင့် ထိတ်လန့်နေတာလဲ သိအောင်လုပ်ပါ။ ဒီလို သိသွားရင် ဒါဟာ ယာယီကိစ္စပဲလို့ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးပါ။ ကြောက်စိတ်အကြောင်းရင်းသိရင် စိတ်အေးအောင်လုပ်ဖို့ လွယ်လာပါမယ်။ Panic ဝင်တာ သိသွားရင်း စိတ်ပူတာကြောင့် ဖြစ်တဲ့ လက္ခဏာတွေ လျှော့ချနိုင်မယ့် တခြားနည်းလမ်းတွေကို အာရုံစိုက်လာနိုင်ပါမယ်။

(၂) မျက်စိမှိတ်ကာ အသက်ရှုပါ

Find your center

Photo: Unsplash

သောကနဲ့ မဖြစ်သေးတာတွေကို ကြိုပြီး တွေးနေမိတာက ပိုပြီး စိုးရိမ်စိတ်ကြီးထွားစေနိုင်ပါတယ်။ သောကများနေပြီဆိုရင် မျက်လုံးတွေ ပိတ်ထားပြီး အသက်ပြင်းပြင်း ရှုပါ။ ဗိုက်အားပြုပြီး အသက်ရှုတာ ၊ စိတ်စိုက်ပြီး အသက်ရှုတာမျိုးကို ၁၀ မိနစ် ၊ မိနစ် ၂၀ လောက် လုပ်ကြည့်ပါ။ စိတ်ဖီစီးမှုကို ဖြစ်စေတဲ့ Cortisol Level ကျစေမှာပါ။
အသက်ပြင်းပြင်း မရှုတတ်ရင်လည်း သတိရှိရှိနဲ့ အသက်ကို ဖြေးဖြေးချင်း ရှုသွင်းလိုက်ရင် စိတ်သက်သာရာရပြီး သက်တောင့်သက်သာနဲ့ နိုးကြားမှုဖြစ်စေပြီး ဒေါသ ၊ ရှုပ်ထွေးမှု ၊ စိတ်ဓါတ်ကျဆင်းမှုတွေ လျော့ကျလာပါလိမ့်မယ်။

(၃) အာရုံစိုက်စရာတစ်ခု ရှာပါ

Zen

Photo: Unsplash

Panic ဝင်လာချိန်မှာ တချို့လူတွေအတွက် စိတ်အာရုံစိုက်ဖို့ အရာဝတ္ထု (Focus Object) တစ်ခုခု ရှိရင် အဆင်ပြေပါတယ်။ တချို့တွေက Focus Object အဖြစ် Patterns ၊ Color ၊ Shapes နဲ့ Size တွေ သီးသန့်သတ်မှတ်ထားပြီး အာရုံစိုက်စရာ လုပ်ပါတယ်။ စိတ်တွေ လှုပ်ရှားလာရင် Focus Object ကို စိုက်ကြည့်ပြီး စိတ်ကို ဖြည်းဖြည်းချင်း ငြိမ်းအေးအောင် လုပ်ရတာ ဖြစ်ပါတယ်။

(၄) ကြွက်သားဖြေလျှော့တဲ့နည်း သုံးပါ

Hands

Photo: Unsplash

ကြွက်သားတင်းတာက စိတ်ရှုပ်ထွေးခြင်းရဲ့ လက္ခဏာပါ။ ကြွက်သားဖြေလျှော့တဲ့နည်းတွေက စိတ်ကြောင့်ဖြစ်တဲ့ ရုပ်တင်းမာမှုကို လျှော့ချနိုင်ပါတယ်။ ကြွက်သားတွေ ပြေလျော့လာလေလေ စိတ်ထဲမှာ တင်းမာမှုတွေဟာလည်း လျော့လျော့သွားမှာပါ။

Featured Photo: silver maple recovery